Wednesday, March 16, 2016

ဦးထင်ကျော်အား သမ္မတအဖြစ်ရွေးချယ်ခံတင်မြှောက်ခံရခြင်းအပေါ် တရုတ်အစိုးရအနေဖြင့်အကောင်းဘက်မှရှုမြင်ထားပြီး အစိုးရသစ်လက်ထက်တွင်နှစ်နိုင်ငံဘက်စုံမဟာဗျူဟာမြောက်ဆက်ဆံရေး ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်

မြန်မာနိုင်ငံ၏ဒုတိယအကြိမ်ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှ ဦးထင်ကျော်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းအပေါ် တရုတ်နိုင်ငံအနေဖြင့်မည်ကဲ့သို့သုံးသပ်မည်နည်းဟု မတ် ၁၅ ရက်က ပေကျင်းတွင်ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းခဲ့မှုအပေါ် တရုတ်နိုင်ငံခြားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက 

“မြန်မာနိုင်ငံ ဒုတိယအကြိမ်ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှ ဦးထင်ကျော်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းအတွက်တရုတ်နိုင်ငံက ဂုဏ်ပြုဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ တရုတ်နဲ့မြန်မာနှစ်နိုင်ငံတို့ဟာ အိမ်နီးချင်းနိုင်ငံကောင်းဖြစ်တဲ့အလျောက် ဆွေမျိုးပေါက်ဖော်ချစ်ကြည်မှုအစဉ်အလာ ပိုမိုခိုင်မာလာစေရန်အတွက် ဘက်ပေါင်းစုံမှပူးပေါင်းမှုများကို လက်တွေ့ကျကျ တိုးချဲ့ဆောင်ရွက်ခြင်းဟာ နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံပြည်သူလူထုအတွက် တူညီသောဆန္ဒကိုဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။ တရုတ်နိုင်ငံဟာ မြန်မာအစိုးရသစ်နဲ့လက်တွဲပြီး ပူးပေါင်းဆောင်ရွက်မှုများကို အားသစ်လောင်းပေးနိုင်ရန်မျှော်လင့်ထားကြောင်း၊ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ်ချစ်ကြည်ရေးမူဝါဒကိုဆက်လက်ကျင့်သုံးမည်ဖြစ်ကာ မြန်မာနိုင်ငံ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့်အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဖြစ်စဉ်အတွက်ကြိုးပမ်းမှုအားလုံးကိုထောက်ခံအားပေးမည်ဖြစ်ကာ နှစ်ဦးနှစ်ဖက်တို့၏လက်တွဲကြိုးပမ်းမှုဖြင့် တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံမှုကို ပိုမိုတိုးတက်ခိုင်မြဲလာစေနိုင်မည်ဟုယုံကြည်ထားပါတယ်“ ဟုပြန်လည်ဖြေကြားခဲ့သည်။

问:今天,缅甸新一届联邦议会选举丁觉为缅甸新任总统,中方对此有何评论?

答:缅甸新一届联邦议会选举丁觉为缅甸新任总统,中方对此表示祝贺。
  中缅是友好邻邦,巩固传统“胞波”情谊,扩大各领域务实合作,符合两国和两国人民的共同愿望。中方期待着与缅新政府加强合作。中方将继续奉行对缅友好政策,支持缅方维护稳定、加快发展、推进民族和解进程的努力。相信在中缅双方共同努力下,中缅全面战略合作伙伴关系将进一步得到巩固和加强。

No comments: