Saturday, November 1, 2014

hope

မနက်​ဖန်​ကို ​မျှော်​​နေတယ်

Wednesday, October 22, 2014


မူဆယ်-ရွှေလီ ကျယ်ဂေါင် နယ်စပ်မြို့ကို ရောက်ခဲ့တယ်။
ကုန်သွယ်မှုအဓိကမြို့ဖြစ်တယ်။
တိုးတက်မှုတွေက အရင်ကအတိုင်း ကွာခြားနေတုန်းပဲ။
၁၀၅ မိုင် စစ်ဆေးရေးစခန်းဆိုရင် ဘယ်လိုစိတ်ကူးနဲ့များတည်ဆောက်ထားသလဲမသိ။
တဲ သာသာလောက်ပဲရှိတယ်။
စစ်မယ် စားမယ် ဆိုတဲ့သဘောပဲ ရှိပုံရတယ်။
ဟိုဖက် ဒီဖက် သန့်ရှင်းရေးကအစ မတူဘူး။

Friday, October 17, 2014

Mandalay ICT Expo 2014

ICT Expo 2014 ကွန်ပျူတာ နည်းပညာပြပွဲကို အောက်တိုဘာလ ၁၇ ကစပြီး မန္တလေးမြို့တော်ခန်းမ မှာပြသပါတယ်။
နှစ်စဉ် မပျက်မကွက် ရောက်တဲ့ပွဲတစ်ခုပေါ့။
တစ်နှစ်ကို ၂ ကြိမ်လုပ်တယ်။
နည်းပညာပြပွဲနဲ့ ဈေးရောင်းပွဲတော် တွဲလုပ်တာ။
နည်းပညာအနေနဲ့ ကုမ္ပဏီတွေက ဆိုင်ခန်းဖွင့်ပြီး ပစ္စည်းသစ် ရောင်းချဖို့လောက်ပဲ ပါပါတယ်။
ဟောပြောပွဲတွေမပါဘူး။ ပညာရှင်တွေရဲ့ အလုပ်ရုံဆွေးနွေးပွဲတွေမပါဘူး။
ဝါသနာရှင်တွေ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားကျောင်းသူတွေအတွက် ပညာရစရာဆိုလို့ သိပ်မတွေ့ရဘူး။
လူတိုင်းဖြေလို့ရတဲ့ Quiz လောက်ပဲ ပါတယ်။
ဟိုး အရင်က လုပ်ခဲ့တဲ့ ပြပွဲတွေကို သွားသတိရတယ်။
alpha ကွန်ပျူတာက စီးရီးအလိုက် မော်ဒယ်အလိုက် မားသားဘုတ်တွေ၊ ပရိုဆက်ဆာတွေ၊ မီမိုရီတွေ ကို ဘုတ်နဲ့အသေအချာလုပ်ပြီးပြတယ်။
မှန်သေတ္တာလုပ်ပြီး စက်တစ်ခုလုံးရဲ့ အတွင်းပိုင်း တပ်ဆင်မှုတွေကို ပြထားတယ်။ တကယ်လည်း အလုပ်လုပ်လို့ရတဲ့ ကွန်ပျူတာတစ်လုံးအဖြစ်ပြတာမျိုးတွေရှိတယ်။
ဟာ့ဒစ်ကုမ္ပဏီတွေက အတွင်းပိုင်းကို ဖွင့်ပြထားတာမျိုးတွေရှိတယ်။
ကွန်ပျူတာ တပ်ဆင်ပြိုင်ပွဲတွေရှိတယ်။
ဟောပြောပွဲအတွက် သီးသန့်အခန်းရှိတယ်။
စုံလို့ စုံလို့ပါပဲ ....
အခုတော့ ဈေးရောင်းပွဲသက်သက်ပါ ...........
ပစ္စည်းသစ်တွေကြည့်လို့ရမယ် ....
မေးရင်လည်း သိရင်ဖြေမယ် ..... သိသလောက်ဖြေမယ် ....
လိုချင်ရင် ၀ယ်သွား .....



Wednesday, October 15, 2014

2007 Blog Day


2007 Blog Day

Today is my Birthday

မွေး​နေ့

အသက်​တစ်​နှစ်​ကြီးပြန်​ပြီ

Thursday, July 24, 2014

ယာဉ်ကြောမပိတ်ဆို့ရန်နှင့် ယာဉ်အန္တရာယ်မဖြစ်ရန် အဓိကလမ်းမကြီးများ ယာဉ်မရပ်ရ သတ်မှတ်ထုတ်ပြန်

ယာဉ်ကြောမပိတ်ဆို့ရန်နှင့် ယာဉ်အန္တရာယ်မဖြစ်ရန် အဓိကလမ်းမကြီးများ
ယာဉ်မရပ်ရ သတ်မှတ်ထုတ်ပြန်



မန္တလေးမြို့တွင်း ကားလမ်းပေါ်တွင် နေ့စဉ် သွားလာနေသော စက်ဘီး၊ မော်တော်ဆိုင်ကယ်၊ မော်တော်ကား အရေအတွက်မှာ များပြားလာသကဲ့သို့ ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်အန္တရာယ်များလည်း အထိုက်အလျောက် ဖြစ်ပေါ်လျက်ရှိသည်။ ထို့သို့ မန္တလေးမြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှု မရှိစေရး၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် နံနက်ပိုင်းနှင့် ညနေပိုင်း ရုံးတက်၊ ရုံးဆင်းချိန်၊ ကျောင်းတက်၊ ကျောင်းဆင်းချိန်များတွင် အဓိကလမ်းမကြီးများတွင် ယာဉ်ရပ်နားခြင်းမပြုရန်နှင့် ခရီးသည် တင်ချခြင်း၊
ကုန်တင်ချခြင်းများမပြုလုပ်ရန် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ အသိပေး ကြေငြာစာ ထုတ်ပြန်ထားသည်။

ထို့ထုတ်ပြန်ကြေငြာချက်အရ နံနက်ပိုင်း ရုံးတက်၊ ကျောင်းတက်ချိန်ဖြစ်သည့် နံနက် ၇း၃၀ နာရီမှ ၉း၃၀
နာရီအချိန်နှင့် ရုံးဆင်း၊ ကျောင်းဆင်းချိန်ဖြစ်သည့် မွန်းလွဲ ၃ နာရီအချိန်မှ ညနေ ၆ နာရီ အချိန်အတွင်း အဓိကလမ်းမကြီးများဖြစ်သည့် ၆၂ လမ်း၊ ၇၃ လမ်း၊ ၇၈ လမ်း၊ လမ်း ၈၀၊ ၈၄ လမ်း၊ ၂၆ လမ်း၊ လမ်း ၃၀၊ ၃၅ လမ်းနှင့် သိပ္ပံလမ်းများ၏ လမ်းဘေးဝဲယာ တို့တွင် မည်သည့် ကိုယ်ပိုင်ယာဉ်၊ အဌားယာဉ်နှင့် ကုန်တင်၊ ခေါက်တိုယာဉ်များမှ ရပ်နားခြင်း၊ ခရီးသည် အတင်အချ ပြုလုပ်ခြင်း၊ ကုန်တင်၊ ကုန်ချ ပြုလုပ်ခြင်း လုံးဝ မပြုလုပ်ရန်ဖြစ်ပြီး အဆိုပါ ထုတ်ပြန်ထားသော စည်းကမ်းများကို လိုက်နာခြင်းမရှိပါက သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ အရေးယူမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

Monday, June 30, 2014

Telenor Ring Tone ပြိုင် ပွဲ promotionဲ

Telenor က ကျင်းပတဲ့ Ring Tone ပြိုင် ပွဲအတွက် မန္တလေးက လက်ဖက် ရည်ဆိုင် တွေ မှာ promotion ပြုလုပ်နေ

Sunday, June 29, 2014

ဖ ယောင်း တိုင် အ က



ဖ ယောင်း တိုင် နဲ့ က တဲ့ အ က
ဖ ယောင်း တိုင် မ ပါ ပဲ
ခေတ် မီ မီး လုံး တွေ နဲ့ က နေ တာ
က ကွက် တွေ က ကြည့် မ ကောင်း တော့ ဘူး
ဖ ယောင်း တိုင် မီး မ ငြိမ်း အောင်
ပညာ ပါ ပါ က ရ တယ် ထင် တယ်
ဖ ယောင်း တိုင် မ ဟုတ် တော့
ပ ညာ ခန်း တွေ လည်း မ ပါ သလို ပဲ

နား လည် လို့ တော့ မ ဟုတ် ပါ ဘူး
တစ် ခု ခု လို နေ သလို ခံ စား ရ လို့ ပါ

Sunday, June 15, 2014

Happy Father Day !!!

Happy Father Day !!!!

Friday, June 6, 2014

School




သဘာဝပတ်ဝန်းကျင်ချစ်သူများမှ ဦးပိန်တံတားတွင် အမှိုက်ကောက်


ပြည်တွင်းပြည်ပဧည့်သည်များနေ့စဉ်သွားရောက်လည်ပတ်နေသည့် တောင်သမာန်အင်းနှင့် ကမ္ဘာကျော် ဦးပိန်တံတား တ၀ိုက် အမှိုက်ကောက်သည့်အစီအစဉ်ကို သဘာဝပတ်ဝန်းကျင်ချစ်သူများစုစည်းကာ ဇွန်လ ၆ ရက်နေ့က ဆောင်ရွက်ကြသည်။ 

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား ဂုဏ်ပြုသောအားဖြင့် အမှိုက်ကောက်ကြခြင်းဖြစ်ကာ ရန်ကုန်၊ မန္တလေး၊ ပြည်၊ အင်းဝ၊ တံတားဦး၊ အမရပူရမြို့များမှ သဘာဝ ပတ်ဝန်းကျင်ချစ်သူများ အင်အား ၁၀၀ ကျော် အမှိုက်ကောက်ကြခြင်းဖြစ်သည်။ 

သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေရေးအတွက် အမှိုက်ကောက်သည့်နေရာများတွင် “ကိုယ့်အမှိုက် ကိုယ်ရှင်း” ဟုသည့်အသိပညာပေးခြင်း လုပ်ငန်းကိုလည်း ဆောင်ရွက်ကြသည်။ 

အဆိုပါအဖွဲ့သည် ဇွန်လ ၇ ရက်နေ့တွင် မန္တလေးတောင်တွင် အမှိုက်ကောက်ကြဦးမည်ဖြစ်ကြောင်းသိရသည်။

Wednesday, June 4, 2014

မန်းလေးက တကယ်ပြောင်းလာပြီ။

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းက
လက်လီဆိုင်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ ဟောပြောပွဲကို
ဇွန်လ ၁ ရက် မွန်းလွဲပိုင်းက လုပ်တယ်။
မှန်းထားတာထက် စည်ကားတာ တွေ့ရတယ်။
လူတိုင်း တိုးတက်ချင်တဲ့စိတ်က အမြဲရှိမှာ။
မန်းလေးက လုပ်ငန်းရှင်တွေ အရင်ကဆို ဒါမျိုး ဟောပြောပွဲနား ကပ်တောင်မကပ်ဘူး။
ဖာသိဖာသာနေကြတယ်။
အခု ကမ္ဘကြည့် ကြည့်မြင် တတ်လာပြီ။
နည်းပညာသုံးရကောင်းမှန်း သိလာပြီ။
မန်းလေးက တကယ်ပြောင်းလာပြီ။

Friday, May 23, 2014

ဟံသာဝတီ ဦးဝင်းတင် အမှတ်တရ

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်အထိမ်းအမှတ် ကျောက်စာတိုင်စိုက်ထူခြင်းနဲ့ အမှတ်တရ သစ်ပင်စိုက်ပျိုးခြင်းကို မေလ ၂၁ ရက်နေ့က အမရပူရမြို့နယ် တောင်သမန်အင်းစောင်းက တောင်လေးလုံးကျောင်းတိုက်မှာ ပြုလုပ်ပါတယ်။
အဲဒီနေ့ မနက် ၅ နာရီမှာတော့ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း တစ်လပြည့် အရုဏ်ဆွမ်းလောင်းလှူခြင်းကို မန္တလေးမြို့ ၈၄ နဲ့ ၃၃ လမ်းထောင့်က လူထုစာအုပ်တိုက်ရှေ့မှာ ပြုလုပ်ပါတယ်။





Tuesday, May 13, 2014

ဧရာဝတီစာပေပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ


ဧရာဝတီစာပေပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

မိခင်ဧရာဝတီမြစ်ကို အခြေခံပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဦးတည်သော ဆောင်းပါးများကို ရေးသား၍ ပြိုင်ပွဲဝင်ကြရသည့် ဧရာဝတီစာပေပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို မန္တလေးမြို့ Oriental House ခန်းမ တွင် မေလ ၁၀ ရက်နေ့ နံနက်ပိုင်းကကျင်းပသည်။ အခမ်းအနားတွင် ရွှေမန္တလေးဂျာနယ် အယ်ဒီတာချုပ် ဆရာ သိုက်ထွန်းသက်က အဖွင့်အမှာစကားပြောကြားပြီး အကဲဖြတ်များကိုယ်စား ဆရာဆူးဌက်က ရွေးချယ်ရေး နှင့်ပတ်သက်သည်များကို ပြောကြားသည်။ 

ဧရာဝတီစာပေပြိုင်ပွဲအတွက် အနယ်နယ်အရပ်ရပ်က ရောက်ရှိ လာသော စာမူများအနက်မှ ပြိုင်ပွဲစည်းကမ်းနှင့်ညီညွတ်သော စာမူများအား စာရေးဆရာများဖြစ်ကြသည့် ဆရာညီပုလေး၊ ဆရာကျော်ရင်မြင့်၊ ဆရာဆူးဌက်၊ ဆရာသင့်နော်နှင့် ဆရာရွှေဥာဏ်ဇော်တို့က စိစစ်လေ့လာ ဖတ်ရှုရွေးချယ်ပေးကြသည်။ အဆင့်ဆင့်ရွေးချယ်မှုအပြီးတွင် ပထမဆုကို ရာဇ၀င်ထဲက သတို့သမီးတဲ့လား ခေါင်းစဉ်ဖြင့်ရေးသားသည့် ရန်ကုန်မြို့ လှိုင်မြို့နယ်မှ ကိုရဲမျိုးထက် (ကလောင်အမည် နေကောင်းကင်နီ)၊ ဒုတိယဆုကို မလွမ်းရော့သော်ကော ဧရာဝတီ ခေါင်းစဉ်ဖြင့်ရေးသားသည့် ပြင်ဦးလွင်မြို့မှ ဦးအုန်းကျော် (ကလောင်အမည် ကိုရင်ကြာရိုး)၊ တတိယဆုကို မြန်မာ့ဧရာဝတီ ခေါင်းစဉ်ဖြင့် ရေးသားသည့် မန္တလေးမြို့မှ ကလောင်အမည်-ကျော်စိုးအောင်(မန္တလေး)တို့က ဆုအသီးသီးရရှိကြပြီး နှစ်သိမ့်ဆုများကို ဟိန်းသန့် (အင်းဝ)၊ ရွှေမန်းလွင်စိုး၊ ကမ္ဘာကျော် (မန္တလေး)၊ လျှမ်း (မန်းတက္ကသိုလ်)၊ ရည်ရည်မွန် (မန္တလေး)တို့က အသီးသီး ရရှိကြသည်။ 

အဆိုပါဆုပေးပွဲအခမ်းအနားသို့ ပထမဆုရရှိသူ ကိုရဲမျိုးထက် (ကလောင်အမည် နေကောင်းကင်နီ)သည် မသန်စွမ်းသူတစ်ဦးဖြစ်ပြီး ဆုပေးပွဲနောက်တစ်ရက်တွင် မင်္ဂလာဆောင်ရန်ရှိသဖြင့် ဆုတက်ရောက်ယူနိုင်ခြင်းမရှိကြောင်းသိရသည်။ ဧရာဝတီ စာပေပြိုင်ပွဲအား ရွှေမန္တလေးဂျာနယ်က ဦးစီးကျင်းပခဲ့ခြင်းဖြစ်ကာ မန္တလေးမြို့ကိုသံယောဇဉ်ရှိသူ၊ ဧရာဝတီကို ချစ်မြတ်နိုးသူ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဆောင်ရွက်နေသူ အမည်မဖော်လိုသူ စေတနာရှင်တစ်ဦးက ကူညီပံ့ပိုးခဲ့ကြောင်းသိရသည်။




Sunday, May 11, 2014

Happy Mother Day !!!

Happy Mother Day !!!

Saturday, May 10, 2014

ASEAN Community knowledge Networks for the Economy, Society, Culture and Environmental Stability

ASEAN Community knowledge Networks for the Economy, Society, Culture and Environmental Stability  ခေါင်းစဉ်ဖြင့်ကျင်းပသော ၁၀ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာညီလာခံအစည်းအဝေးကို မန္တလေးမြို့ မန္တလေးတောင်ခြေရှိ Mandalay Hill Resort Hotel မင်္ဂလာခန်းမတွင် မေလ ၉ ရက်နှင့် ၁၀ ရက် နှစ်ရက်တာကျင်းပသည်။ အဆိုပါ အပြည်ပြည်ဆိုင်ရာ ညီလာခံအစည်းအဝေးအား ထိုင်းနိုင်ငံ Chiang Rai Rajabhat University ၏ ဦးဆောင်မှုဖြင့်ကျင်းပခြင်းဖြစ်ပြီး နိုင်ငံတကာမှ ၁၁၀ ဦး၊ မြန်မာနိုင်ငံမှ ၈၀ ဦး တက်ရောက်ကြကာ သုတေသနာစာတမ်းဖတ်ခြင်းနှင့်ဆွေးနွေးခြင်းများပြုလုပ်ကြသည်။

အခမ်းအနားတွင် နိုင်ငံတကာ သုတနည်းပညာဖလှယ်ရေး၊ ယဉ်ကျေးမှု ဖလှယ်ရေးနှင့် ကမ္ဘာနှင့်အညီ ရင်ပေါင်တန်းနိုင်ရေးအချက်အလက်များကို တက်ရောက်လာသော ကျွမ်းကျင်သူများက ဆွေးနွေးကြပြီး သုတေသနစာတမ်းများလည်း ဖတ်ကြားကြသည်။ သုတေသနစာတမ်းများနှင့် ဆွေးနွေးပွဲများတွင် ဒီမိုကရေနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အာရှနှင့်ပစိဖိတ်ဒေသ၊ မဲခေါင်မြစ်ဝှမ်းဒေသတွင်း ကိစ္စရပ်များကို စီးပွားရေး၊ နည်းပညာ၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ရှုထောင့် အစရှိသဖြင့် ရှုထောင့်စုံမှ တင်ပြဆွေးနွေးကြပြီး ဆင်းရဲမှုလျော့ချရေး၊ လူမှုဘ၀မြှင့်တင်ရေး၊ အစားအစာဆေးဝါး အဆင့်အတန်းသတ်မှတ်ရေး၊ သက်ကြီးရွယ်အိုလူမှုဘ၀ စောင့်ရှောက်ရေး၊ နိုင်ငံသယံဇာတနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ သိပ္ပံနှင့် နည်းပညာတိုးတက်မှု၊ ရာသီဥတုပြောင်းလဲမှုနှင့် စွမ်းအင်သယံဇာတ ထုတ်ယူသုံးစွဲမှု၊ နိုင်ငံရေး၊ စီးပွားရေး စိတ်ခေါ်မှုများ၊ လူသားများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု မူဝါဒများအတွက် ဆုံးဖြတ်ချက် များနှင့် အနာဂတ်အတွက် လုပ်ငန်းစဉ်များကို အုပ်စုအလိုက် အဓိကထားဆွေးနွေးခဲ့ကြကြောင်းသိရသည်။

SkyWalk Shopping Centre ပြန်ဖွင့်ပြီ

လွန်ခဲ့တဲ့ ၆ နှစ်ခန့်က ရတနာပုံဈေး မီးလောင်စဉ်က မီးလောင်ခံရတဲ့ SkyWalk Shopping Centre ကို ဒီကနေ့ မေလ ၁၀ ရက်နေ့ကမှာ အခမ်းအနားနဲ့ ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ။
၇၈ လမ်းနဲ့ ၃၄ လမ်းထောင့်က ရတနာပုံဈေး ပထမထပ်မှာ ပြန်လည်ဖွင့်လိုက်တာဖြစ်ပါတယ်။


Friday, May 9, 2014

ပိ​တောက်​​တွေပွင့်

ပိတောက်တွေ ပွင့် ပွင့်နိုင်လွန်းတယ်
ဒီမနက်လည်း အိမ်ရှေ့က ဖြတ်သွားသူတစ်ချို့ရဲ့ခေါင်းမှာ ပိတောက်တွေတွေ့ရပြန်တယ်
ငုဝါတွေလည်း လှလှပပ ပွင့်နေကြတယ်
ငါကတော့ သူများအိမ်ရှေ့က ဒါန်းပေါ်မှာထိုင်ပြီး ဖေ့ဘုတ်သုံးနေတယ် . . . . .

Thursday, May 8, 2014

ဒီနေ့ အိမ်ပြောင်းပြီ …


ဒီနေ့ အိမ်ပြောင်းပြီ …
အစဉ်အလာတွေ ထုံးတမ်းတွေတော့ နားမလည်ပါဘူး …
ဘုရားစင်နဲ့ မီးဖိုချောင်သုံးပစ္စည်းအချို့ကို စပြီးပြောင်းတာပါ …
ဇွန်လကုန်မှာတော့ အပြီးပြောင်းပါမယ် …
ကြားထဲမှာရှိတဲ့ ၂ လတာကာလမှာ Light Truck တစ်စီးစာခြင်းစီ ပြောင်းနေမှာပါ ….
အိမ်ပြောင်းတာ ကျနော့်အတွက်တော့ အေးဆေးလို့ပြောလို့ရပေမယ့် ပစ္စည်းတွေက များတော့ အတော်ရွေ့ယူရမှာ ….
ဦးကျားကြီးဝင်းကစခဲ့တဲ့ မီးလောင်မှုမှာ ကျနော့်တို့အိမ်မီးထဲပါသွားပြီး နှစ်ပေါင်း ၃၀ ကျော်ကြာ ဟိုအိမ်ပြောင်း ဒီအိမ်ပြောင်းနဲ့ နေလာခဲ့တာ ပြောင်းခဲ့ရတဲ့အိမ်တွေလည်း မနည်းတော့ဘူး …..
အခုနေမယ့်အိမ်က အဲဒီတုန်းကမီးလောင်လို့ရထားတဲ့ မြို့သစ်ထဲက မြေကွက်လေးမှာပါ ….




အမေစု မန္တလေးမှာ ဟောပြောမယ့် နေရာရပြီ

မေလ ၁၈ ရက်နေ့မှာ ဒီချုပ်ဥက္ကဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးမှာ ဟောပြောမယ့်နေရာကို အောင်ပင်လယ်ကွင်းလို့ အတည်ပြုလိုက်ပြီလို့ သိရပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကာလ စည်းရုံးရေးခရီးစဉ် ဟောပြောပွဲတုန်းကလည်း အဲဒီနေရာမှာပဲ လုပ်ခဲ့တာပါ။

Wednesday, May 7, 2014

မန္တလေးမြို့တော်၏ မြို့ပြ၀န်ဆောင်မှုလုပ်ငန်းများ တိုးတက်ဖြစ်ပေါ်ရေးစီမံချက်အတွက် ကျွမ်းကျင်မှု အကူအညီပေးသည့် လုပ်ငန်းဆိုင်ရာ အစည်းအဝေးကျင်းပ


အာရှဖွံ့ဖြိုးရေးဘဏ် ADB နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် မန္တလေးမြို့တော်၏ မြို့ပြ၀န်ဆောင်မှုလုပ်ငန်းများ တိုးတက်ဖြစ်ပေါ်ရေးစီမံချက်အတွက် ကျွမ်းကျင်မှု အကူအညီပေးသည့် လုပ်ငန်းဆိုင်ရာ ကနဦးအစည်းအဝေးကို မေလ ၇ ရက်နေ့ နံနက် ၉ နာရီက စတင်ကျင်းပ သည်။ အခမ်းအနားတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဌ မြို့တော်ဝန် ဦးအောင်မောင်း တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားသည်။

“မန္တလေးမြို့၏ မြို့ပြ၀န်ဆောင်မှုလုပ်ငန်းများ တိုးတက်ဖြစ်ပေါ်ရေး စီမံကိန်းဆောင်ရွက်ရန် ADB မှ ချေးငွေပေးမည့် အစီအစဉ်ရှိရာ အဆိုပါစီမံကိန်းဆောင်ရွက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ပေးသည့် ကျွမ်းကျင်မှု အကူအညီကို ADB မှ US$ ၂ သန်းခန့်ကုန်ကျခံပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မတ်လ ၁၁ ရက်နေ့က လုပ်ငန်း စတင်လှုပ်ရှားမှုအစည်းအဝေး ပြုလုပ်ခဲ့ပြီး ADB မှ International နှင့် National Consultants များမှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့ကြပါတယ်။ ကနဦးတွေ့ရှိချက်များကို Inception Report အဖြစ် တင်ပြရမှာဖြစ်ပါတယ်။  မိမိတို့မှလည်း လိုအပ်သည့် အချက်အလက်များကို ပံပိုးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများကို ပြုလုပ်ပေးလျက်ရှိပါတယ်။ Inception Report မတင်ပြမီ လူကြီးမင်းများကို ယခုလိုအစည်းအဝေးခေါ်ယူပြီး ADB အကြံပေးအဖွဲ့များရဲ မတ်လဆန်းက ဧပြီလကုန် အထိ ၂ လတာကာလအတွင်း တွေ့ရှိချက်များကို  ဒီအစည်းအဝေးမှာ ရှင်းလင်းတင်ပြမှာဖြစ်ပါတယ်” ဟု မန္တလေး မြို့တော်ဝန် ဦးအောင်မောင်းက ပြောကြားသည်။

မန္တလေးမြို့ ဖွံ့ဖြိုးရေးအတွက် ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ (AFD)နှင့် ပြင်သစ်နိုင်ငံ စီးပွားရေးဝန်ကြီးဌာနတို့မှ ကူညီမည့်အစီအစဉ်၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA တို့မှလည်း ADB နှင့် ၀ိုင်းဝန်းပူးပေါင်းကာ ဆောင်ရွက်ကြမည်ဖြစ်ပြီး Afd (ပြင်သစ်)၊ SAFEGE (ပြင်သစ်)၊ Viten (နယ်သာလန်) တို့ကလည်း ကူညီထောက်ပံ့သည်။

လုပ်ငန်းတိုးတက်ဆောင်ရွက်မှုအခြေအနေများကို အာရှဖွံ့ဖြိုးရေးဘဏ်မှ ပညာရှင်များနှင့် ၂ ပတ် ၁ ကြိမ် ဆွေးနွေးညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး မန္တလေးမြို့အား အစိမ်းရောင်မြို့တော်အဖြစ် တည်ဆောက်ရာတွင် လိုအပ်မည့် အခြေခံအဆောက်အအုံများဖြစ်သည့် ရေပေးရေး၊ အမှိုက်သိမ်းဆည်းရေး၊ ရေဆိုးထိန်းသိမ်းရေး နှင့် သန့်စင်ရေးလုပ်ငန်း၊ မြို့ပြစီမံကိတ်းရေးဆွဲရေးလုပ်ငန်းများကို အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကဏ္ဍအလိုက် ထိရောက်စွာဆောင်ရွက်လျက်ရှိသည်။



Tuesday, May 6, 2014

ဒေါ်အောင်ဆန်းစုကြည် မန္တလေးလာမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မေလ ၁၈ ရက်နေ့ မန္တလေးကို လာရောက်မှာ ဖြစ်ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ ဟောပြောပွဲကျင်းပသွားမှာဖြစ်ပြီး ဟောပြောမယ့်နေရာ အတိအကျမသိရသေးပါဘူး။ ဟောပြောမယ့်နေရာကို မန္တလေးတောင်ခြေ အားကစားကွင်း (မြင်းပြိုင်ကွင်း)နဲ့ အောင်ပင်လယ်ကွင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံကို တင်ပြတောင်းခံထားတယ်လို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွေးကောက်ပွဲမတိုင် ၂၀၁၂ မတ်လ ၃ ရက်နေ့က စည်းရုံးရေးခရီးစဉ်အဖြစ် မန္တလေးကို ရောက်ရှိလာပြီး အောင်ပင်လယ်ကွင်းမှာ  ဟောပြောခဲ့ပါတယ်။

ပဉ္စမအကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကျင်းပ


ပဉ္စမအကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကို မေလ ၆ ရက်နဲ့ ၇ ရက်နေ့များမှာ မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်မှာ ကျင်းပပါတယ်။ စာတမ်းဖတ်ပွဲမှာ စာတမ်းပေါင်း ၂၆ စောင် ဖတ်ကြားမှာ ဖြစ်ပြီး မြန်မာပြည်တ၀ှမ်းက တိုင်းရင်းဆေးပညာရှင်တွင် တက်ရောက်ကြပါတယ်။

.

Saturday, May 3, 2014

Press Freedom Day

ဒီကနေ့ မေလ ၃ ရက်နေ့ဟာ Press Freedom Day ပါ ...

သတင်းလွတ်လပ်ခွင့်ရကြပါစေဗျာ ........

Friday, May 2, 2014

ပြင်ဦးလွင်မှာ စခန်းချခဲ့တဲ့ ကင်းထောက်မောင်မယ်များဟာ ဒီကနေ့ မေလ ၂ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကို ရောက်ရှိဖူးမြော်ကြပါတယ်။

ကင်းထောက်အမျိုးသား ၂၄၄ ဦး၊ ကင်းထောက်အမျိုးသမီး ၂၄၅ ဦး စုစုပေါင်း ၂၈၉ ဦးက အုပ်ချုပ်သူ၊ ကြီးကြပ်သူ ဆရာ၊ ဆရာမတွေနဲ့ မဟာမုနိရုပ်ရှင်တော်မြတ်ကို ရောက်ရှိဖူးမြော်လာကြတာဖြစ်ပြီး ပြတိုက်များလေ့လာခြင်းနဲ့ဘုရားကြီးစောင်းတန်းအတွင်းရှိ ဈေးဆိုင်များမှာ အမှတ်တရပစ္စည်းများဝယ်ယူကြပါတယ်။ အဲဒီနောက်  မြနန်းစံကျော်ရွှေနန်းတော်ကို သွားရောက်လေ့လာကြပြီး သုဓမ္မာဇရပ်တမှာ နေ့လယ်စာကြပါတယ်။



ကုန်စည်ပြပွဲ မြို့တော်ခန်းမမှာ ပြနေတယ်

 ရွှေမန္တလာ ကုန်စည်ပြပွဲကို မေလ ၁ ရက်နေ့က စပြီး မေလ ၄ ရက်နေ့ထိ မန္တလေးမြို့ မြို့တော်ခန်းမမှာ ကျင်းပနေပါတယ်။
ကားနဲ့ ဆက်စပ်ပစ္စည်းတွေ၊ အလှကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေအပြင် ရေပြင်မှာစီးဖို့ မော်တော်ဘုတ်တွေကိုလည်းပြသရောင်းချပေးနေပါတယ်။








Wednesday, April 30, 2014

ရွှေကျောင်း သုံးဖက်မြင်စကင်ဖတ်ကာ ပုံရိပ်ထိန်းသိမ်း

မန္တလေးက သမိုင်းဝင်အဆောက်အအုံ ရွှေကျောင်းကို သုံးဖက်မြင်လေဆာစကန်ဖတ်ပြီး ပုံရိပ်ထိန်းသိမ်းကာ ရှေးမူမပျက် ပြုပြင်သွားမှာဖြစ်ပါတယ်။

ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ရှေးဟောင်းသုတေသနာဌာနတို့ရဲ့ ထောက်ခံချက်နဲ့ ကမ္ဘာ့အထိမ်းအမှတ် အဆောက်အဦးများရံပုံငွေ World Monuments Fund (WMF)နဲ့ ဖလော်ရီဒါတက္ကသိုလ် သမိုင်းဝင်အဆောက်အဦးများ ထိန်းသိမ်းစောင့်ရှောက်ရေးအစီအစဉ်တို့ ပူးပေါင်းပြီး ရွှေကျောင်းစီမံကိန်းကို ဆောင်ရွက်နေတာဖြစ်ပါတယ်။

မဟာမုနိ ဘုရားကြီးမှာ ၀ိုင်ဖိုင်နဲ့ အင်တာနက် အခမဲ့သုံးနိုင်ပြီ

မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ် ရင်ပြင်တော်မှာ ၀ိုင်ဖိုင်စနစ်နဲ့ အင်တာနက် အခမဲ့အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
RedLink က လှူဒါန်းထားတာဖြစ်ပြီး ဧပြီလ ၃၀ ရက်နေ့က မနက်ပိုင်းက အခမ်းအနားနဲ့ ဖွင့်ပွဲကျင်းပပါတယ်။


Tuesday, April 29, 2014

ဆက်သွယ်ရေးက ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း စတင်လုပ်ဆောင်မည်

မြန်မာ့ဆက်သွယ်ရေးက မန္တလေးမှာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ စတင်လုပ်ဆောင်တော့မှာဖြစ်ပါတယ်။
အင်တာနက်လိုင်းသုံးမရတာမျိုး၊ ဖုန်းလိုင်းပြတ်တာမျိုးတွေနဲ့ ဖုန်းလိုင်းနဲ့ပတ်သက်တဲ့ ၀န်ဆောင်မှုတွေကို အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးဖို့ထိ ဆောင်ရွက်မယ်လို့ သိရပါတယ်။

Monday, April 21, 2014

ဘဘ ဦးဝင်းတင်​ ကွယ်​လွန်

၂၁.၄.၂၀၁၄ မနက်​ ၆း၃၀ နာရီက သတင်းစာဆရာကြီး ဘဘ ဦးဝင်းတင်​ ကွယ်​လွန်​သွားပါတယ်​။

ဘဘ ဦးဝင်းတင်​.  . . ​ကောင်းရာသုဂတိလားပါ​စေ.  . .

Thursday, April 17, 2014

မြန်‌မာနှစ်‌သစ်‌ကူးဆု‌တောင်း

သတ္တ၀ါအ‌ပေါင်း
ကျန်းမာ ချမ်းသာ
စိတ်‌ရွှင်‌လန်းပြီး
လိုအင်‌ဆန္ဒ ပြည့်‌ဝကြပါ‌စေ။

ဆြာဘ

Wednesday, April 16, 2014

မန္တ​လေး သင်္ကြန်‌ ည

မန္တ​လေး သင်္ကြန်‌


Saturday, April 12, 2014

Friday, April 11, 2014

‌ပျော်‌ရွှင်‌‌သောသင်္ကြန်‌‌နေ့ရက်‌များဖြစ်‌ပါ‌စေ

သင်္ကြန်‌မှာ ‌ပျော်‌ရွှင်‌နိုင်‌ကြပါ‌စေ ..

‌ပျော်‌ရွှင်‌‌သောသင်္ကြန်‌‌နေ့ရက်‌များဖြစ်‌ပါ‌စေ

သင်္ကြန်‌မှာ ‌ပျော်‌ရွှင်‌နိုင်‌ကြပါ‌စေ ..