ယာဉ်မရပ်ရ သတ်မှတ်ထုတ်ပြန်
ကုန်တင်ချခြင်းများမပြုလုပ်ရန် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ အသိပေး ကြေငြာစာ ထုတ်ပြန်ထားသည်။
ထို့ထုတ်ပြန်ကြေငြာချက်အရ နံနက်ပိုင်း ရုံးတက်၊ ကျောင်းတက်ချိန်ဖြစ်သည့် နံနက် ၇း၃၀ နာရီမှ ၉း၃၀
နာရီအချိန်နှင့် ရုံးဆင်း၊ ကျောင်းဆင်းချိန်ဖြစ်သည့် မွန်းလွဲ ၃ နာရီအချိန်မှ ညနေ ၆ နာရီ အချိန်အတွင်း အဓိကလမ်းမကြီးများဖြစ်သည့် ၆၂ လမ်း၊ ၇၃ လမ်း၊ ၇၈ လမ်း၊ လမ်း ၈၀၊ ၈၄ လမ်း၊ ၂၆ လမ်း၊ လမ်း ၃၀၊ ၃၅ လမ်းနှင့် သိပ္ပံလမ်းများ၏ လမ်းဘေးဝဲယာ တို့တွင် မည်သည့် ကိုယ်ပိုင်ယာဉ်၊ အဌားယာဉ်နှင့် ကုန်တင်၊ ခေါက်တိုယာဉ်များမှ ရပ်နားခြင်း၊ ခရီးသည် အတင်အချ ပြုလုပ်ခြင်း၊ ကုန်တင်၊ ကုန်ချ ပြုလုပ်ခြင်း လုံးဝ မပြုလုပ်ရန်ဖြစ်ပြီး အဆိုပါ ထုတ်ပြန်ထားသော စည်းကမ်းများကို လိုက်နာခြင်းမရှိပါက သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ အရေးယူမှုများဆောင်ရွက်သွားမည်ြ