Monday, August 31, 2015

Blog Day 2015


Blog Day 2015

Happy Blog Day 2015 !!!!!

Happy Blog Day 2015 !!!!!

Sunday, August 30, 2015

Blog Day 2015 ကိုသွားကြတယ်

မန္တလေးက Blogger တွေ
ရန်ကုန်မှာကျင်းပမယ် Blog Days 2015 ကို သွားကြတယ်

Friday, August 28, 2015

Mandalay Investment Fair ကျင်းပမည်

Mandalay Investment Fair ကို စက်တင်ဘာလ ၃၀ ရက် Mandalay Hill Resort မှာ ကျင်းပမည်

Tuesday, August 25, 2015

Blog Day 2015 "Building Online Content Community" ပွဲဖိတ်ထားတယ်

Blog Day ကလည်း နီးလာတော့ ဘလော့ရေးဖို့ သတိရမိပြန်တယ် ...
အဲဒီအချိန်မှာပဲ Myanmar Blog Society က ဖိတ်စာ ဖိတ်လာတယ် ....
မတွေ့တာကြာပြီဖြစ်တဲ့သူတွေ၊ မတွေ့ဖူးသေးတဲ့သူတွေ၊ တွေ့နေပေမယ့် မနှုတ်ဆက်ဖြစ်တဲ့သူတွေ ပြန်လည်ဆုံတွေ့ရမယ်လို့ မျှော်လင့်ပါတယ်။


MBS (Myanmar Blogger Society) မှ ကြီးမှုးပြီး Telenor မှ Host လုပ်သော Blog Day 2015 "Building Online Content Community" - အွန်လိုင်းအချက်အလက် အသိုက်အမြုံတည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် သြဂုတ်လ ၃၀ ရက်နေ့တွင် Sule Shangri-La ဟိုတယ် Bago Room Level 1ဆွေးနွေးမည်ဖြစ်ပါသဖြင့် တတ်ရောက်ပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
မန္တလေးမှ Bloggers များအတွက် Aug 29 ရက် စနေ့နေ့တွင် ရန်ကုန်သို့ လာရန်ကား စီစဉ်ပေးထားမှာဖြစ်ပါသည် ။

Monday, August 24, 2015

Better Future Better Myanmar 2015 စီးပွားရေးဆိုင်ရာအခမဲ့ ဟောပြောပွဲ ကျင်းပမည်

မြို့ကြီး ၈ မြို့တွင် ကျင်းပနေသည့် Better Future Better Myanmar 2015 စီးပွားရေးဆိုင်ရာ အခမဲ့ဟောပြောပွဲများ၏ (၁၀) ကြိမ်မြောက်ဟောပြောပွဲကို သြဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီမှ စတင်ကာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ဟိုတယ်မန္တလေးတွင်  “Transforming Teams” ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါဟောပြောပွဲများကို Hub Myanmar Company Limited မှ တိုးတက်လာသော ခေတ်နှင့်အညီစီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးကိုစိတ်ဝင်စားသော လူငယ်လူရွယ်များ စီးပွားရေးအသိပညာ ပိုမိုတိုးပွားစေရန် ရည်ရွယ်ကာ စီစဉ်ကျင်းပနေခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ၏ စီပွားရေးအကြံပေး ပါမောက္ခဒေါက်တာအောင်ထွန်းသက် နှင့် Device Business Management Academy ၏ Principal ဦးတင်ဇံကျော်တို့ မှ ဟောပြောပို့ ချသွားမည်ဖြစ်သည်။ 

စိတ်ပါဝင်စားသူမည်သူမဆို ဖုန်းနံပါတ် (၀၁-၂၃၉၉၄၀၀) သို့ အမည်၊ အလုပ်အကိုင်ရာထူး၊ အီးမေလ် နှင့် ဖုန်းနံပါတ်တို့ကို ပေးပို့ပြီး Register ပြုလုပ်ပြီး အခမဲ့ တက်ရောက်နိုင်ပါတယ်။ စိတ်ပါဝင်စားသူ မည်သူမဆို ဟောပြောပွဲတက်ရောက်လိုသူများအနေဖြင့် ဖုန်းနံပါတ် (၀၁-၂၃၉၉၄၀၀) သို့ အမည်၊ အလုပ်အကိုင်ရာထူး၊ အီးမေလ် နှင့် ဖုန်းနံပါတ်တို့ကို ပေးပို့ပြီး Register ပြုလုပ်ပြီး အခမဲ့ တက်ရောက်နိုင်မည်ဖြစ်သည်။  

Better Future Better Myanmar 2015 စီးပွားရေးဆိုင်ရာ အခမဲ့ဟောပြောပွဲများ၏ ကျင်းပမည့်  (၈)ကြိမ်မြောက်ဟောပြောပွဲကို One in All ခေါင်းစဉ်ဖြင့် မန္တလေးမြို့တွင် ဇူလိုင်လ (၅)ရက်နေ့က ကျင်းပခဲ့ကြောင်းသိရသည်။

Facebook မှာပဲ အချိန်တွေကုန်နေခဲ့တယ်

Social Media ခေတ်ကောင်းချိန်ဆိုတော့လည်း ခေတ်နဲ့အမှီလိုက် ခေတ်အကြိုက်လိုက်ပြီး ပြောင်းသုံးလာလိုက်တာ ဒီကနေ့တော့ Facebook ကိုပဲ နေ့စဉ်သုံးဖြစ်နေတော့တယ်။
Blog ရေးဖို့လည်း သတိမရဘူး။
သတိရပြန်တော့လည်း ၀င်မရေးဖြစ်ဘူး။
ဒီလိုနဲ့ပဲ Blog မရေးဖြစ်တော့ဘူး။
အမှန်က Blogger ထဲကို မ၀င်ဖြစ်တော့ဘူးဆိုတာပိုမှန်မှာပေါ့။
အရောက်တော့လာဦးမယ်။
ဒီလိုနဲ့ပဲ ပြန်ပစ်ထားမိလိုက်ပြန်တယ် ...
ဘာပဲဖြစ်ဖြစ် အရောက်တော့ လာဦးမယ် .......... ;-)

Wednesday, July 15, 2015

စွတ်​စွတ်​စိုစိမ်း


ကိုလမင်း (စလင်း) ရဲ့ စွတ်​စွတ်​စိုစိမ်း ကဗျာစာအုပ်​မိတ်​ဆက်
၁၅း၇း၂၀၁၅
D & G Food Centre

Monday, March 30, 2015

နွေ

နွေတောင် အဆင်သင့်ဖြစ်နေပြီ
တကယ်ကိုပူတယ်

Friday, March 6, 2015

ကျောင်းသားတွေအရေး

ကျောင်းသားတွေအရေး ရတတ်မအေးရပါလား။
ဒီမိုကရေစီစံနှုန်းနဲ့ညီတဲ့ ပညာရေးစနစ်ကို အကောင်းဆုံးနည်းလမ်းတွေနဲ့ ပြောင်းနိုင်ကြပါစေဗျာ။

Friday, February 27, 2015

အူရီဒူးမြန်မာက တင်ဆက်သည့် ထာဝရတွဲလက်များ ဇာတ်လမ်းတိုအား ရုပ်မြင်သံကြားများတွင် ထုတ်လွှင့်ပြသမည်


အူရီဒူးမြန်မာ၏ မြန်ဆန်သော 3G အင်တာနက်အကြောင်း မိုဘိုင်းဖုန်းသုံးစွဲသူများ ပိုမိုသိစေရန်အတွက် ဇာတ်လမ်းတိုများကို ရုပ်မြင်သံကြားများတွင် ပြသလျက်ရှိရာ ဒုတိယဇာတ်လမ်း ဖြစ်သည့် “ထာဝရ တွဲလက်များ” ဇာတ်လမ်းတိုကို မကြာမီ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 

အူရီဒူးမြန်မာက တင်ဆက်သည့် ထာဝရတွဲလက်များ ဇာတ်လမ်းတိုအား ရုပ်မြင်သံကြားများတွင် ထုတ်လွှင့်ပြသမည်အူရီဒူးမြန်မာက တင်ဆက်သည့် ထာဝရတွဲလက်များ ဇာတ်လမ်းတိုအား ရုပ်မြင်သံကြားများတွင် ထုတ်လွှင့်ပြသမည် အူရီဒူးမြန်မာ၏ မြန်ဆန်သော 3G အင်တာနက်အကြောင်း မိုဘိုင်းဖုန်းသုံးစွဲသူများ ပိုမိုသိစေရန်အတွက် ဇာတ်လမ်းတိုများကို ရုပ်မြင်သံကြားများတွင် ပြသလျက်ရှိရာ ဒုတိယဇာတ်လမ်း ဖြစ်သည့် “ထာဝရ တွဲလက်များ” ဇာတ်လမ်းတိုကို မကြာမီ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ထုတ်လွှင့်ပြီးသွားသည့် ပထမဇာတ်လမ်းတွဲဖြစ်သည့် “သိရှိခံစား အချစ်စစ် စွမ်းအား” အမည်ရ ရုပ်သံဇာတ်လမ်းအား MRTV, MRTV4, MWD, MWD Docu, MWD, 5 Network, Skynet Channel ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသလျက်ရှိသည်။  ဖေဖော်ဝါရီ ၁၄ရက်နေ့တွင် ကျရောက်ခဲ့သော ချစ်သူများနေ့မှ စတင်၍ တင်ဆက်နေခြင်းဖြစ်ပြီး အူရီးဒူး၏ မြန်နှုန်းမြင့် 3G အင်တာနက်ကို အသုံးပြု၍ အချစ်စစ်တစ်ခုကို ရှာဖွေတွေ့ရှိသူ ချစ်သူနှစ်ဦး၏ ဇာတ်လမ်းတိုသုံးခု အနက်က ပထမဆုံး “ဆုံတွေ့ခြင်း” ကို ထုတ်လွှင့် တင်ဆက်ခဲ့ခြင်းဖြစ်သည်။  အဆိုပါဇာတ်လမ်းတွဲသည် ငယ်ရွယ်နုပျိုသော လူငယ်လေးနှစ်ဦးဖြစ်သည့် ကိုထက် နှင့် မသီရိ တို့၏ အင်တာနက်ကြောင့် ပေါက်ဖွား လာသော အချစ်စစ် တစ်ခုအကြောင်းပေါ်တွင် ဇာတ်အိမ် တည်ထားခြင်းဖြစ်သည်။ ဇာတ်လမ်းထဲတွင် မျက်နှာသစ် သရုပ်ဆောင် ကလေးများ၏ အနုပညာ အရည်အသွေးကို မျက်ဝါးထင်ထင် မြင်တွေ့ရမည်ဖြစ်ပြီး မြန်မာပြည်၏ အလှပဆုံးသော ရူခင်းများ အသာယာဆုံး နေရာများ ကိုလည်း နောက်လာမည့် ဇတ်လမ်းတိုများတွင် ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။ ကြော်ငြာဇာတ်လမ်းတွင် ပါဝင်သည့် ကိုထက် နှင့် မသီရိတို့၏ အချစ်ဇာတ်လမ်းသည် အူရီဒူး၏ မြန်နှုန်းမြင့် 3G အင်တာနက်ကို အသုံးပြု၍ Viber, Facebook, Video Calling များ အသုံးပြုခြင်းဖြင့် ပေါ်ပေါက်လာခြင်း ဖြစ်ပြီး အချစ်ဇာတ်လမ်း၏ ရသကိုလည်း တစ်ခန်းတစ်ကဏ္ဍ အနေဖြင့် ပေးစွမ်း နိုင်စေမှာဖြစ်သည်ဟု အူရီဒူးမြန်မာ၏ လူမှုဆက်ဆံရေး နှင့် ပြန်ကြားရေး အကြီးတန်း မန်နေဂျာ မသီရိကြာညိုကပြောသည်။  



Tuesday, February 17, 2015

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရေးတဲ့ "ကျွန်မ ဖေဖေ" စာအုပ်ထွက်ပြီ



လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးသားသည့် "ကျွန်မ ဖေဖေ" စာအုပ်ကို ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် အလင်္ကာစာအုပ်တိုက်က ထုတ်ဝေပြီး ရာပြည့်မန္တလေးစာအုပ်ဆိုင်က ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်

Friday, February 13, 2015

သမီးမွေးနေ့မှာ မင်္ဂလာ ၁၂ ပါးနဲ့အညီဆောင်ရွက်ပေးတဲ့ ဒေါက်တာမြတ်သစ်ကို ကျေးဇူးတင်ပါတယ်။



သမီး အိမ့်အိမ့်အောင်ရဲ့ ရက် ၁၀၀ ပြည့်မွေးနေ့မှာ နက္ခတ္တဗေဒပညာရှင် Professor Dr. မြတ်သစ်က တကူးတက ကြွရောက်ပြီး လောကီမင်္ဂလာ ၁၂ ပါးနဲ့အညီ ဆောင်ရွက်အပ်တဲ့အမူတွေထဲက ဆောင်ရွက်လို့ရတာတွေကို မေတ္တရှေ့ထားပြီး ဆောင်ရွက်ပေးသွားပါတယ်။ ကြိုတင်စီစဉ် မထားပေမယ့် တကူးတကကြွရောက်လာပြီး စေတနာမေတ္တာနဲ့ ဆောင်ရွက်ပေးတာပါ။ မင်္ဂလာရှိတဲ့နေ့မှာ ပိုပြီးမင်္ဂလာရှိအောင် ဆောင်ရွက်ပေးတဲ့ ဆရာဒေါက်တာမြတ်သစ်ကို လှိုက်လှဲစွာကျေးဇူးတင်ပါတယ်။

Wednesday, February 11, 2015

မနက်ဖန် ပြည်ထောင်စုနေ့မှာ သမီး ရက် ၁၀၀ ပြည့်မွေးနေ့ပွဲလုပ်မယ်

မနက်ဖန် ပြည်ထောင်စုနေ့မှာ သမီးရဲ့ ရက် ၁၀၀ ပြည့်မွေးနေ့လုပ်မယ်။
မိတ်ဆွေတွေအားလုံးကို ဖိတ်ချင်ပါတယ်။
ဒါကြောင့် ဖိတ်စာလေးထုတ်ပြီး လိုက်ဖိတ်မယ်ဆိုတော့လည်း တစ်ယောက်ချင်းစီကို ဖိတ်ဖို့ အဆင်မပြေ။
ဒါနဲ့ Facebook, WeChat, Viber, LINE စတာတွေနဲ့ ဖိတ်စာပို့ဖြစ်ပါတယ်။
ခေတ်နဲ့အညီပေါ့ဗျာ ... အချိန်ကုန် လူသက်သာပေါ့ ...
တစ်ချို့တွေကတော့ ဒီလိုဖိတ်ကြားတာမျိုးကို သိပ်လက်မခံချင်ကြသေးဘူး ...
ဘာပဲဖြစ်ဖြစ်လေ .... ကိုယ်တိုင်သွားပြီးဖိတ်တာနဲ့စာရင် အားလုံးကို ချုံငုံပြီးဖိတ်နိုင်တယ်လို့ ထင်ပါတယ် ...
မလာနိုင်မှန်းသိရက်နဲ့ ဖိတ်ထားတဲ့ မိတ်ဆွေတွေလည်း ရှိပါတယ် ...
လက်လှမ်းမှီရာကိုလည်း ဖိတ်စာနဲ့ဖိတ်ဖြစ်ပါတယ် .......
အားလုံးကို ဖိတ်ပါတယ် ...... အစားအသောက်လေးစားရင် ဆုံချင်တာမို့ ဘာလက်ဆောင်မှ ယူလာစရာမလိုပါဘူး .... ကျွန်တော်တို့ပဲ ဧည့်ခံပါရစေ ။။။။။။။။။။။။။။။။။။။
မိတ်ဆွေ သူငယ်ချင်း ဆွေမျိုးတွေကို တတ်နိုင်သလောက် ကျွေးမွေးမှာပါ။



ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့အထိမ်းအမှတ် ပန်းချီ၊ ပန်းပု၊ ကာတွန်းနဲ့ သမိုင်းမှတ်တမ်းဓာတ်ပုံများပြပွဲ



ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့အထိမ်းအမှတ် ပန်းချီ၊ ပန်းပု၊ ကာတွန်းနဲ့ သမိုင်းမှတ်တမ်းဓာတ်ပုံများပြပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်ကနေ ၁၅ ရက်နေ့ထိ မန္တလေးမြို့ ၈၅ လမ်း၊ ၃၄ နဲ့ ၃၅ လမ်းကြားက ပရိယတ္တိသာသနာ့ဗိမာန် (ဦးလှသိန်းဗိမာန်)မှာကျင်းပနေပါတယ်။
မနက် ၉ နာရီကနေ ညနေ ၆ နာရီထိ ဖွင့်လှစ်ထားမှာပါ။

Tuesday, February 10, 2015

သမီးအတွက် အမည်ပေးခဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

သားဦးအရူးဆိုတော့လည်း အမည်ပေးဖို့ ရူးရပါတယ်။
သမီးအတွက် အမည်ပေးကြမယ်ဆိုတော့ မိတ်ဆွေတွေက သမီးရှေ့ရေးအတွက် ရှေးရှုပြီး အမည်တွေ အမျိုးမျိုးပေးကြတယ်။
ကိုယ်တိုင်က အဲဒါတွေနားမလည်။
နာမည်မလှမှာလည်းစိုးရိမ်။
ဘာပေးရမှန်းကိုမသိဖြစ်ရပါတယ်။
မိတ်ဆွေတွေကပေးတဲ့အမည်တွေကလည်း အမျိုးမျိုး။
 အဓိပ္ပာယ်အမျိုးမျိုး၊ နည်းအမျိုးမျိုးနဲ့ ပေးကြတာပေါ့။
ရွေးချယ်ရခက်နေချိန်မှာ အမည်ပေးဖို့ တတ်ကျွမ်းသူကို အားကိုးရပြီပေါ့။
ဗေဒင် နက္ခတ်ပညာရှင်ဆိုသူတွေကို အားကိုးရပြီ။
အမည်ပေးခဲ့တဲ့ မိတ်ဆွေတွေကို အားနာရပြီ။
သမီးအတွက် စဉ်းစားပေးကြတာကို ကျေးဇူးတင်ပါတယ်။

သမီးရဲ့ အမည်ကို အိမ့်အိမ့်အောင် လို့ပေးဖြစ်ပါတယ်။

Monday, February 9, 2015

သမီးလေးကို အိမ့်အိမ့်အောင်လို့ နာမည်ပေးထားတယ်

လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ သမီး ရက် ၁၀၀ ပြည့်မယ်။
ရက် ၁၀၀ ပြည့်မွေးနေ့ လုပ်ပေးမယ်။
ခက်နေတာက အမည်ပေးကင်ပွန်းတပ်ပါ လုပ်ရမယ်။

ပညာတတ်တွေများလာပြီး ပညာနဲ့ ထိုက်တန်တဲ့သူတွေဖြစ်နိုင်ပါစေဗျာ.........

ကျောင်းသားတွေ ဆန္ဒပြနေကြတာကိုတွေ့တော့ ၈၈၈၈ အရေးအခင်းကို ပြန်သတိရတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ့်ကိုယ်ကိုတောင် အသက်တွေ ကြီးလာတာ အခုမှ သတိထားမိတယ်။ ၈၈၈၈ အရေးအခင်းကာလက ၈ တန်းကျောင်းသား၊ အခုတော့ ကျောင်းနဲ့ဝေးတာ နှစ်အ ၂၀ တောင် မကတော့ဘူး။ ဒီနှစ်ဆို အသက် ၄၂ နှစ်ပြည့်တော့မယ်။

Friday, February 6, 2015

လက်ဆင့်ကမ်းခဲ့သော မန္တလေးရှေးဟောင်း သင်္ကြန် (ဆူးဌက်)

လက်ဆင့်ကမ်းခဲ့သော မန္တလေးရှေးဟောင်း သင်္ကြန် ...၊ အခု ...။ 

နိဂုံးကမ္ပတ်၊ အဆုံးသက်ပြီလော...။

နောင်နှစ်ခါလည်း ဆီးလို့ကြိုကွယ်..မောင်ကြီးလာပါမယ် ... ဟု လက်ဆင့်ကမ်းခဲ့သော မန္တလေးရှေးဟောင်း သင်္ကြန် ...၊ အခု ...။
နိဂုံးကမ္ပတ်၊ အဆုံးသတ်ပြီလော ...။ 

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်နဲ့ နှစ်သစ်ကို ကြိုမယ်။

ဆောင်းနှင်းငွေ့မပြယ်မီမှာပင် သင်္ကြန်ခံစားမှုက ပူးဝင်လာချေပြီ။
သည်လိုခံစားမှုလေးတွေ ပူးဝင်လာတော့ အိမ်ရှိသင်္ကြန်သီချင်းမူရင်း အဟောင်းလေးတွေ ပြန်ရှာနားထောင်ကာ ဆွတ်ပျံ့ဖွယ်အတိတ်စာမျက်နှာများကို ပြန်လှန်ရသည်ချည်း ...။ သင်္ကြန်ရင်ခုန်သံကလည်း အတိတ်မှာပဲ ကျန်ရစ်ခဲ့သည်လေ..။
တူးပို့ တူးပို့ ဒိုးဆစ်သံနှင့်အတူ ပိတောက်ပွင့်တွေ လှုပ်ခါနေ၏။ အစိမ်းစွက်သော အ၀ါရောင်ပုံရိပ်တွေ ယိမ်းထိုးသွားသည်။