Wednesday, March 16, 2016

နိုင်ငံတော် သမ္မတအဖြစ် ဦးထင်ကျော်အား ရွေးချယ်တင်ေမြှာက်

နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်ပွဲကို ၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တင်မြှောက်သော ဒုတိယသမ္မတများဖြစ်ကြသည့် ဦးထင်ကျော်၊ ဦးဟင်နရီဗန်ထီးယူနှင့် တပ်မတော်မှ တင်မြှောက်သော ဒုတိယ သမ္မတ ဦးမြင့်ဆွေတို့ သုံးဦးအနက် တစ်ဦးကို နိုင်ငံတော် သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက လျို့ဝှက် ဆန္ဒမဲပေးခြင်းဖြင့် မဲခွဲရွေးချယ်ခဲ့ရာ ဦးထင်ကျော်က ထောက်ခံဆန္ဒမဲ ၃၆၀ မဲ၊ ဦးမြင့်ဆွေက ထောက်ခံဆန္ဒမဲ ၂၁၃ မဲ၊ ဦးဟင်နရီဗန်ထီးယူက ထောက်ခံဆန္ဒမဲ ၇၉ မဲရရှိခဲ့ကြသည်။

ထို့ကြောင့် ထောက်ခံမဲ အများဆုံးရရှိသူ ဦးထင်ကျော်သည် နိုင်ငံတော် သမ္မတဖြစ်၍ ဦးမြင့်ဆွေသည် ဒုတိယသမ္မတ-၁ နှင့် ဦးဟင်နရီဗန်ထီးယူသည် ဒုတိယ သမ္မတ-၂ တို့ဖြစ်လာကြသည်။

ယခုရွေးချယ်တင်မြှောက်ခံရသည့် နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများသည် ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုပြီးနောက် နိုင်ငံတော် သမ္မတတာဝန်နှင့် ဒုတိယသမ္မတတာဝန်များကို လွှဲပြောင်းထမ်းဆောင်ကြမည်။
နိုင်ငံတော် သမ္မတအဖြစ် ရွေးကောက်တင်မြောက်ခံရသော ဦးထင်ကျော်သည် ၎င်း၏ အစိုးရအဖွဲ့တွင် ပါဝင်မည့် ဝန်ကြီးများစာရင်းကို မကြာမီရက်ပိုင်းအတွင်း ပြည်ထောင်စုကိုတင်ပြကာ လွှတ်တော်၏ အတည်ပြုချက်ကိုရယူရမည်ဖြစ်သည်။

ဒုသမ္မတ ၃ ဦး ရဲ့ ကိုယ်ရေးအကျဉ်းများ

ဒုသမ္မတ ၃ ဦး ရဲ့ ကိုယ်ရေးအကျဉ်းများ
နိုင်ငံပိုင်သတင်းစာကဖော်ပြ
===================
ဦးထင်ကျော်
ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူတစ်ဦးဖြစ်သည့် ဦးထင်ကျော်မှာ ဦးဝန်(စာရေးဆရာကြီး
မင်းသုဝဏ်)-ဒေါ်ကြည်ကြည်တို့၏ သားဖြစ်ပြီး ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကွမ်းခြံကုန်းမြို့၌ မွေးဖွား
သည်။ ဦးထင်ကျော်သည် ၁၉၆၂ ခုနှစ်တွင် စီးပွားရေးတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် စီးပွားရေး
ပညာဘွဲ့နှင့် ၁၉၆၈ ခုနှစ်တွင် မဟာဘွဲ့ရရှိခဲ့သည်။ ထို့နောက် ဗြိတိန်နိုင်ငံတွင် ပညာဆည်းပူးခဲ့သည်။ ၁၉၇၅
ခုနှစ်တွင် အစိုးရဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးအဆင့်အထိ တာဝန်
ထမ်းဆောင်ခဲ့ကာ ၁၉၉၂ ခုနှစ်တွင်ျ နုတ်ထွက်ခဲ့သည်။ ဦးထင်ကျော်သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏
အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်ပြီး အိမ်ထောင်ရှင်တစ်ဦးဖြစ်ကာ ၎င်း၏ဇနီးမှာ ပြည်သူ့လွှတ်တော် နိုင်ငံတကာ
ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စုစုလွင်ဖြစ်သည်။
ဦးဟင်နရီဗန်ထီးယူ
ထို့ပြင် ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ တစ်ဦးဖြစ်သည့် ဦးဟင်နရီဗန်ထီးယူသည် ချင်းတိုင်းရင်း
သားတစ်ဦး ဖြစ်ပြီး ဦးလျံတလုံး-ဒေါ်ငွန်ပါးရ်တို့၏ သားဖြစ်ကာ ၁၉၅၈ ခုနှစ် ဩဂုတ်လ ၉ ရက်တွင် ချင်းပြည်နယ်
ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာ၌ မွေးဖွားသည်။ ဦးဟင်နရီဗန်ထီးယူသည် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး
တက္ကသိုလ်တို့တွင် ပညာဆည်းပူးခဲ့ပြီး B.ဗ (Dငစ ငည Lတေ)ဘွဲ့ ရရှိခဲ့သည်။ တပ်မတော်အရာရှိတစ်ဦးဖြစ်ပြီး
တပ်မတော်မှ အမှတ်(၁) စက်မှုဝန်ကြီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်၍ ထိုမှ အငြိမ်းစားယူခဲ့သည်။
၎င်းသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး ဇနီးမှာ ဒေါက်တာ ဆွေလွမ်းဖြစ်ကာ သားနှစ်ဦး၊ သမီးတစ်ဦး ထွန်းကား
သည်။
ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ(အငြိမ်းစား)
ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ နောက်တစ်ဦးမှာ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ(အငြိမ်းစား)
ဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ (အငြိမ်းစား)သည် ဦးကြီးမောင်-ဒေါ်ကြည်တို့၏ သားဖြစ်ပြီး ၁၉၅၁ ခုနှစ်
ဇွန်လ ၂၄ ရက်တွင် မန္တလေးမြို့၌ မွေးဖွားသည်။ စစ်တက္ကသိုလ်အမှတ်စဉ် (၁၅)သို့ ၁၉၇၁ ခုနှစ်တွင် တက်ရောက် ခဲ့ပြီး တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၀ ပြည့်နှစ်တွင် တပ်မတော်မှ
အငြိမ်းစားယူခဲ့သည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး
အိမ်ထောင်ရှင်တစ်ဦးဖြစ်ကာ သားတစ်ဦး၊ သမီးတစ်ဦး ထွန်းကားသည်။


သမ္မတကြီးဦးထင်ကျော်ရဲ့ ပထမဆုံး ပြောစကား

ပြည်သူတွေရဲ့အောင်ပွဲပါ 
အမဒေါ်အောင်ဆန်းစုကြည်ရဲ့အောင်ပွဲပါ
 ပြည်သူတွေစေတနာကြောင့် ကျွန်တော်သမ္မတဖြစ်လာတာပါ 
အားလုံးကိုကျေးဇူးတင်ပါတယ်။

ဦးထင်ကျော်အား သမ္မတအဖြစ်ရွေးချယ်ခံတင်မြှောက်ခံရခြင်းအပေါ် တရုတ်အစိုးရအနေဖြင့်အကောင်းဘက်မှရှုမြင်ထားပြီး အစိုးရသစ်လက်ထက်တွင်နှစ်နိုင်ငံဘက်စုံမဟာဗျူဟာမြောက်ဆက်ဆံရေး ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်

မြန်မာနိုင်ငံ၏ဒုတိယအကြိမ်ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှ ဦးထင်ကျော်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းအပေါ် တရုတ်နိုင်ငံအနေဖြင့်မည်ကဲ့သို့သုံးသပ်မည်နည်းဟု မတ် ၁၅ ရက်က ပေကျင်းတွင်ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းခဲ့မှုအပေါ် တရုတ်နိုင်ငံခြားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက 

“မြန်မာနိုင်ငံ ဒုတိယအကြိမ်ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှ ဦးထင်ကျော်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းအတွက်တရုတ်နိုင်ငံက ဂုဏ်ပြုဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ တရုတ်နဲ့မြန်မာနှစ်နိုင်ငံတို့ဟာ အိမ်နီးချင်းနိုင်ငံကောင်းဖြစ်တဲ့အလျောက် ဆွေမျိုးပေါက်ဖော်ချစ်ကြည်မှုအစဉ်အလာ ပိုမိုခိုင်မာလာစေရန်အတွက် ဘက်ပေါင်းစုံမှပူးပေါင်းမှုများကို လက်တွေ့ကျကျ တိုးချဲ့ဆောင်ရွက်ခြင်းဟာ နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံပြည်သူလူထုအတွက် တူညီသောဆန္ဒကိုဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။ တရုတ်နိုင်ငံဟာ မြန်မာအစိုးရသစ်နဲ့လက်တွဲပြီး ပူးပေါင်းဆောင်ရွက်မှုများကို အားသစ်လောင်းပေးနိုင်ရန်မျှော်လင့်ထားကြောင်း၊ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ်ချစ်ကြည်ရေးမူဝါဒကိုဆက်လက်ကျင့်သုံးမည်ဖြစ်ကာ မြန်မာနိုင်ငံ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့်အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဖြစ်စဉ်အတွက်ကြိုးပမ်းမှုအားလုံးကိုထောက်ခံအားပေးမည်ဖြစ်ကာ နှစ်ဦးနှစ်ဖက်တို့၏လက်တွဲကြိုးပမ်းမှုဖြင့် တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံမှုကို ပိုမိုတိုးတက်ခိုင်မြဲလာစေနိုင်မည်ဟုယုံကြည်ထားပါတယ်“ ဟုပြန်လည်ဖြေကြားခဲ့သည်။

问:今天,缅甸新一届联邦议会选举丁觉为缅甸新任总统,中方对此有何评论?

答:缅甸新一届联邦议会选举丁觉为缅甸新任总统,中方对此表示祝贺。
  中缅是友好邻邦,巩固传统“胞波”情谊,扩大各领域务实合作,符合两国和两国人民的共同愿望。中方期待着与缅新政府加强合作。中方将继续奉行对缅友好政策,支持缅方维护稳定、加快发展、推进民族和解进程的努力。相信在中缅双方共同努力下,中缅全面战略合作伙伴关系将进一步得到巩固和加强。

Wednesday, March 9, 2016

နေကြတ်တယ်


မတ်လ ၉ ရက်နေ့ မနက် ၆း၃၀ နာရီလောက်စပြီး တစ်နာရီနီးပါးလောက် နေကြတ်ပါတယ်။
မန္တလေးကနေ နေလုံးဝကြတ်တာကိုတော့ မတွေ့ရပါဘူး။


Sunday, March 6, 2016

မန္တလေးမှာ နေ့အပူချိန် သိသာလာတယ်

အယ်နီညိုလ်လို့ အော်နေကြတော့ ဒီနှစ်နွေအရမ်းပူမှာကို စိုးရိမ်နေမိတယ်။
ရာသီဥတုတွေ ဖောက်ပြန်နေတော့လည်း ဘယ်တတ်နိုင်မလဲ။
ပူသည်ဖြစ်စေ အေးသည်ဖြစ်စေ ဂရုစိုက်ရမှာက ကိုယ့်အပိုင်း။

ဒီရက်ပိုင်းမှာ မန္တလေးမှာ အပူချိန် သိသိသာသာတိုးလာတယ်။
နေ့ပိုင်းမှာ ပိုသိသာတယ်။
မနက်စောစောနဲ့ ညပိုင်းမှာတော့ နေလို့ထိုင်လို့ အဆင်ပြေနေသေးတယ်။
နေ့အပူချိန်တိုးလာတော့ နေ့ခင်းပိုင်းဆိုရင် အပြင်တောင် မထွက်ချင်တော့ဘူး။
တဖြေးဖြေးနဲ့ ပူလာဦးမယ် .......................

Saturday, March 5, 2016

မူဆယ်လမ်းကို ပိတ်အောင်များလုပ်နေသလား

ဖေဖော်ဝါရီလ ၂၉ ရက်နေ့က မူဆယ်က ပြန်ခဲ့တယ်။
လမ်းမှာ ကားစပြီးပိတ်တာနဲ့ ကြုံရတယ်။
ကိုယ်စီးလာတဲ့ ကားဆရာက စပယ်ယာနဲ့ အပေးအယူမျှလို့သာ ပုံမှန်ထက် ၃ နာရီလောက်ပဲ နောက်ကျခဲ့တယ်။
အဲဒီနေ့က စပိတ်လိုက်တာ ၄ ရက်လောက်ကို တက်မရ။ ဆင်းမရနဲ့ လမ်းတွေပိတ်ကုန်တယ်။
မတ်လ ၄ ရက်နေ့ကမှ အတက်၊ အဆင်းကို အချိန်အကန့်အသတ်နဲ့ သွားခိုင်းမှပဲ လမ်းက ပွင့်တော့တယ်။
ဒီနေ့တော့ တော်တော်လေးအဆင်ပြေနေပါပြီ။
အချိန်ပိုင်းနဲ့ အတက်တစ်ကြော၊ အဆင်းတစ်ကြောဆိုတော့ အချိန်ကုန်ပေမယ့် သွားလို့လာလို့တော့ ရတာပေါ့။
ဇန်န၀ါရီလတုန်းကလည်း ပိတ်တာ ၄ ရက်လောက်ကြာတယ်။
အခုလည်း ၄ ရက်လောက်ကြာအောင် ပိတ်နေတယ်။
တကယ်ဆိုရင် လမ်းစည်းကမ်းထိန်းသိမ်းရေးကော်မတီက ပိတ်နေတာသိတာကို ချက်ခြင်း မရှင်းလင်းပေးတာဘူး။
ကားတွေကလည်း စည်းကမ်းမရှိဘူး။
လမ်းတွေကလည်း ကျဉ်းနေတယ်။
မိုးရွာလိုက်ရင် ကားတွေ လမ်းချော်ပြီး ပိတ်ကုန်ရော။
အဲဒီတော့ အတက်တစ်လမ်း၊ အဆင်းတစ်လမ်းဖြစ်အောင် ဖောက်လိုက်ရင်တော့ အဆင်ပြေသွားလောက်မှာ။
ဒီလောက်လူပေါင်းများစွာ သွားလာနေတာကို လေယာဉ်ခရီးစဉ်လည်း စီစဉ်သင့်တယ်။

Friday, February 26, 2016

2008 က ရတနာပုံဈေးမီး တစ်ဈေးလုံးပြောင်

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ရတနာပုံဈေး မီးလောင်ခံခဲ့ရတယ်။
တစ်ဈေးလုံး ပြောင်သွားတယ် ...








Thursday, February 25, 2016

အယ်နီညိုတဲ့ ..... ပူတယ်

ဒေါက်တာထွန်းလွင်ရဲ့ တပ်လှန့်သံ
အယ်နီညို .....
အရင်နှစ်တွေကထက် ပိုပူတယ် ..
မတ်လ၊ ဧပြီလတွေမှာ ပိုပူဦးမယ် ...
ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Friday, October 23, 2015

လခစားအလုပ်ကိုပဲ စိတ်အားသန်နေတယ် ..........

Trade Times ဂျာနယ် အောက်တိုဘာလ ၁ ရက်နေ့မှာ စပြီး ထုတ်ဝေမှုရပ်တယ်။
မန္တလေးတာဝန်ခံအနေနဲ့ ၂ နှစ်တာကာလ လုပ်ခဲ့တဲ့အတွင်းမှာ အလုပ်လုပ်ရတာ အဆင်ပြေတယ်။
ဒီကာလအတွင်းမှာ MJI က Multimedia Journalism Diploma တစ်နှစ်သင်တန်း တက်ရောက် အောင်မြင်ခဲ့တယ်။
လုပ်ငန်းပိုင်းမှာတော့ တိုးတက်မှုမတွေ့ရပေမယ့် ဂျာနယ်ရပ်ခါနီး အင်္ဂလိပ်ဘာသာနဲ့ ဂျာနယ်ကို ၈ ပတ်လောက် ထုတ်ဝေခဲ့သေးတယ်။
ပထမဆုံးလခစားအလုပ်ကိုလုပ်ခဲ့တာဆိုတော့လည်း အလုပ်ရပ်သွားတာ ၀မ်းနည်းသလိုခံစားရတယ်။
ကိုယ်ပိုင်အလုပ်လုပ်ဖို့ထက် လခစား အလုပ်သစ်ကိုရှာဖို့ စိတ်အားသန်နေတယ် .....

Thursday, October 15, 2015

42

ဒီနေ့ ၄၂ နှစ်ပြည့်ပြီ

Tuesday, October 13, 2015

မူဆယ်လမ်းမှာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြန်ပြီ

မူဆယ်ကို တစ်ခေါက်ရောက်ခဲ့ပြန်တယ်
အောက်တိုဘာလ ၉ ရက်နေ့ကသွားပြီး ၁၂ ရက်နေ့ညကားနဲ့ မန္တလေးကို ပြန်ခဲ့တယ်
အသွားက စလွန်းကား စီးလုံးဌားသွားတော့ အဆင့်ပြေတယ်
အပြန်က Power 5 ရဲ့ VIP ကားနဲ့ပြန်လာတာ
ကားကတော့ အဆင်ပြေပါတယ်
တောင်ပေါ်လမ်းဆိုတော့ အခန့်မသင့်ရင် မူးတာလေးပါပဲ
အဆင်မပြေတာက ဘာကြောင့်မှန်းမသိ ကားတွေပိတ်တာ
ပိတ်တာမှ တော်တော်ကိုဆိုးတယ်
ကိုယ်စီးတဲ့ကားက ဂိတ်ကနေ ၃ နာရီဆိုပေမယ့် ၃ ခွဲလောက်မှ စထွက်တယ်
မူဆယ်မြို့မှ နုတ်ခွန်းဆက်သပါ၏ ဆိုတဲ့ဆိုင်းဘုတ်ကျော်ပြီး ဓာတ်ဆီဆိုင်တွေနားရောက်ခါနီးမှာ
ကားတွေစပိတ်တော့တာပဲ
အဲဒီနေရာမှာတင် ၅ နာရီလောက်အချိန်ကုန်သွားတယ်
ဘာကြောင့်ရယ်လို့ သေသေချာချာ မေးလို့မရဘူး
စစ်ဆေးရေးဂိတ်က ကြာတာလိုလို
Mobile Team ကပဲ ရစ်လို့ကြာတာလိုလို
ဟိုလိုလို ဒီလိုလိုနဲ့ ဘယ်ကမှ ကောင်းကောင်းအဖြေမရဘူး
နောက်ဆုံးတော့ ကိုယ်တွေပဲ ဒုက္ခရောက်ကြရတယ်
ညစာစားချိန်ဆိုတော့ ဗိုက်ဆာကြပြီပေါ့
ကြီးကြီးငယ်ငယ် အားလုံး ဗိုက်ဆာလို့ အသံတွေထွက်လာပြီ
ကားပိတ်မိတဲ့နေရာမှာ ဘာမှ ၀ယ်လို့ကမရ
ရှေ့လည်းတိုးလို့မရ နောက်လည်းဆုတ်မရ
ကားသမားတွေကို အကူအညီတောင်းပြီး ဂိတ်ကတစ်ယောက်ယောက်ကို ၀ယ်ပြီး လာပို့ခိုင်းလို့ရနိုင်ဘူးလားဆိုတော့
ဂိတ်ကပိတ်သွားပြီတဲ့
အချိန်က ၇ နာရီလောက်တော့ ရှိနေပြီ
ဂာားဂိတ်ကလည်း အကူအညီမရနိုင်
ဖြစ်ချင်တော့ ယာဉ်မယ်က မူဆယ်သူဖြစ်နေလို့ တော်သေးတယ်
သူ့အိမ်ကိုလှမ်းပြီး ဖုန်းဆက်။ ထမင်းတွေ ဟင်းတွေမှာတယ်
ဒါတောင် သူမှာတာက ကားဆရာတွေအတွက်ပါ
ဒါကိုကြားလို့ ကျွန်တော်တို့ကိုလည်း မှာပေးပါဗျာဆိုတော့မှ စားဖို့အတွက်အဆင်ပြေတယ်

Wednesday, September 2, 2015

သမီး အိမ့်အိမ့်အောင် ၁၀ လပြည့်ပြီ

Nov 2 2014 ကမွေးတဲ့ သမီး အိမ့်အိမ့်အောင် ဒီနေ့ ၁၀ လပြည့်ပြီ

Monday, August 31, 2015

Blog Day 2015


Blog Day 2015

Happy Blog Day 2015 !!!!!

Happy Blog Day 2015 !!!!!

Sunday, August 30, 2015

Blog Day 2015 ကိုသွားကြတယ်

မန္တလေးက Blogger တွေ
ရန်ကုန်မှာကျင်းပမယ် Blog Days 2015 ကို သွားကြတယ်

Friday, August 28, 2015

Mandalay Investment Fair ကျင်းပမည်

Mandalay Investment Fair ကို စက်တင်ဘာလ ၃၀ ရက် Mandalay Hill Resort မှာ ကျင်းပမည်

Tuesday, August 25, 2015

Blog Day 2015 "Building Online Content Community" ပွဲဖိတ်ထားတယ်

Blog Day ကလည်း နီးလာတော့ ဘလော့ရေးဖို့ သတိရမိပြန်တယ် ...
အဲဒီအချိန်မှာပဲ Myanmar Blog Society က ဖိတ်စာ ဖိတ်လာတယ် ....
မတွေ့တာကြာပြီဖြစ်တဲ့သူတွေ၊ မတွေ့ဖူးသေးတဲ့သူတွေ၊ တွေ့နေပေမယ့် မနှုတ်ဆက်ဖြစ်တဲ့သူတွေ ပြန်လည်ဆုံတွေ့ရမယ်လို့ မျှော်လင့်ပါတယ်။


MBS (Myanmar Blogger Society) မှ ကြီးမှုးပြီး Telenor မှ Host လုပ်သော Blog Day 2015 "Building Online Content Community" - အွန်လိုင်းအချက်အလက် အသိုက်အမြုံတည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် သြဂုတ်လ ၃၀ ရက်နေ့တွင် Sule Shangri-La ဟိုတယ် Bago Room Level 1ဆွေးနွေးမည်ဖြစ်ပါသဖြင့် တတ်ရောက်ပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
မန္တလေးမှ Bloggers များအတွက် Aug 29 ရက် စနေ့နေ့တွင် ရန်ကုန်သို့ လာရန်ကား စီစဉ်ပေးထားမှာဖြစ်ပါသည် ။

Monday, August 24, 2015

Better Future Better Myanmar 2015 စီးပွားရေးဆိုင်ရာအခမဲ့ ဟောပြောပွဲ ကျင်းပမည်

မြို့ကြီး ၈ မြို့တွင် ကျင်းပနေသည့် Better Future Better Myanmar 2015 စီးပွားရေးဆိုင်ရာ အခမဲ့ဟောပြောပွဲများ၏ (၁၀) ကြိမ်မြောက်ဟောပြောပွဲကို သြဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီမှ စတင်ကာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ဟိုတယ်မန္တလေးတွင်  “Transforming Teams” ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါဟောပြောပွဲများကို Hub Myanmar Company Limited မှ တိုးတက်လာသော ခေတ်နှင့်အညီစီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးကိုစိတ်ဝင်စားသော လူငယ်လူရွယ်များ စီးပွားရေးအသိပညာ ပိုမိုတိုးပွားစေရန် ရည်ရွယ်ကာ စီစဉ်ကျင်းပနေခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ၏ စီပွားရေးအကြံပေး ပါမောက္ခဒေါက်တာအောင်ထွန်းသက် နှင့် Device Business Management Academy ၏ Principal ဦးတင်ဇံကျော်တို့ မှ ဟောပြောပို့ ချသွားမည်ဖြစ်သည်။ 

စိတ်ပါဝင်စားသူမည်သူမဆို ဖုန်းနံပါတ် (၀၁-၂၃၉၉၄၀၀) သို့ အမည်၊ အလုပ်အကိုင်ရာထူး၊ အီးမေလ် နှင့် ဖုန်းနံပါတ်တို့ကို ပေးပို့ပြီး Register ပြုလုပ်ပြီး အခမဲ့ တက်ရောက်နိုင်ပါတယ်။ စိတ်ပါဝင်စားသူ မည်သူမဆို ဟောပြောပွဲတက်ရောက်လိုသူများအနေဖြင့် ဖုန်းနံပါတ် (၀၁-၂၃၉၉၄၀၀) သို့ အမည်၊ အလုပ်အကိုင်ရာထူး၊ အီးမေလ် နှင့် ဖုန်းနံပါတ်တို့ကို ပေးပို့ပြီး Register ပြုလုပ်ပြီး အခမဲ့ တက်ရောက်နိုင်မည်ဖြစ်သည်။  

Better Future Better Myanmar 2015 စီးပွားရေးဆိုင်ရာ အခမဲ့ဟောပြောပွဲများ၏ ကျင်းပမည့်  (၈)ကြိမ်မြောက်ဟောပြောပွဲကို One in All ခေါင်းစဉ်ဖြင့် မန္တလေးမြို့တွင် ဇူလိုင်လ (၅)ရက်နေ့က ကျင်းပခဲ့ကြောင်းသိရသည်။

Facebook မှာပဲ အချိန်တွေကုန်နေခဲ့တယ်

Social Media ခေတ်ကောင်းချိန်ဆိုတော့လည်း ခေတ်နဲ့အမှီလိုက် ခေတ်အကြိုက်လိုက်ပြီး ပြောင်းသုံးလာလိုက်တာ ဒီကနေ့တော့ Facebook ကိုပဲ နေ့စဉ်သုံးဖြစ်နေတော့တယ်။
Blog ရေးဖို့လည်း သတိမရဘူး။
သတိရပြန်တော့လည်း ၀င်မရေးဖြစ်ဘူး။
ဒီလိုနဲ့ပဲ Blog မရေးဖြစ်တော့ဘူး။
အမှန်က Blogger ထဲကို မ၀င်ဖြစ်တော့ဘူးဆိုတာပိုမှန်မှာပေါ့။
အရောက်တော့လာဦးမယ်။
ဒီလိုနဲ့ပဲ ပြန်ပစ်ထားမိလိုက်ပြန်တယ် ...
ဘာပဲဖြစ်ဖြစ် အရောက်တော့ လာဦးမယ် .......... ;-)