Thursday, February 19, 2009

Dammha Links

http://theinngu.org/ (သဲအင်းဂူဆရာတော်)
http://www.mahasi.org.mm/ (မဟာစည်-၁)
http://www.mahasi.org/ (မဟာစည်-၂)
http://www.dhammaceti.org/home.htm (ဘုန်းဘုန်းကောသလ္လ)
http://dhammaduta.net/ (အရှင်ပညိဿရ-ဓမ္မဒူတ)
http://www.shweparami.net/ (အရှင်ဆန္ဒာဓိက)
http://www.yawainwe.net/ (အရှင်ရာဇိန္ဒ)(ရဝေနွယ်-အင်းမ)
http://mettashin.com/ (အရှင်ဇ၀န)(မေတ္တာရှင်-ရွှေပြည်သာ
-၁)
http://mettashin.dhammathukha.com/index.php?option=com_content&view=frontpage
(အရှင်ဇ၀န)(မေတ္တာရှင်-ရွှေပြည်သာ-၂)
http://www.shwehinthar.com/buddhism/ (ရွှေဟင်္သာဆရာတော်)
http://www.sitagu.org/home/ (သီတဂူဆရာတော်)
http://www.pilotsayadaw.net/ (အရှင်ဇေယျပဏ္ဍိတ-ပိုင်းလော့ဆရာတော်)
http://www.chanmyay.org/ (ချမ်းမြေ့ဆရာတော်)
http://majjhimagonyi.info/ (အရှင်ကောဝိဒ-မဇ္ဈိမဂုဏ်ရည်)
http://www.paauktawya.org/ (ဖားအောက်တောရဆရာတော်)
http://www.phyusayadaw.com/ (ဖြူးဆရာတော်)
http://www.theravada-3p.org/ (ဆရာဦးမြင့်လွင်-သန့်တည်ပွား)
http://www.mogokinsightny.org/ (မိုးကုတ်ဆရာတော်ဘုရားကြီး)
http://realenlightenment.org/ (အရှင်ဥတ္တမသာရ)
http://www.lknt.org/ (အရှင်လောကနာထ)
http://lknt115.blogspot.com/ (အရှင်လောကနာထ)
http://kathitwinemyanmar.blogspot.com/ (ကသစ်ဝိုင်ဝိပဿနာ ဓမ္မရိပ်သာ)
http://www.dhammaduta.co.cc/ (အရှင်ဆေကိန္ဒ-ဓမ္မဒူတ)

Sunday, February 8, 2009

၂၀၀၇ အကယ်ဒမီ ပေးပွဲမှာ မန္တလေးက ကိုးဆယ်ဆသာသွားပါပြီ .....

၂၀၀၇ အကယ်ဒမီဆုပေးပွဲမှာ မန္တလေးက ကိုးဆယ်ဆသာသွားပါပြီ ...
မန္တလေးက ထုတ်လုပ်တဲ့ဇာတ်ကားတစ်ခုထဲကပဲ ၅ ဆုရသွားပါတယ် ...
နောက်ပြီး မန္တလေးက ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ တေးဂီတဆု သုံးဆုရပါတယ် ....
မန္တလေးက ရာနှုန်းပြည့်နီးပါး အကယ်ဒမီရတဲ့အတွက် တကယ်ကို ကိုးဆယ်ဆသာသွားပါပြီ ......

၂၀၀၇ ခုနှစ် အကယ်ဒမီဆုချီးမြှင့်ပွဲ၏ အကယ်ဒမီဆုများကို "ကိုးဆယ်ဆသာလိမ့်မယ်" ဇာတ်ကားမှ အများဆုံး ဆွတ်ခူးရရှိသွားခဲ့ပါတယ် ...
ယခုနှစ်အ အကယ်ဒမီဆုချီးမြှင့်ပွဲတွင် ထူးခြားမှုကတော့ အမျိုးသမီး သရုပ်ဆောင်ဆုနှင့် အမျိုးသမီးဇာတ်ပို့ဆုတို့ ပေးအပ်ချီးမြှင့်ခြင်း မရှိသလို
အခြား အကယ်ဒမီဆုများဖြစ်သည့် ဇာတ်ညွှန်းဆု၊ တည်းဖြတ်ဆု၊ အသံပိုင်းဆိုင်ရာ ဆုများလည်း ရွေးချယ်ပေးအပ်ခဲ့ခြင်း မရှိပါဘူး။

ဇာတ်ကားဆု - ကိုးဆယ်ဆသာလိမ့်မယ် (မြင့်မာလာ ရုပ်ရှင်ထုတ်လုပ်ရေး)

ဒါရိုက်တာဆု - မြိုတော်မောင်ယဉ်အောင် (ကိုးဆယ်ဆသာလိမ့်မယ်)

အမျိုးသားသရုပ်ဆောင်ဆု - ကျော်ရဲအောင် (ကိုးဆယ်ဆသာလိမ့်မယ်)

အမျိုးသားဇာတ်ပို့ဆု - မိုးဒီ (ကိုးဆယ်ဆသာလိမ့်မယ်)
 
ရုပ်ရှင်ဓါတ်ပုံဆု - ကျောက်ဖြူ (ပဒေသာ) (ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ)

ရုပ်ရှင်တေးဂီတဆု- စိန်မွတ်တား (ကိုးဆယ်ဆသာလိမ့်မယ်)

အမျိုးသမီးဇာတ်ပို့ဆု- ဆုချီးမြှင့်ခြင်းမရှိပါ။
ရုပ်ရှင်တည်းဖြတ်ဆု - ဆုချီးမြှင့်ခြင်းမရှိပါ။
ရုပ်ရှင်အသံဆု- ဆုချီးမြှင့်ခြင်းမရှိပါ။
ရုပ်ရှင်ဇာတ်ညွှန်းဆု - ဆုချီးမြှင့်ခြင်းမရှိပါ။
အမျိုးသမီးသရုပ်ဆောင်ဆု- ဆုချီးမြှင့်ခြင်းမရှိပါ။

Saturday, February 7, 2009

၂၀၀၇ အတွက် အကယ်ဒမီပေးနေပြီ

၂၀၀၇ အတွက် အကယ်ဒမီပေးပွဲလုပ်နေပါတယ် ...

မန္တလေးက ဒါရိုက်တာမောင်ယဉ်အောင်နဲ့
မန္တလေးက တေးဂီတ စိန်မွတ္တား တို့ရနေကြပြီ .....

Thursday, January 8, 2009

ခင်ခင်ထူးရဲ့ ပန်းကြာဝတ်မှုန် လုံးချင်းဝတ္တုစာအုပ် ထွက်ရှိ

မန္တလေးတက္ကသိုလ်နောက်ခံရေးဖွဲ့ထားတဲ့ စာရေးဆရာမ ခင်ခင်ထူးရဲ့
ပန်းကြာဝတ်မှုန် လုံးချင်းဝတ္တု စာအုပ် ထွက်ရှိပါပြီ။

စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို မန္တလေးမြို့ ၇၈ လမ်း ၃၇ နှင့် ၃၈
လမ်းကြားရှိ Hotel Mandalay မှာ ဇန်န၀ါရီလ ၇ ရက်နေ့ နံနက် ၉ နာရီက
ကျင်းပပါတယ်။

မန္တလေးတက္ကသိုလ် နှစ်ကာလများ ကိုလွမ်းမောရင်း ဖန်တီးထားတာဖြစ်ပြီး
မတူညီတဲ့ဘ၀နှစ်ခု၊ မတူညီတဲ့ဘ၀နှစ်နေရာမှာ ရပ်တည်နေကြ တဲ့ချစ်သူ
(သို့မဟုတ်) သူငယ်ချင်းနှစ်ဦးရဲ့ပုံရိပ်တွေကို ရေးဖွဲ့ထားတာဖြစ်ပါတယ်။

အာစရိယပူဇော်ပွဲ အတွက် သူငယ်ချင်းတွေ ပြန်လည်ဆုံတွေ့ရာက ဝေဒနာဟောင်းများ
ပြန်လည် နိုးကြားလာရသလို သူငယ်ချင်းဖြစ်သူ ကိုအောင်နိုင်သူက သူ့ဘဝ
သူ့ဇာတ်လမ်းတွေရဲ့ ရင်ဖွင့်သံက ၀တ္တုဖန်တီးဖို့ ဖြစ်လာရတယ်လို့
စာရေးသူကပြောပါတယ်။

မန္တလေးတက္ကသိုလ်နယ်မြေမှာရှိတဲ့ အဆောက်အအုံတွေ၊ စာသင်ဆောင်တွေ၊ သစ်ပင်တွေ၊
လမ်းတွေကို ကြည့်ရှုခံစားသလို သူငယ်ချင်းတွေရဲ့ ပြန်ပြောင်းအောက်
မေ့ဖွယ်သတင်းစကားတွေကလည်း ၀တ္တုအတွက် အကျိုးရှိစေခဲ့တယ်လို့ဆိုပါသေးတယ်။

ဝတ္တုမှာ မြန်မာ စာပေအငွေ့အသက်များပါဝင်သလို
မဟာဂီတအကြောင်းအရာအချို့ကိုလည်း လေ့လာနိုင်မှာဖြစ်ပါ တယ်။

web address

စွယ်စုံကြမ်း- http://en.wikipedia.org/wiki/Main_Page
ဂရင်းနစ်စာအုပ်- http://www.guinnessworldrecords.com/
မြန်မာ့ဆိုင်း- http://www.myanmarloops.com/
အတိုင်းအတာ- http://www.onlineconversion.com/length_common.htm
အတိုကောက်- http://acronyms.thefreedictionary.com/
ဘာသာပြန်- http://translation.langenberg.com/
ကမ္ဘာ့ငွေကြေး- http://www.xe.com/
ကမ္ဘာ့အချိန်-http://www.timeanddate.com/worldclock/
ကမ္ဘာ့တယ်လီဖုန်း -http://www.studyabroad.com/telcodes.html
ကမ္ဘာ့သတင်းစာ- http://www.newseum.org/todaysfrontpages/default.asp
ကမ္ဘာ့မြေပုံ- http://www.worldatlas.com/
နှစ်တရာပြက္ခဒိန်-
http://mission.itu.ch/MISSIONS/Myanmar/canlander100/caln-index.html
ကုလပြက္ခဒိန်- http://www.unac.org/en/news_events/un_days/international_days.asp
မြန်မာပြက္ခဒိန်- http://mission.itu.ch/MISSIONS/Myanmar/calander/m-can.htm
မြန်မာစာကြည့်တိုက်- http://www.elibrary.net.mm/
အမေရိကန်စာကြည့်တိုက်- http://www.loc.gov/index.html
စီအိုင်အေ- https://www.cia.gov/library/publications/the-world-factbook/index.html
မြန်မာလမ်းညွှန်- http://www.myanmarteldir.com/government/
အင်္ဂလိပ်-မြန်မာအဘိဓာန်- http://www.english4myanmar.com/2008/03/blog-post.html
မြန်မာ-အင်္ဂလိပ်အဘိဓာန်- http://dictionary.all-channel.com/

Tuesday, December 23, 2008

Donation

Donation

Cittasukha

Sunday, December 21, 2008

ဒီနေ့မနက် ငလျင်လှုပ်တယ်

21-12-2008 မနက် ၅ နာရီ ၅၅ မိနစ်က
မန္တလေးမှာ ငလျင်လှုပ်ပါတယ် ...
၅ မိနစ်ကြာလောက် အရှေ့အနောက် တော်တော်လေး ယိမ်းသွားပါတယ် ...
အိမ်က မကောင်းလို့လားတော့မသိ အသံတွေထွက်တယ် ...
ပြတင်းပေါက်တံခါးယိမ်းပြီး ပိတ်သွားတယ် ...
သူများတွေတော့ ဘာမှပြောသံမကြားသေးဘူး ...

Monday, December 1, 2008

၂၀၀၇ ခုနှစ် အမျိုးသားစာပေဆု မန္တလေးမှ ၂ ဆုရ

အမျိုးသားစာပေဆုရတဲ့ သူများအားလုံးအတွက် ၀မ်းမြောက်မိပါတယ်။
အထူးသဖြင့် မန္တလေးက ရရှိတဲ့ ဆရာ ဆူးဌက် နဲ့ ဆရာ နေ၀င်းမြင့် တို့အတွက်
ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန အများသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည်
၂၀၀၇ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် စာအုပ်များကို
စိစစ်ရွေးချယ်ခဲ့ပြီးဖြစ်ရာ အမျိုးသားစာပေဆုချီးမြှင့်ရန်
ရွေးချယ်ခြင်းခံရသော စာအုပ်များနှင့် စာရေးဆရာများ၏အမည်စာရင်းကို
သက်ဆိုင်ရာကနိုဝင်ဘာ ၂၇ရက်နေ့ထုတ်ပြန်ကြေညာသည်။

၂၀၀၇ခုနှစ်အတွက်
အမျိုးသားစာပေတစ်သက်တာဆုကိုစာရေးဆရာကြီးဆင်ဖြူကျွန်းအောင်သိန်း(ဦးကြည်အေး)
အားရွေးချယ် ချီးမြှင့်လိုက်သည်။

၂၀၀၇ခုနှစ်အတွက်အမျိုးသားစာပေဆုများ


ဝတ္ထုရှည်
တိမ်ယံအိမ်မက်မိုးထက်နရီ
ဆူးငှက်
တရားသစ္စာစာပေ


ဝတ္ထုတိုပေါင်းချုပ်
အိမ်ကလေး ၁၆လုံး
နေဝင်းမြင့်
ပုဂံစာအုပ်တိုက်


ကဗျာပေါင်းချုပ်
အမေ့အလှပန်းအလှ
သန်းအောင်(အညာမြေ)
စာပေဗိမာန်



စာပဒေသာ
ဘွားဦးဇွန်း
တက္ကသိုလ်စိန်တင်
ညောင်ရမ်းစာအုပ်တိုက်


မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ
နံရံပန်းချီမှပြောသော
ပုဂံခေတ်ပုံရိပ်များ
စန္ဒာခင်
ယဉ်ကျေးမှုဝန်ကြီးဌာန


ကလေးစာပေ
မင်္ဂလာနံနက်ခင်း
ကလေးကဗျာများ
မောင်မြင့်ထွန်း
ပန်းဝေဝေစာပေ


လူငယ်စာပေ
ကြိုးကြာတောင်ပံခတ်သံ
လင်္ကာရည်ကျော်
ယုံကြည်ချက်စာပေ


ဘာသာပြန်(သုတ)စာပေ
လူ့ယဉ်ကျေးမှုသမိုင်း အရှေ့တိုင်းကရသော
အမွေ(သုံးတွဲ)
လှိုင်သင်း
ကံ့ကော်ဦးမွန်စာပေတိုက်


ဘာသာပြန်(ရသ)စာပေ
အနက်ရောင် အိပ်မက်စိမ်းမြ
မေတ္တာ
တင်မောင်မြင့်
ယုံကြည်ချက်စာပေ

၁၀
သုတပဒေသာ(ဝိဇ္ဇာ)
ရတနာဂီရိနိဒါန်း
မောင်သန်းဆွေ(ထားဝယ်)
ရာပြည့်စာပေ

၁၁
သုတပဒေသာ
(အသုံးချသိပ္ပံ)
ကျေးလက်စီးပွား
ပြည်သူ့အား
ဒေါက်တာချစ်
Digest Media Bank

အမျိုးသားစာပေဆုတွင် ဘာသာရပ် ၁၄မျိုးရှိသည့်အနက်
သုတပဒေသာ(ရိုးရိုးသိပ္ပံ)၊ ပြဇာတ် စာပေနှင့် နိုင်ငံရေးစာပေတို့အတွက်
ဆုများချီးမြှင့်နိုင်ခြင်းမရှိကြောင်း သိရသည်။

Friday, November 21, 2008

အမျိုးသားနေ့

အမျိုးသားနေ့

၈၈ ကြိမ်မြောက်

၂၂ ရက်နေ့

၁၁ လ

Monday, November 17, 2008

စိတ္တသုခ ကျောင်းဆောက်လှူမည်

မန္တလေးမြို့မှ စိတ္တသုခ ပရဟိတလူုငယ်များအနေနဲ့ ခြောက်လတစ်ကြိမ် ပုံမှန်အလှူ လှူဒါန်းလျက်ရှိရာ  ဇန်န၀ါရီလတွင်ကျရောက်မည့် ခြောက်လ အလှူအတွက် အောင်ချမ်းသာတောရကျောင်း အား အသစ်ဆောက်လုပ် လှူဒါန်းရန် ရွေးချယ်သတ်မှတ်လိုက်ပြီဖြစ်သည်။

 စိတ္တသုခ ပရဟိတလူငယ်များသည် မန္တလေးမြို့တွင် နေထိုင်ကြသော သူငယ်ချင်းများအနေဖြင့် အလှူဒါနပြုလုပ်ရန်အတွက် တစ်လလျှင် ငွေကျပ် တစ်ထောင်စီ စုဆောင်းပြီး ခြောက်လလျှင် တစ်ကြိမ်ကျ လှူဒါန်းကြခြင်းဖြစ်သည်။

ထို့အပြင် သီးခြား အလှူများအဖြစ် မြစ်ငယ်ရေဘေး၊ မီးဘေးသင့်သူများ၊ နာဂစ်မုန်တိုင်းခံစားရသူများစသည့် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရပါကလည်း လှူဒါန်းခဲ့ကြသည်။

သီတင်းကျွတ်လပြည့်နေ့တွင် အောင်တော်မူဘုရား နှစ်ကျိတ်ရှစ်ဆူဘုရားရှေ့တွင် နှစ်စဉ် ဆီမီးထွန်းပူဇော်ကြသည်။

ယခု နှစ်တွင် ပထမအကြိမ် စုပေါင်းဘုံကထိန်ပွဲကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

လစဉ်ခြောက်လ အလှူအဖြစ် ယခုအပတ်တွင် ပုသိမ်ကြီးမြို့နယ် လိန်ပင်တိုးချဲ့ကျေးရွာအနီးရှိ အောင်ချမ်းသာ တောရကျောင်းအား  ကျောင်းအသစ် ဆောက်လုပ်လှူဒါန်းမည်ဖြစ်သည်။

အောင်ချမ်းသာ တောရကျောင်းသည် လက်ရှိအနေအထားတွင် ထရံကာ၊ ကပ်မိုး နှစ်ခန်းxတစ်ခန်း ကျောင်းသာဖြစ်သည်။ ကပ်မိုးမှာ ကြယ်မြင်လမြင်ဖြစ်နေသည်။ ထို့အတူ ထရံများမှာလည်း ပေါက်ပြဲလျက်ရှိသည်။ အခင်းမှာ ကုတင်နှစ်လုံးကို ခင်းထားပြီး ကျန်အပိုင်းတွင် ၀ါးကြမ်း ကို ခင်းထားသည်။

ထို့ကြောင့် ယခုအပတ်အလှူအဖြစ် အဆိုပါကျောင်းအား အလှူငွေပေါ်မူတည်ပြီး ဆောက်လုပ်လှူဒါန်းသွားမည်ဖြစ်သည်။

လက်ရှိအားဖြင့် အလှူရှင်တစ်ဦးက အမိုးအတွက် မတည်လှူဒါန်းရာမှ ဆက်လက်လှူဒါန်းကြရာ သွပ်မိုးအတွက် အလှူငွေ များလက်ခံရပြီးဖြစ်သည်။ နှစ်ခန်း၊ တစ်ခန်းခွဲ အဆောက်အအုံဆောက်လုပ်မည်ဟုရည်မှန်းထားသည်။ အောက်ခံ ကျင်တွယ် ကွန်ကရစ်တွင် သစ်မာ ငါးပတ်လည်တိုင်ထူပြီးလျှင် အလှူငွေ ပေါ်မူတည်ပြီး ကြမ်းခင်းအား အချော၊ အကြမ်း ခင်းမည်ဖြစ်သည်။
ထို့အတူ အကာ အတွက်မှာလည်း အလှူရှင်ပေါ်မူတည်ပြီး ဆောက်လုပ်ရမည်ဖြစ်သည်။

ခန့်မှန်းကုန်ကျစရိတ်အဖြစ်

အမိုး ၃သိန်း

အကာ ထရံ ၂သိန်း

ပျဉ်ထောင် အကြမ်း ၅သိန်း၊ ပျဉ်ထောင်အချော ၈သိန်း

အခင်း ပျဉ်အကြမ်း ၅သိန်း၊ ပျဉ်အချော ၈သိန်း

တိုင်နှင့်လိုအပ်သည့်သစ် ၂တန်ခန့် ၈သိန်း

လက်သမားခနှင့်အခြားလိုအပ်မှုသုံး ၂သိန်း

ကုန်ကျမည် ဟု ခန့်မှန်းရသည်။

ထို့ကြောင့် အကြမ်းအားဖြင့် ကျောင်း အပြီးအစီး ၂၅သိန်းခန့် ကုန်ကျမည်ဖြစ်သည်။

ထို့ကြောင့် ပါဝင်လှူဒါန်းလိုပါက

cittasukha@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it

uhteik@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it

sayaba.mdy@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it

များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

Tuesday, November 11, 2008

ပြင်ဦးလွင် (မေမြို့) တန်ဆောင်တိုင်

ပြင်ဦးလွင် (မေမြို့) တန်ဆောင်တိုင်ပွဲကိုရောက်ဖြစ်ခဲ့တယ် ....
နိုဝင်ဘာလ ၈ ရက်နေ့ကသွားပြီး ၉ ရက်နေ့ပြန်လာတယ် ....
ပွဲတော်က ၇ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ ၇ ရက်တိုင်တိုင်ကျင်းပတာ ...
မဟာအံထူးကံသာဘုရားမှာလုပ်တဲ့ မီးပုံပျံလွှတ်ပွဲကြောင့် ပြင်ဦးလွင်ကလည်း တန်ဆောင်တိုင်မှာ တော်တော်စည်ကားလာပြီ ...
အရင်ကတော့ လပြည့်နေ့ပဲ စည်ကားတာ .. အခုတော့ ၇ ရက်တာကာလပတ်လုံး စည်ကားနေပြီ ...
ဓာတ်ပုံတွေကိုတော့ ဒီမှာတင်ထားတယ် .......

http://www.facebook.com/album.php?aid=46923&l=88e78&id=733413084

Friday, October 31, 2008

ကြားဖူးနားဝ


ကြီးကြီးသတင်းစာဆရာကြီးတစ်ယောက်ကို လူတွေက ခင်ဗျားဘာဖြစ်လို့
အစိုးရမကောင်းကြောင်းပဲရေးရတာလဲဆိုတဲ့ စကားကိုပြန်ပြောတာလေးပါ။
အစိုးရဆိုတာ ကောင်းတာလုပ်ဖို့အတွက်ပြည်သူက ခန့်ထားတာ၊
ကောင်းအောင်လုပ်မယ့်သူတစ်ယောက်ကောင်းနေတာကို
ကောင်းပါတယ်လို့ထပ်ပြောနေစရာမရှိဘူးတဲ့။
အေး..မကောင်းဘူးဆိုရင်တော့ပြောရမယ်တဲ့။

Monday, October 6, 2008

စိတ္တသုခ ပရဟိတလူငယ် သီတင်းကျွတ်လပြည့်ညမှာ ဆီမီးထွန်းကြမယ် ...........

စိတ္တသုခ ပရဟိတလူငယ်များရဲ့ နှစ်စဉ်ဆောင်ရွက်နေကြအတိုင်း
သီတင်းကျွတ်လပြည့်နေ့ ညပိုင်း အောင်တော်မူဘုရား နှစ်ကျိတ်ရှစ်ဆူ ဓမ္မာရုံရှေ့မှာ ဆီမီးပူဇော်သွားမည်ဖြစ်ပါတယ်။

မနက်ပိုင်း ၁၀နာရီခန့်က စပြီး ဆီမီးခွက်များ နေရာချထားခြင်း၊ ပုံဖော်ခြင်းများဆောင်ရွက်ပြီး
ညပိုင်း ၇နာရီခန့်မှာ မီးစတင်ပူဇော်ပါ့မယ်။

ယခင်စတင်ခဲ့စဉ်ကတော့ ဆီမီး ထွန်းခဲ့သော်လည်း
နောက်ပိုင်း ဆီမီးထွန်းရာမှာ အောက်ခံကြွေပြား ညစ်ပတ်ခြင်း၊ ခြေချော်ခြင်းများကြောင့်
ဖယောင်းတိုင်မီး ပြောင်းလဲခဲ့ပါတယ်။

ဒီနှစ်လဲ ဖယောင်းတိုင်မီးများထွန်းညှိပူဇော်ပါ့မယ်။

ဖယောင်းတိုင် ၂၀၀၀ ၀ယ်ပါ့မယ်
ထပ်မံပါဝင်လှူဒါန်းကြသူများနဲ့ဆိုရင် ဆီမီး ၃၀၀၀ကျော်ဖြစ်ပါ့မယ်။

ရရှိထားတဲ့ နေရာ အကျယ်အ၀န်းအရ ဆီမီး ၃၀၀၀ခန့်သာ လှူဒါန်းနိုင်မည်ဖြစ်ပါတယ်။

အလှူငွေပါဝင်လှူဒါန်းချင်ပါ့က လှူဒါန်းနိုင်ပါတယ်။

သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှာ နံနက်ပိုင်း သံဃာတော် ၄၅၀ကျော်ကို စေတနာရှင်တစ်ဦးကိုယ်စား အရုဏ်ဆွမ်းကပ်ဖို့လဲ စီစဉ်ထားပါတယ်။
အဲဒီနေ့မှာပဲ ကြွရောက်လာတဲ့ သာမဏေ(ကိုရင်)များကို သင်္ကန်း တစ်စုံ ၅၀၀၀တန် တစ်စုံစီ လှူဒါန်းဖို့ စီစဉ်ထားပါတယ်။
ပါဝင်လှူဒါန်းနိုင်ကြဖို့ နှိုးဆော်လိုက်ရပါတယ်ခင်ဗျာ

Sunday, October 5, 2008

World Teacher Day !!!!!!!!

အောက်တိုဘာလ ၅ ရက်နေ့ဟာ
ကမ္ဘာ့ဆရာများနေ့ ဖြစ်ပါတယ် ....

သင်ဆရာ၊ ကြားဆရာ၊ မြင်ဆရာ အားလုံးကို အစဉ်ဂါရ၀ပြုလျက် ...................................

Tuesday, September 23, 2008

မွေးနေ့တူသတဲ့လားဗျာ ....

မကြာခင်မှာ ကျွန်တော့် မွေးနေ့ရောက်တော့မယ် ....
မွေးနေ့ကို မသိမသာပဲ ကျော်ဖြတ်ခဲ့ပါတယ် ...
မွေးနေ့ရောက်တော့မယ်ဆိုတဲ့အတွေးလေး ဒီနေ့တွေးမိတယ်ဗျာ ...
ဘာရယ်တော့မဟုတ်ပါဘူး ...
ကျွန်တော့်အတွက် ထူးဆန်းနေသလားလို့ပါ ....
မိန်းကလေးတစ်ယောက်က လူနှစ်ယောက်ကို တပြိုင်နက်တည်း ရည်းစားထားတယ်ဗျာ ....
အဲဒီလူနှစ်ယောက်က မွေးနေ့တူနေတယ်တဲ့ ....
မွေးနေ့ကလည်း တူပဲတူနိုင်လွန်းတယ်ဗျာ ...
တကယ်တူတာလား .... ဘာလားတော့မသိဘူးဗျာ ...
တကယ့်အဖြစ်အပျက်ပါ ..... ခံစားရပါတယ် ......

Sunday, September 21, 2008

Peace One Day

ဒီနေ့  ၂၁ - ၉ - ၂၀၀၈ ရက်နေ့ဟာ Peace One Day ပါတဲ့ ...

ငြိမ်းချမ်းရေးနေ့ပေါ့ဗျာ ...

လူသားအားလုံးငြိမ်းချမ်းကြပါစေဗျာ .........

လူသားအားလုံးငြိမ်းချမ်းကြပါစေဗျာ .........

Friday, September 12, 2008

Blog Day 2008 (Mandalay) ကို ပြန်လည်အောက်မေ့ခြင်း

Blog Day 2008 ကို မန္တလေးက Blogger တစ်ချို့နဲ့ ပူးပေါင်းပြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ် ....
တကယ့်တော့ Blog Day ကို မိမိရဲ့ Blog မှာ ပို့စ်တင်ခြင်းဖြင့် ကြိုဆိုကြတာ အကောင်းဆုံးပါ .....
http://www.blogday.org/ ဆိုဒ်မှာ Blog Day ဘယ်လိုကျင်းပကြမလဲဆိုတာကို ပြောထားပါတယ် ....

BlogDay posting instructions:

  1. Find 5 new Blogs that you find interesting
  2. Notify the 5 bloggers that you are recommending them as part of BlogDay 2008
  3. Write a short description of the Blogs and place a link to the recommended Blogs
  4. Post the BlogDay Post (on August 31st) and
  5. Add the BlogDay tag using this link:
    http://technorati.com/tag/BlogDay2008 and a link to the BlogDay web site at http://www.blogday.org
ကျွန်တော်တို့ ဒီမှာ Blog Day ကို အခမ်းအနားနဲ့ လုပ်ကြမှ ဖြစ်မယ်ဆိုတဲ့ အယူအဆလေးတွေ ရှိနေကြတယ် ....
ဒီနှစ် ရန်ကုန်မှာ အကြီးအကျယ်လုပ်ဖို့ စီစဉ်တယ် ... အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်ကြဘူး ......
Blogger တွေ စုစည်းထားတဲ့ အသင်းတစ်ခုဖြစ်တဲ့ http://myanmarbloggersociety.ning.com/ က ဒီလိုကြေငြာထားပါတယ် .....

၂၀၀၈ ခုနှစ်၊ သြဂုတ်လ၊ (၃၁) ရက်နေ့ မြန်မာအင်ဖိုတက် အဆောက်အဦးတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော "Socialization on Net" နည်း ပညာဟောပြောပွဲအား မူလစီစဉ်ထားသည့်အတိုင်း ကျင်းပရန် အခြေအနေ အရပ်ရပ်ကြောင့် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားပါသည်။ အထက်ပါ အချက်အလက်များနှင့် ပတ်သက်သော ထင်မြင်ချက်၊ သတင်းနှင့် အခြား အကြောင်းအရာများအား ပွဲဖြစ်မြောက်ရန် စီစဉ်သူများ အနေနှင့် မည်သည့် ထုတ်ပြန် ပြောဆိုချက်မျှ ပြုလုပ်ပြောဆိုခြင်း မရှိသေးပါ။ Seminar နှင့် ပတ်သက်သော အပြောင်းအလဲ သတင်း အချက်အလက်များနှင့် စပ်လျဉ်း၍ တရားဝင် ပြောဆိုချက်များကို ပွဲဖြစ်မြောက်ရေး စီစဉ်သူများ၏ သက်ဆိုင်ရာ ဘလောဂ်များတွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ စီစဉ်သူများ၏ ဘလောဂ်များတွင် ဖော်ပြထားသော အချက်အလက်များသည်သာ တရားဝင် ပြောဆိုချက်များ ဖြစ်ကြောင်းနှင့် အခြားသော ထင်မြင် ပြောဆိုချက်များကို ပွဲစီစဉ်သူများမှ တာဝန်ယူ ဖြေရှင်းသွားနိုင်မည် မဟုတ်ပါကြောင်း သိစေလိုပါသည်။

ပွဲစီစဉ်သူများ
ကိုသက်ထူး
ကိုဇော်ဇော်
ကိုဖြိုးကျော်
ကိုစိုးဇေယျ
ကိုမျိုးမြင့်အောင်
ကိုဝေမျိုးထွဋ်
မထိုက်ထိုက်အောင်
မတင်မြတ်ထက်

ဒီလိုဆိုထားပေမယ့် ပွဲစီစဉ်သူများရဲ့ Blog Address ကိုတော့ ပေးမထားပါဘူး .....
ကြည့်နေကြသူတွေတော့ သိကြပေမယ့် အခုမှ လေ့လာချင်တဲ့သူတွေအတွက်တော့ လိပ်စာလိုတာပေါ့လေ ...

ဘာပဲဖြစ်ဖြစ် ရန်ကုန်မှာ အခမ်းအနားကျင်းပခြင်းမရှိပေမယ့် မန္တလေးမှာတော့ Blogger များပြုလုပ်တဲ့ Blog Day ကိုအောင်မြင်စွာကျင်းပကြပါတယ် .....
တက်ရောက်သူ ၃၀ ၀န်းကျင်ရှိခဲ့ပြီး ဟောပြောချက်ကို နားထောင်ပေးမယ့် ကျောင်းသူ ၁၀၀ နီးပါးရှိခဲ့ပါတယ် ....
ကျွန်တော်တို့ မန္တလေးက လုပ်တဲ့ပွဲကို မန္တလေးသား (ရန်ကုန်ကို အထင်ကြီးသူဟု ယူဆရသူ) က အသိအမှတ်မပြုလေဟန်ပြုပါတယ် .....
အဲဒီပုဂ္ဂိုလ်က အရင်နှစ် Blog Day ဟောပြောပွဲမှာလည်း မန္တလေးကို အားမပေးပဲ ရန်ကုန်မှာ အမှာစကားသွားရောက်ပြောခဲ့သူဖြစ်ပါတယ် ...
ကိုယ့်သမိုင်းကိုယ်ရေးကြတာပါပဲလေ ......
စီးပွားရေးဖက်လာတော့လည်း မန္တလေးကို ဘယ်ချစ်နိုင်တော့ မလဲဗျာ .....
ဘယ်သူပါပါမပါပါ ကျွန်တော်တို့ဖြစ်အောင်လုပ်နိုင်ခဲ့ပါပြီ .....
Blog Day အောင်မြင်ခဲ့ပါပြီ .......

Saturday, September 6, 2008

မြန်မာ့ရုပ်ရှင်ခေတ်ဦး ရုပ်ရှင်မင်းသမီးကြီးနှင့် အဆိုတော် ၀ဏ္ဏကျော်ထင် ဒေါ်မေရှင် ကွယ်လွန်

တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ ခေတ်ဟောင်းမင်းသမီးကြီး ဖြစ်သလို ဂန္ထ၀င်တေးသံရှင် တစ်ဦးလည်း ဖြစ်တဲ့ ၀ဏ္ဏကျော်ထင် ဒေါ်မေရှင်ဟာ စက်တင်ဘာလ ၃ ရက်နေ့ ည ၁၁း၂၀ နာရီမှာ မန္တလေးမြို့ အောင်တော်မူ ရပ်ကွက်၊ ၂၆ ဘီလမ်း၊ ၆၂ x ၆၃ လမ်းကြား၊ မြစန္ဒာလမ်းသွယ်ရှိ နေအိမ်မှာ ကွယ်လွန်အနိစ္စ ရောက်သွားပါတယ်။ ဒေါ်မေရှင်ရဲ့ ကြွင်းကျန်ရစ်တဲ့ရုပ်ကလာပ်ကို စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီမှာတော့ ကြာနီကန်သုသာန်မှာ ဂူသွင်းသဂြိုလ်ရာ မိသားစုဝင်များနှင့်အတူ ရုပ်ရှင်အနုပညာရှင်များ၊ ဂီတအနုပညာရှင်များ၊ အသိပညာရှင်၊ အတတ် ပညာရှင်များနဲ့ မြို့မိမြို့ဖများလိုက်လံပို့ဆောင်ပေးကြပါတယ်။

မကွယ်လွန်မီ နှစ်ရက် စက်တင်ဘာ ၁ ရက်နေ့ က ကျန်းမာရေး အခြေအနေချို့ယွင်းပြီး အရေးပေါ်ကုသခံယူဖို့အတွက်  မန္တလေးပြည်သူ့ဆေးရုံကြီး ဖျားနာဆောင်(၁) အထူးကြပ်မတ် ဆောင်မှာ တက်ရောက်ကုသခဲ့ပါတယ်။ အသက် ၉၁ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်မေရှင်ရဲ့ ကျန်းမာရေးကို သမားတော်ကြီး ဒေါက်တာအောင်ကြီးက အမြဲမပြတ်ကုသ စောင့်ရှောက်ပေးခဲ့ပါတယ်။

ဒေါ်မေရှင်ကွယ်လွန်ပြီး နောက်တစ်နေ့မှာပဲ မန္တလေး FM ရေဒီယိုအစီအစဉ်က သူမရဲ့ သီချင်းများကို အောက်မေ့ဖွယ် ထုတ်လွှင့်နေခဲ့ပါတယ်။

ဒေါ်မေရှင်ကို ၁၉၁၇-ခုနှစ်၊ မတ်လ ၁၀ ရက်နေ့မှာ အဖ ပွဲစားကြီး ဦးခင်လေး၊ အမိ ဒေါ်ဖွားယုံတို့မှ မွေးဖွားကာ ဒေါ်သန်းရှင်ဟု အမည်ပေးခဲ့ပါတယ်။ မွေးချင်း ၅ ယောက်ရှိပြီး အငယ်ဆုံးသမီးဖြစ်ပါတယ်။ မန္တလေးမြို့ ၀က်စလီယန် ကျောင်းကနေ ၇ တန်းအောင်မြင်ခဲ့ပါတယ်။ အေးဝမ်းကုမ္ပဏီ၊ မြန်မာအဆွေတို့ဖြင့် စတင်ကာ ရုပ်ရှင်ရိုက်ကူးခဲ့ကာ ဒေါ်မေရှင်၏ ပထမဆုံးရုံတင်ဇာတ်ကားမှာ ဒါရိုက်တာမောင်တင်မောင်ရိုက်ကူးသော ဖူးစာရှင် အသံတိတ်ဇာတ်ကား ဖြစ်ပါတယ်။ ဒေါ်မေရှင်သည် အသံတိတ်ခေတ်မှ အသံထွက်ခေတ်အထိ သရုပ်ဆောင်ခဲ့ရာ မြန်မာ့ရုပ်ရှင်လောက၏ ပထမဆုံးအသံထွက်ဇာတ်ကားဖြစ်သော မြားနတ်မောင် ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်များက လက်ခံကာ အောင်မြင်မှုများရရှိခဲ့ပါတယ်။ ထင်ရှားကျော်ကြားခဲ့သောဇာတ်ကားများမှာ ဖူးစာရှင်၊ မြားနတ်မောင်၊ ချစ်အမျှ၊ ချစ်ရေစင်၊ စောင်းတော်ရှင်၊ ချိန်တန်ပြီ၊ မေ့တွက်တာ စသည်တို့ဖြစ်ပါတယ်။ အေးဝမ်းရုပ်ရှင်တစ်ခေတ်တွင် မေရှင်ဟု နာမည်ကြီးသောရုပ်ရှင်မင်းသမီးဖြစ်ခဲ့ပြီး တေးသီချင်းများကိုလည်းသီဆိုကာ အောင်မြင်ကျော်ကြားခဲ့ ပါတယ်။ အေ၀မ်းဓာတ်ပြားကုမ္ပဏီမှ ချစ်ရေစင်၊ အောင်ခြင်းရှစ်ပါး၊ ပျို့မှာတမ်း၊ သော်တာငွေမင်း၊ မြတ်လေးငုံ၊ ကျေးစေတမာန်၊ ချစ်ခက်သက်လျာ အစရှိသော ဓာတ်ပြားများကို အသံသွင်းထုတ်ဝေခဲ့ပြီး ဓာတ်ပြားတေးသီချင်း စုစုပေါင်း ၄၀ ကျော်သီဆိုခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်မှာ ၀ဏ္ဏကျော်ထင် ဘွဲ့ကိုရရှိခဲ့ပြီး ရရှိခဲ့တဲ့ ၀ဏ္ဏကျော်ထင် ဘွဲ့တံဆိပ်ကို မန္တလေးမြို့ မဟာမုနိဘုရားမှာ လှူဒါန်းထားပါတယ်။ ဒေါ်မေရှင်ဟာ မြန်မာအသံမှာ ၁၉၅၁ ခုနှစ်ကနေ ၁၉၅၈ ခုနှစ်အထိ အမှုထမ်းပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်း ၁၄ ကားကို ရိုက်ကူးခဲ့ပြီး ၁၉၆၁-ခုနှစ် အသက် ၄၅ နှစ် အရွယ်မှာ ရုပ်ရှင်လောကမှ အနားယူကာ အပျိုကြီးဘ၀ဖြင့် အောင်တော်မှုရပ်ရှိ နေအိမ်မှာ တူ၊ တူမများနှင့် တသက်လုံးနေထိုင်သွားပါတယ်။

Thursday, September 4, 2008

ခေတ်ဟောင်းမင်းသမီးကြီး ဒေါ်မေရှင် ကွယ်လွန်ပြီ

တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ ခေတ်ဟောင်းမင်းသမီးကြီး ဖြစ်သလို
တေးသံရှင်တစ်ဦးလည်းဖြစ်တဲ့ ဒေါ်မေရှင်ရဲ့
ကျန်းမာရေးအခြေအနေချို့ယွင်းမှုကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီး
ဖျားနာဆောင်(၁) အထူးကြပ်မတ်ဆောင်မှာ တက်ရောက်ကုသရာမှ စက်တင်ဘာလ (၃)
ရက်ညပိုင်းက ကွယ်လွန်သွားကြောင်း သိရှိရပါတယ် .......

Monday, September 1, 2008

Blog Day 2008 အထိမ်းအမှတ် ဒါနပြုပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

မန္တလေး ဘလော့ကာများမှ ပေါင်းစု ကျင်းပသော Blog Day 2008 အထိမ်းအမှတ် ဒါနပြုပွဲကို
(၃၁-၈-၂၀၀၈) ဘလော့ဒေးတွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ဧရိပ်မွန်အမျိုးသမီးစောင့်ရှောက်ရေး ကျောင်းတွင် ယနေ့နံနက် ၉နာရီခွဲ ကျင်းပသည်။
ဒါနပြုပွဲကျင်းပရာသို့ မန္တလေးရှိ ဘလော့ကာများ၊ စာနယ်ဇင်းများမှ ဖိတ်ကြားထားသူများ၊ ဧရိပ်မွန်အမျိုးသမီးစောင့်ရှောက်ရေးကျောင်းမှဒေါ်ဓမ္မေသီနှင့်ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါ်ခင်ခင်လှနှင့်ကျောင်းသူ ကလေးများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာပြီး ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါ်ခင်ခင်လှမှ မိတ်ဆက်စကားပြောကြားသည်။ ယင်းနောက် ဘလော့ကာများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားသည်။
ထို့နောက် ပညာဒါနပြုပွဲအဖြစ် ဧရိပ်မွန်အမျိုးသမီးကျောင်းရှိ သမီးငယ်များအား ဆရာဦးလှကောင်းက ICT and Education ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဘလော့ကာ မရတနာချိုက လွယ်ကူလေ့လာ အင်တာနက်ကမ္ဘာခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဘလော့ကာ ဦးထိပ်က မီဒီယာနှင့်ဘလော့ကာ အကြောင်းကိုလည်းကောင်း အသီးသီး ပညာဒါနပြု ဆွေးနွေးပြောကြားသည်။
ယင်းနောက် မန္တလေးစာနယ်ဇင်း ဆရာများကိုယ်စား ဘလော့ဒေးအထိမ်းအမှတ် ဒါနပြုပွဲ တက်ရောက်ရခြင်းအတွက် ရင်တွင်းခံစားချက်များကို ဆရာသင့်နော်နှင့်ဆရာညီပုလေးတို့မှ ပြောကြားသည်။
ထို့နောက် ဘလော့ကာများစုပေါင်း၍ ကောက်ခံရရှိသော အလှူငွေမှ ငွေကျပ် ငါးသောင်းအား ဧရိပ်မွန်အမျိုးသမီးကျောင်း အုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါ်တင်တင်လှသို့ ပေးအပ်လှူဒါန်းသည်။ ကျန်အလှူငွေများအား ကွန်ပျူတာခန်းအတွင်း လိုအပ်သော ကွန်ပျူတာဆိုင်ရာ စာအုပ်များ၊ စီဒီများဝယ်ယူ လှူဒါန်းသွားမည်ဖြစ်သည်။
ယင်းနောက် မန္တလေးစာနယ်ဇင်း လူမှုကူညီရေးအတွက် ဘလော့ကာများမှ အလှူငွေ ကျပ်တစ်သောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။