နွေတောင် အဆင်သင့်ဖြစ်နေပြီ
တကယ်ကိုပူတယ်
Monday, March 30, 2015
Friday, March 6, 2015
ကျောင်းသားတွေအရေး
ကျောင်းသားတွေအရေး ရတတ်မအေးရပါလား။
ဒီမိုကရေစီစံနှုန်းနဲ့ညီတဲ့ ပညာရေးစနစ်ကို အကောင်းဆုံးနည်းလမ်းတွေနဲ့ ပြောင်းနိုင်ကြပါစေဗျာ။
ဒီမိုကရေစီစံနှုန်းနဲ့ညီတဲ့ ပညာရေးစနစ်ကို အကောင်းဆုံးနည်းလမ်းတွေနဲ့ ပြောင်းနိုင်ကြပါစေဗျာ။
Tuesday, March 3, 2015
Friday, February 27, 2015
အူရီဒူးမြန်မာက တင်ဆက်သည့် ထာဝရတွဲလက်များ ဇာတ်လမ်းတိုအား ရုပ်မြင်သံကြားများတွင် ထုတ်လွှင့်ပြသမည်
အူရီဒူးမြန်မာ၏ မြန်ဆန်သော 3G အင်တာနက်အကြောင်း မိုဘိုင်းဖုန်းသုံးစွဲသူများ
ပိုမိုသိစေရန်အတွက် ဇာတ်လမ်းတိုများကို ရုပ်မြင်သံကြားများတွင် ပြသလျက်ရှိရာ ဒုတိယဇာတ်လမ်း
ဖြစ်သည့် “ထာဝရ တွဲလက်များ” ဇာတ်လမ်းတိုကို မကြာမီ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း
သိရသည်။
အူရီဒူးမြန်မာက တင်ဆက်သည့် ထာဝရတွဲလက်များ ဇာတ်လမ်းတိုအား ရုပ်မြင်သံကြားများတွင် ထုတ်လွှင့်ပြသမည်အူရီဒူးမြန်မာက တင်ဆက်သည့် ထာဝရတွဲလက်များ ဇာတ်လမ်းတိုအား ရုပ်မြင်သံကြားများတွင် ထုတ်လွှင့်ပြသမည် အူရီဒူးမြန်မာ၏ မြန်ဆန်သော 3G အင်တာနက်အကြောင်း မိုဘိုင်းဖုန်းသုံးစွဲသူများ ပိုမိုသိစေရန်အတွက် ဇာတ်လမ်းတိုများကို ရုပ်မြင်သံကြားများတွင် ပြသလျက်ရှိရာ ဒုတိယဇာတ်လမ်း ဖြစ်သည့် “ထာဝရ တွဲလက်များ” ဇာတ်လမ်းတိုကို မကြာမီ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ထုတ်လွှင့်ပြီးသွားသည့် ပထမဇာတ်လမ်းတွဲဖြစ်သည့် “သိရှိခံစား အချစ်စစ် စွမ်းအား” အမည်ရ ရုပ်သံဇာတ်လမ်းအား MRTV, MRTV4, MWD, MWD Docu, MWD, 5 Network, Skynet Channel ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသလျက်ရှိသည်။ ဖေဖော်ဝါရီ ၁၄ရက်နေ့တွင် ကျရောက်ခဲ့သော ချစ်သူများနေ့မှ စတင်၍ တင်ဆက်နေခြင်းဖြစ်ပြီး အူရီးဒူး၏ မြန်နှုန်းမြင့် 3G အင်တာနက်ကို အသုံးပြု၍ အချစ်စစ်တစ်ခုကို ရှာဖွေတွေ့ရှိသူ ချစ်သူနှစ်ဦး၏ ဇာတ်လမ်းတိုသုံးခု အနက်က ပထမဆုံး “ဆုံတွေ့ခြင်း” ကို ထုတ်လွှင့် တင်ဆက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဇာတ်လမ်းတွဲသည် ငယ်ရွယ်နုပျိုသော လူငယ်လေးနှစ်ဦးဖြစ်သည့် ကိုထက် နှင့် မသီရိ တို့၏ အင်တာနက်ကြောင့် ပေါက်ဖွား လာသော အချစ်စစ် တစ်ခုအကြောင်းပေါ်တွင် ဇာတ်အိမ် တည်ထားခြင်းဖြစ်သည်။ ဇာတ်လမ်းထဲတွင် မျက်နှာသစ် သရုပ်ဆောင် ကလေးများ၏ အနုပညာ အရည်အသွေးကို မျက်ဝါးထင်ထင် မြင်တွေ့ရမည်ဖြစ်ပြီး မြန်မာပြည်၏ အလှပဆုံးသော ရူခင်းများ အသာယာဆုံး နေရာများ ကိုလည်း နောက်လာမည့် ဇတ်လမ်းတိုများတွင် ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။ ကြော်ငြာဇာတ်လမ်းတွင် ပါဝင်သည့် ကိုထက် နှင့် မသီရိတို့၏ အချစ်ဇာတ်လမ်းသည် အူရီဒူး၏ မြန်နှုန်းမြင့် 3G အင်တာနက်ကို အသုံးပြု၍ Viber, Facebook, Video Calling များ အသုံးပြုခြင်းဖြင့် ပေါ်ပေါက်လာခြင်း ဖြစ်ပြီး အချစ်ဇာတ်လမ်း၏ ရသကိုလည်း တစ်ခန်းတစ်ကဏ္ဍ အနေဖြင့် ပေးစွမ်း နိုင်စေမှာဖြစ်သည်ဟု အူရီဒူးမြန်မာ၏ လူမှုဆက်ဆံရေး နှင့် ပြန်ကြားရေး အကြီးတန်း မန်နေဂျာ မသီရိကြာညိုကပြောသည်။
Tuesday, February 17, 2015
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရေးတဲ့ "ကျွန်မ ဖေဖေ" စာအုပ်ထွက်ပြီ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးသားသည့် "ကျွန်မ ဖေဖေ" စာအုပ်ကို ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် အလင်္ကာစာအုပ်တိုက်က ထုတ်ဝေပြီး ရာပြည့်မန္တလေးစာအုပ်ဆိုင်က ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်
Friday, February 13, 2015
သမီးမွေးနေ့မှာ မင်္ဂလာ ၁၂ ပါးနဲ့အညီဆောင်ရွက်ပေးတဲ့ ဒေါက်တာမြတ်သစ်ကို ကျေးဇူးတင်ပါတယ်။
သမီး အိမ့်အိမ့်အောင်ရဲ့ ရက် ၁၀၀ ပြည့်မွေးနေ့မှာ နက္ခတ္တဗေဒပညာရှင် Professor Dr. မြတ်သစ်က တကူးတက ကြွရောက်ပြီး လောကီမင်္ဂလာ ၁၂ ပါးနဲ့အညီ ဆောင်ရွက်အပ်တဲ့အမူတွေထဲက ဆောင်ရွက်လို့ရတာတွေကို မေတ္တရှေ့ထားပြီး ဆောင်ရွက်ပေးသွားပါတယ်။ ကြိုတင်စီစဉ် မထားပေမယ့် တကူးတကကြွရောက်လာပြီး စေတနာမေတ္တာနဲ့ ဆောင်ရွက်ပေးတာပါ။ မင်္ဂလာရှိတဲ့နေ့မှာ ပိုပြီးမင်္ဂလာရှိအောင် ဆောင်ရွက်ပေးတဲ့ ဆရာဒေါက်တာမြတ်သစ်ကို လှိုက်လှဲစွာကျေးဇူးတင်ပါတယ်။
Wednesday, February 11, 2015
မနက်ဖန် ပြည်ထောင်စုနေ့မှာ သမီး ရက် ၁၀၀ ပြည့်မွေးနေ့ပွဲလုပ်မယ်
မနက်ဖန် ပြည်ထောင်စုနေ့မှာ သမီးရဲ့ ရက် ၁၀၀ ပြည့်မွေးနေ့လုပ်မယ်။
မိတ်ဆွေတွေအားလုံးကို ဖိတ်ချင်ပါတယ်။
ဒါကြောင့် ဖိတ်စာလေးထုတ်ပြီး လိုက်ဖိတ်မယ်ဆိုတော့လည်း တစ်ယောက်ချင်းစီကို ဖိတ်ဖို့ အဆင်မပြေ။
ဒါနဲ့ Facebook, WeChat, Viber, LINE စတာတွေနဲ့ ဖိတ်စာပို့ဖြစ်ပါတယ်။
ခေတ်နဲ့အညီပေါ့ဗျာ ... အချိန်ကုန် လူသက်သာပေါ့ ...
တစ်ချို့တွေကတော့ ဒီလိုဖိတ်ကြားတာမျိုးကို သိပ်လက်မခံချင်ကြသေးဘူး ...
ဘာပဲဖြစ်ဖြစ်လေ .... ကိုယ်တိုင်သွားပြီးဖိတ်တာနဲ့စာရင် အားလုံးကို ချုံငုံပြီးဖိတ်နိုင်တယ်လို့ ထင်ပါတယ် ...
မလာနိုင်မှန်းသိရက်နဲ့ ဖိတ်ထားတဲ့ မိတ်ဆွေတွေလည်း ရှိပါတယ် ...
လက်လှမ်းမှီရာကိုလည်း ဖိတ်စာနဲ့ဖိတ်ဖြစ်ပါတယ် .......
အားလုံးကို ဖိတ်ပါတယ် ...... အစားအသောက်လေးစားရင် ဆုံချင်တာမို့ ဘာလက်ဆောင်မှ ယူလာစရာမလိုပါဘူး .... ကျွန်တော်တို့ပဲ ဧည့်ခံပါရစေ ။။။။။။။။။။။။။။။။။။။
မိတ်ဆွေ သူငယ်ချင်း ဆွေမျိုးတွေကို တတ်နိုင်သလောက် ကျွေးမွေးမှာပါ။

ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့အထိမ်းအမှတ် ပန်းချီ၊ ပန်းပု၊ ကာတွန်းနဲ့ သမိုင်းမှတ်တမ်းဓာတ်ပုံများပြပွဲ
ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့အထိမ်းအမှတ် ပန်းချီ၊ ပန်းပု၊ ကာတွန်းနဲ့ သမိုင်းမှတ်တမ်းဓာတ်ပုံများပြပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်ကနေ ၁၅ ရက်နေ့ထိ မန္တလေးမြို့ ၈၅ လမ်း၊ ၃၄ နဲ့ ၃၅ လမ်းကြားက ပရိယတ္တိသာသနာ့ဗိမာန် (ဦးလှသိန်းဗိမာန်)မှာကျင်းပနေပါတယ်။
မနက် ၉ နာရီကနေ ညနေ ၆ နာရီထိ ဖွင့်လှစ်ထားမှာပါ။
Tuesday, February 10, 2015
သမီးအတွက် အမည်ပေးခဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။
သားဦးအရူးဆိုတော့လည်း အမည်ပေးဖို့ ရူးရပါတယ်။
သမီးအတွက် အမည်ပေးကြမယ်ဆိုတော့ မိတ်ဆွေတွေက သမီးရှေ့ရေးအတွက် ရှေးရှုပြီး အမည်တွေ အမျိုးမျိုးပေးကြတယ်။
ကိုယ်တိုင်က အဲဒါတွေနားမလည်။
နာမည်မလှမှာလည်းစိုးရိမ်။
ဘာပေးရမှန်းကိုမသိဖြစ်ရပါတယ်။
မိတ်ဆွေတွေကပေးတဲ့အမည်တွေကလည်း အမျိုးမျိုး။
အဓိပ္ပာယ်အမျိုးမျိုး၊ နည်းအမျိုးမျိုးနဲ့ ပေးကြတာပေါ့။
ရွေးချယ်ရခက်နေချိန်မှာ အမည်ပေးဖို့ တတ်ကျွမ်းသူကို အားကိုးရပြီပေါ့။
ဗေဒင် နက္ခတ်ပညာရှင်ဆိုသူတွေကို အားကိုးရပြီ။
အမည်ပေးခဲ့တဲ့ မိတ်ဆွေတွေကို အားနာရပြီ။
သမီးအတွက် စဉ်းစားပေးကြတာကို ကျေးဇူးတင်ပါတယ်။
သမီးရဲ့ အမည်ကို အိမ့်အိမ့်အောင် လို့ပေးဖြစ်ပါတယ်။

Monday, February 9, 2015
သမီးလေးကို အိမ့်အိမ့်အောင်လို့ နာမည်ပေးထားတယ်
လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ သမီး ရက် ၁၀၀ ပြည့်မယ်။
ရက် ၁၀၀ ပြည့်မွေးနေ့ လုပ်ပေးမယ်။
ခက်နေတာက အမည်ပေးကင်ပွန်းတပ်ပါ လုပ်ရမယ်။
ရက် ၁၀၀ ပြည့်မွေးနေ့ လုပ်ပေးမယ်။
ခက်နေတာက အမည်ပေးကင်ပွန်းတပ်ပါ လုပ်ရမယ်။
ပညာတတ်တွေများလာပြီး ပညာနဲ့ ထိုက်တန်တဲ့သူတွေဖြစ်နိုင်ပါစေဗျာ.........
ကျောင်းသားတွေ ဆန္ဒပြနေကြတာကိုတွေ့တော့ ၈၈၈၈ အရေးအခင်းကို ပြန်သတိရတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ့်ကိုယ်ကိုတောင် အသက်တွေ ကြီးလာတာ အခုမှ သတိထားမိတယ်။ ၈၈၈၈ အရေးအခင်းကာလက ၈ တန်းကျောင်းသား၊ အခုတော့ ကျောင်းနဲ့ဝေးတာ နှစ်အ ၂၀ တောင် မကတော့ဘူး။ ဒီနှစ်ဆို အသက် ၄၂ နှစ်ပြည့်တော့မယ်။
Friday, February 6, 2015
လက်ဆင့်ကမ်းခဲ့သော မန္တလေးရှေးဟောင်း သင်္ကြန် (ဆူးဌက်)
လက်ဆင့်ကမ်းခဲ့သော မန္တလေးရှေးဟောင်း သင်္ကြန် ...၊ အခု ...။
နိဂုံးကမ္ပတ်၊ အဆုံးသက်ပြီလော...။
နောင်နှစ်ခါလည်း ဆီးလို့ကြိုကွယ်..မောင်ကြီးလာပါမယ် ... ဟု လက်ဆင့်ကမ်းခဲ့သော မန္တလေးရှေးဟောင်း သင်္ကြန် ...၊ အခု ...။
နိဂုံးကမ္ပတ်၊ အဆုံးသတ်ပြီလော ...။
![]() |
| မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်နဲ့ နှစ်သစ်ကို ကြိုမယ်။ |
ဆောင်းနှင်းငွေ့မပြယ်မီမှာပင် သင်္ကြန်ခံစားမှုက ပူးဝင်လာချေပြီ။
သည်လိုခံစားမှုလေးတွေ ပူးဝင်လာတော့ အိမ်ရှိသင်္ကြန်သီချင်းမူရင်း အဟောင်းလေးတွေ ပြန်ရှာနားထောင်ကာ ဆွတ်ပျံ့ဖွယ်အတိတ်စာမျက်နှာများကို ပြန်လှန်ရသည်ချည်း ...။ သင်္ကြန်ရင်ခုန်သံကလည်း အတိတ်မှာပဲ ကျန်ရစ်ခဲ့သည်လေ..။
တူးပို့ တူးပို့ ဒိုးဆစ်သံနှင့်အတူ ပိတောက်ပွင့်တွေ လှုပ်ခါနေ၏။ အစိမ်းစွက်သော အ၀ါရောင်ပုံရိပ်တွေ ယိမ်းထိုးသွားသည်။
Wednesday, February 4, 2015
ယူနိုက်တက်အမရဘဏ်ခွဲ မန္တလေးမြို့တွင် ၃ ဘဏ်ဆက်တိုက်ဖွင့်လှစ်
ယူနိုက်တက်အမရဘဏ်ရဲ့ ၃၈ ဘဏ်မြောက်ဘဏ်ခွဲ မင်္ဂလာဈေးဘဏ်ခွဲကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၃ လမ်းနဲ့ ၃၁ လမ်းထောင့်မှာ ဖေဖော်ဝါရီလ ၎
ရက်နေ့က စတင်ဖွင့်လှစ်ပါတယ်။
gtalk ရပ်တော့မယ်
gtalk သိပ်မသုံးဖြစ်တာတောင် ကြာနေပြီ။
ဒီနေ့ ဖွင့်ကြည့်လိုက်တော့ Feb 16 ဆိုရပ်တော့မယ်ဆိုတဲ့ message ၀င်လာတယ်။
Google Talk app for Windows will stop working on Feb 16 2015. It is replaced by the new Hangouts Chrome app. Install the Hangouts app from http://goo.gl/yglfk6
Tuesday, February 3, 2015
ရေချိုးတဲ့အခါ ဒီအချက်လေးတွေ မှားယွင်းစွာ လုပ်ဆောင်တတ်ကြ
ရေချိုးတဲ့အခါ ဒီအချက်လေးတွေ မှားယွင်းစွာ လုပ်ဆောင်တတ်ကြတာ
ရေချိုးခြင်းဟာ တစ်ကိုယ်ရေသန့်ရှင်းဖို့နဲ့ အသားအရေအတွက် ကောင်းတယ်ဆိုပေမယ့် နည်းလမ်းအမှားတွေနဲ့ ရေချိုးမိတဲ့အခါမှာတော့ အကျိုးရလာဒ်မကောင်းနိုင်ပါဘူး။ ဒီတော့ ရေချိုးတဲ့အခါ ဘယ်လိုအချက်မျိုးတွေကို သတိထားသင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

အမြင်
ဆုံးသွားတဲ့ ယောက်ျားရဲ့  အုတ်ဂူကို မိန်းမလုပ်တဲ့သူက ယပ်ခတ်ပေးနေတာကို မြင်တော့
'' သြော်.. ဒီမိန်းမ သူ့ယောက်ျားကို အတော်ချစ်ရှာတာပဲ..။ သွားလေသူကိုတောင် အေးအေးချမ်...းချမ်းနေစေချင်လို့ ယပ်ခတ်ပေးနေရှာတယ် '' လို့.. ထင်သူက ထင်တယ်..။
'' သြော်.. ဒီမိန်းမ သူ့ယောက်ျားကို အတော်ချစ်ရှာတာပဲ..။ သွားလေသူကိုတောင် အေးအေးချမ်...းချမ်းနေစေချင်လို့ ယပ်ခတ်ပေးနေရှာတယ် '' လို့.. ထင်သူက ထင်တယ်..။
တကယ်က..
'' သူ့အုတ်ဂူ မခြောက်ခင်.. နောက်အိမ်ထောင်မပြု ပါနဲ့လို့.. ဟိုကမှာသွားလို့.. မြန်မြန်ခြောက်အောင် ယပ်ခတ်ပေးနေတာ '' တဲ့..။
ဒီလိုပါပဲ..။
ကျွန်တော်တို့တတွေဟာ.. တထောင့်တနားဖြစ်ပွားချက်တွေကို.. ဂဃဏနမသိဘဲ.. ကိုယ့်အမြင်တွေနဲ့ ဆွဲယူသုံးသပ်ပုံဖော်လေ့ရှိကြတယ်..။
အထူးသဖြင့် စိတ်ခံစားချက်ဦးစားပေးလွန်းသူတွေ ပိုဆိုးပါတယ်..။
ဖြစ်စဉ်ကို .. သေချာမသိပေမယ့်.. ကိုယ့်အကြိုက်နဲ့... ကိုယ်ဖြစ်စေချင်တာနဲ့.. မကိုက်ကိုက်အောင်
နှိုင်းယှဉ်ခံစားပြီး အဖြေထုတ်ပစ်လိုက်ကြတယ်..။
အဲ့ဒီတော့လည်း.. အကောင်းအဆိုး-အကြောင်းအကျိုး ကို ဘယ်လိုလုပ်ဝေဖန်ပိုင်းခြားနိုင်တော့မှာ
လဲ..။
ထင်ရာ မြင်ရာတွေနောက် ကောက်ကောက်ပါအောင်လိုက်နေရင်းနဲ့ပဲ အမှန်တရားနဲ့ ဝေးသထက်ဝေးကုန်ကြတော့တာပဲ..။
သူတို့ထက်ဆိုးတာက..
မမှန်မှန်းသိသိချည်းနဲ့.. ကိုယ်တိုင်လည်းနှစ်နှစ်ကာကာယုံကြည်တာမဟုတ်ဘဲနဲ့.. ကိုယ်ကိုယ့်ကို အပျောက်ဆုံးခံပြီး.. မဟုတ်မဟပ်တွေကို လုပ်ဇာတ်ခင်းနေသူတွေပဲ..။
Ko Navana ရဲ့ ဖေ့ဘုတ်မှ ကူးယူသည်။

Friday, January 30, 2015
မြန်မာနိုင်ငံ အရှေ့မြောက်တံခါး လက်ရှိ မူဆယ်နဲ့ အနာဂတ် မူဆယ်
မြန်မာနိုင်ငံ အရှေ့မြောက်တံခါး လက်ရှိ မူဆယ်နဲ့ အနာဂတ် မူဆယ်
ကားကြီး၊ ကားငယ်အသွယ် သွယ်နဲ့ ကုန်စည်စီးဆင်းမှုတွေ နေ့စဉ် စည်ကားနေတဲ့ မူဆယ်မြို့ဟာ လမ်း တွေပျက်၊ ကားတွေကျပ်နေပြီး ဒေသ ဖွံ့ဖြိုးရေးဟာ တဖက်နိုင်ငံနဲ့ နှိုင်းယှဉ် မယ်ဆိုရင် များစွာကွာခြားနေတယ်။
See More at : http://www.thetradetimesmedia.com/?p=11016

Wednesday, January 28, 2015
အီးမေးလ် နဲ့ ဂျီမေးလ်
အရင်ရက်က Digital Journalism သင်တန်းမှာ ပြောဖြစ်ခဲ့တာနဲ့ တိုက်ဆိုင်လို့
ဒီနေ့ Facebook မှာ သတင်းတစ်ပုဒ်ကို ဓာတ်ပုံရိုက်ပြီး ပို့စ်တစ်ခုတင်လိုက်တယ်။
အီးမေးလ် နဲ့ ဂျီမေးလ် မကွဲပြားသေးတဲ့အကြောင်းပါ။
သတင်းမှာ အီးမေးလ်အစား ဂျီမေးလ် ဆိုတဲ့အသုံးပါလာတော့ မှတ်မှတ်ရရကို
ဓာတ်ပုံရိုက်ပြီး ဖွဘုတ်ပေါ်တင်လိုက်မိတယ်။
အဲဒီမှာ ဒီအကြောင်းအရာကို အင်တာနက်ဂျာနယ်မှာ ပါပြီးသားဆိုတာကို
ပြောလာတာ တွေ့ရတယ်။ သတင်းပေးတဲ့ source ကလည်း တက်လာပြီး သတင်းရေးတဲ့သူကို အဲဒီအကြောင်းအရာ
မပေးပါဘူးလို့ comment မှာ ၀င်ရေးတယ်။
ကိုယ်ကတော့ တိုက်ဆိုင်လို့ တင်လိုက်တာပါ။
https://www.facebook.com/photo.php?fbid=10152621579013085&set=a.10150305038573085.341958.733413084&type=1&theater
အင်တာနက်ဂျာနယ်ပါ သတင်း http://internetjournal.media/new/1271
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ဖုန်းတွီးကျေးရွာတွင် တည်ဆောက်မည့် ကြိုးတံတားအတွက် One More အဖွဲ့မှ ငွေကျပ်သိန်း ၄၀ လှူဒါန်း
လူတစ်ဦး တစ်လ တစ်ထောင်ကျပ်နှုန်းလှူဒါန်းငွေတွေနဲ့ တည်ထောင်ထားတဲ့
One More အဖွဲ့က ဆိုင်ကယ်/လူကူး ကြိုးတံတား တည်ဆောက်ဖို့ အလှူငွေ သိန်း ၄၀ ကို ဇန်န၀ါရီလ
၂၆ ရက်နေ့ မွန်းလွဲ ၄ နာရီက မန္တလေးမြို့ ၇၃ လမ်း၊ မင်္ဂလာမန္တလေး အနုပညာလမ်းက သီရိ ပန်းချီအနုပညာ
ပြခန်းမှာ ကျင်းပပါတယ်။
ဒီအလှူငွေကို One More အဖွဲ့ကိုယ်စား စာရေးဆရာသင့်နော်နှင့် ဦးပုညဆွေ
(ရာပြည့်မန္တလေး-စာအုပ်ဆိုင်)တို့က ဆက်ကပ်လှူဒါန်းတာဖြစ်ပြီး ချင်းပြည်နယ်တောင်ပိုင်း၊
ကန်ပက်လက်မြို့နယ်၊ ဖုန်းတွီးကျင်းကျေးရွာမှ ကျောင်းထိုင်ဆရာတော် အရှင်အာလောက လက်ခံပါတယ်။
ဆိုင်ကယ်နှင့် လူကူးကြိုးတံတား တည်ဆောက်မှာက ချင်းပြည်နယ်တောင်ပိုင်း၊
ကန်ပက်လက်မြို့နယ်၊ ဖုန်းတွီးကျင်းကျေးရွာနှင့် ဟုတ်ဖုံကျင်းကျေးရွာ ဆက်သွယ်မည့် မုန်းချောင်းဖြတ်
ကြိုးတံတားဖြစ်ပြီး ပေ ၅၀၀ ခန့် အရှည်ရှိပါမယ်။ ကုန်ကျစရိတ်မှာ ၁၂၈ သိန်းခန့် ခန့်မှန်းထားတာဖြစ်ပြီး
အလှူငွေတွေ မပြည့်စုံသေးပေမယ့် ဖေဖော်ဝါရီလ ပထမပတ်မှာ လုပ်ငန်းစတင်မှာဖြစ်ပါတယ်။
Tuesday, January 27, 2015
ကြက်ဈေးကျ ကြက်ခြံပိတ်ရမယ့်ကိန်းစိုက်
ပြည်တွင်းဈေးကွက်သို့ ပြည်ပနိုင်ငံများမှ ကြက်သားနှင့်ကြက်ဥများ တရားမဝင်တင်သွင်းနေမှုများကြောင့် ပြည်တွင်းမှ ထွက်ရှိသောကြက်သားနှင့်ကြက်ဥဈေးကွက် ၀ယ်လိုအားကျဆင်းနေပြီး ကြက်ခြံများ ပိတ်ရတော့မည့်ကိန်းစိုက်နေကြောင်း သိရသည်။
ပြည်တွင်းဈေးကွက်တွင် ကြက်သားနှင့်ဥဈေး နှုန်းများ ဆက်တိုက်ကျဆင်းလျက်ရှိရာ ခြံဖမ်းဈေးသည် ယခင်နှစ်က ကြက်တစ်ပိဿာလျှင် ကျပ် ၄၇၀၀ ခန့် နှင့် ကြက်ဥ ၃၀ပါတစ်ကဒ်လျှင် ကျပ်၃၀၀၀ ကျော် ဈေးရှိခဲ့ပြီး လက်ရှိအချိန် တွင် ကြက်တစ်ပိဿာလျှင် ကျပ်၂၅၀၀ ခန့် ဈေးရှိပြီး ကြက်ဥ ၃၀ပါတစ်ကဒ် ကျပ်၂၂၀၀ ခန့်အထိ ကျဆင်းသွားသည်ဟုသိရသည်။

Subscribe to:
Comments (Atom)

.png)