သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်အထိမ်းအမှတ် ကျောက်စာတိုင်စိုက်ထူခြင်းနဲ့ အမှတ်တရ သစ်ပင်စိုက်ပျိုးခြင်းကို မေလ ၂၁ ရက်နေ့က အမရပူရမြို့နယ် တောင်သမန်အင်းစောင်းက တောင်လေးလုံးကျောင်းတိုက်မှာ ပြုလုပ်ပါတယ်။
အဲဒီနေ့ မနက် ၅ နာရီမှာတော့ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း တစ်လပြည့် အရုဏ်ဆွမ်းလောင်းလှူခြင်းကို မန္တလေးမြို့ ၈၄ နဲ့ ၃၃ လမ်းထောင့်က လူထုစာအုပ်တိုက်ရှေ့မှာ ပြုလုပ်ပါတယ်။
Friday, May 23, 2014
Tuesday, May 13, 2014
ဧရာဝတီစာပေပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
ဧရာဝတီစာပေပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
မိခင်ဧရာဝတီမြစ်ကို အခြေခံပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို
ဦးတည်သော ဆောင်းပါးများကို ရေးသား၍ ပြိုင်ပွဲဝင်ကြရသည့် ဧရာဝတီစာပေပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို
မန္တလေးမြို့ Oriental House ခန်းမ တွင် မေလ ၁၀ ရက်နေ့ နံနက်ပိုင်းကကျင်းပသည်။ အခမ်းအနားတွင်
ရွှေမန္တလေးဂျာနယ် အယ်ဒီတာချုပ် ဆရာ သိုက်ထွန်းသက်က အဖွင့်အမှာစကားပြောကြားပြီး အကဲဖြတ်များကိုယ်စား
ဆရာဆူးဌက်က ရွေးချယ်ရေး နှင့်ပတ်သက်သည်များကို ပြောကြားသည်။
ဧရာဝတီစာပေပြိုင်ပွဲအတွက်
အနယ်နယ်အရပ်ရပ်က ရောက်ရှိ လာသော စာမူများအနက်မှ ပြိုင်ပွဲစည်းကမ်းနှင့်ညီညွတ်သော စာမူများအား
စာရေးဆရာများဖြစ်ကြသည့် ဆရာညီပုလေး၊ ဆရာကျော်ရင်မြင့်၊ ဆရာဆူးဌက်၊ ဆရာသင့်နော်နှင့်
ဆရာရွှေဥာဏ်ဇော်တို့က စိစစ်လေ့လာ ဖတ်ရှုရွေးချယ်ပေးကြသည်။ အဆင့်ဆင့်ရွေးချယ်မှုအပြီးတွင်
ပထမဆုကို ရာဇ၀င်ထဲက သတို့သမီးတဲ့လား ခေါင်းစဉ်ဖြင့်ရေးသားသည့် ရန်ကုန်မြို့ လှိုင်မြို့နယ်မှ
ကိုရဲမျိုးထက် (ကလောင်အမည် နေကောင်းကင်နီ)၊ ဒုတိယဆုကို မလွမ်းရော့သော်ကော ဧရာဝတီ ခေါင်းစဉ်ဖြင့်ရေးသားသည့်
ပြင်ဦးလွင်မြို့မှ ဦးအုန်းကျော် (ကလောင်အမည် ကိုရင်ကြာရိုး)၊ တတိယဆုကို မြန်မာ့ဧရာဝတီ
ခေါင်းစဉ်ဖြင့် ရေးသားသည့် မန္တလေးမြို့မှ ကလောင်အမည်-ကျော်စိုးအောင်(မန္တလေး)တို့က ဆုအသီးသီးရရှိကြပြီး
နှစ်သိမ့်ဆုများကို ဟိန်းသန့် (အင်းဝ)၊ ရွှေမန်းလွင်စိုး၊ ကမ္ဘာကျော် (မန္တလေး)၊ လျှမ်း
(မန်းတက္ကသိုလ်)၊ ရည်ရည်မွန် (မန္တလေး)တို့က အသီးသီး ရရှိကြသည်။
အဆိုပါဆုပေးပွဲအခမ်းအနားသို့
ပထမဆုရရှိသူ ကိုရဲမျိုးထက် (ကလောင်အမည် နေကောင်းကင်နီ)သည် မသန်စွမ်းသူတစ်ဦးဖြစ်ပြီး
ဆုပေးပွဲနောက်တစ်ရက်တွင် မင်္ဂလာဆောင်ရန်ရှိသဖြင့် ဆုတက်ရောက်ယူနိုင်ခြင်းမရှိကြောင်းသိရသည်။
ဧရာဝတီ စာပေပြိုင်ပွဲအား ရွှေမန္တလေးဂျာနယ်က ဦးစီးကျင်းပခဲ့ခြင်းဖြစ်ကာ မန္တလေးမြို့ကိုသံယောဇဉ်ရှိသူ၊
ဧရာဝတီကို ချစ်မြတ်နိုးသူ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဆောင်ရွက်နေသူ အမည်မဖော်လိုသူ
စေတနာရှင်တစ်ဦးက ကူညီပံ့ပိုးခဲ့ကြောင်းသိရသည်။
Sunday, May 11, 2014
Saturday, May 10, 2014
ASEAN Community knowledge Networks for the Economy, Society, Culture and Environmental Stability
ASEAN Community knowledge Networks for the Economy, Society,
Culture and Environmental Stability ခေါင်းစဉ်ဖြင့်ကျင်းပသော
၁၀ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာညီလာခံအစည်းအဝေးကို မန္တလေးမြို့ မန္တလေးတောင်ခြေရှိ
Mandalay Hill Resort Hotel မင်္ဂလာခန်းမတွင် မေလ ၉ ရက်နှင့် ၁၀ ရက် နှစ်ရက်တာကျင်းပသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ ညီလာခံအစည်းအဝေးအား ထိုင်းနိုင်ငံ Chiang Rai Rajabhat
University ၏ ဦးဆောင်မှုဖြင့်ကျင်းပခြင်းဖြစ်ပြီး နိုင်ငံတကာမှ ၁၁၀ ဦး၊ မြန်မာနိုင်ငံမှ
၈၀ ဦး တက်ရောက်ကြကာ သုတေသနာစာတမ်းဖတ်ခြင်းနှင့်ဆွေးနွေးခြင်းများပြုလုပ်ကြသည်။
အခမ်းအနားတွင် နိုင်ငံတကာ သုတနည်းပညာဖလှယ်ရေး၊ ယဉ်ကျေးမှု ဖလှယ်ရေးနှင့်
ကမ္ဘာနှင့်အညီ ရင်ပေါင်တန်းနိုင်ရေးအချက်အလက်များကို တက်ရောက်လာသော ကျွမ်းကျင်သူများက
ဆွေးနွေးကြပြီး သုတေသနစာတမ်းများလည်း ဖတ်ကြားကြသည်။ သုတေသနစာတမ်းများနှင့် ဆွေးနွေးပွဲများတွင်
ဒီမိုကရေနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အာရှနှင့်ပစိဖိတ်ဒေသ၊ မဲခေါင်မြစ်ဝှမ်းဒေသတွင်း
ကိစ္စရပ်များကို စီးပွားရေး၊ နည်းပညာ၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ရှုထောင့် အစရှိသဖြင့်
ရှုထောင့်စုံမှ တင်ပြဆွေးနွေးကြပြီး ဆင်းရဲမှုလျော့ချရေး၊ လူမှုဘ၀မြှင့်တင်ရေး၊ အစားအစာဆေးဝါး
အဆင့်အတန်းသတ်မှတ်ရေး၊ သက်ကြီးရွယ်အိုလူမှုဘ၀ စောင့်ရှောက်ရေး၊ နိုင်ငံသယံဇာတနှင့် သဘာဝအရင်းအမြစ်များ
ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ သိပ္ပံနှင့် နည်းပညာတိုးတက်မှု၊ ရာသီဥတုပြောင်းလဲမှုနှင့်
စွမ်းအင်သယံဇာတ ထုတ်ယူသုံးစွဲမှု၊ နိုင်ငံရေး၊ စီးပွားရေး စိတ်ခေါ်မှုများ၊ လူသားများဖွံ့ဖြိုးတိုးတက်ရေးနှင့်
ကျန်းမာရေးစောင့်ရှောက်မှု မူဝါဒများအတွက် ဆုံးဖြတ်ချက် များနှင့် အနာဂတ်အတွက် လုပ်ငန်းစဉ်များကို
အုပ်စုအလိုက် အဓိကထားဆွေးနွေးခဲ့ကြကြောင်းသိရသည်။
SkyWalk Shopping Centre ပြန်ဖွင့်ပြီ
လွန်ခဲ့တဲ့ ၆ နှစ်ခန့်က ရတနာပုံဈေး မီးလောင်စဉ်က မီးလောင်ခံရတဲ့ SkyWalk Shopping Centre ကို ဒီကနေ့ မေလ ၁၀ ရက်နေ့ကမှာ အခမ်းအနားနဲ့ ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ။
၇၈ လမ်းနဲ့ ၃၄ လမ်းထောင့်က ရတနာပုံဈေး ပထမထပ်မှာ ပြန်လည်ဖွင့်လိုက်တာဖြစ်ပါတယ်။
၇၈ လမ်းနဲ့ ၃၄ လမ်းထောင့်က ရတနာပုံဈေး ပထမထပ်မှာ ပြန်လည်ဖွင့်လိုက်တာဖြစ်ပါတယ်။
Friday, May 9, 2014
ပိတောက်တွေပွင့်
ပိတောက်တွေ ပွင့် ပွင့်နိုင်လွန်းတယ်
ဒီမနက်လည်း အိမ်ရှေ့က ဖြတ်သွားသူတစ်ချို့ရဲ့ခေါင်းမှာ ပိတောက်တွေတွေ့ရပြန်တယ်
ငုဝါတွေလည်း လှလှပပ ပွင့်နေကြတယ်
ငါကတော့ သူများအိမ်ရှေ့က ဒါန်းပေါ်မှာထိုင်ပြီး ဖေ့ဘုတ်သုံးနေတယ် . . . . .
ဒီမနက်လည်း အိမ်ရှေ့က ဖြတ်သွားသူတစ်ချို့ရဲ့ခေါင်းမှာ ပိတောက်တွေတွေ့ရပြန်တယ်
ငုဝါတွေလည်း လှလှပပ ပွင့်နေကြတယ်
ငါကတော့ သူများအိမ်ရှေ့က ဒါန်းပေါ်မှာထိုင်ပြီး ဖေ့ဘုတ်သုံးနေတယ် . . . . .
Thursday, May 8, 2014
ဒီနေ့ အိမ်ပြောင်းပြီ …
ဒီနေ့ အိမ်ပြောင်းပြီ …
အစဉ်အလာတွေ ထုံးတမ်းတွေတော့ နားမလည်ပါဘူး …
ဘုရားစင်နဲ့ မီးဖိုချောင်သုံးပစ္စည်းအချို့ကို စပြီးပြောင်းတာပါ
…
ဇွန်လကုန်မှာတော့ အပြီးပြောင်းပါမယ် …
ကြားထဲမှာရှိတဲ့ ၂ လတာကာလမှာ Light Truck တစ်စီးစာခြင်းစီ ပြောင်းနေမှာပါ
….
အိမ်ပြောင်းတာ ကျနော့်အတွက်တော့ အေးဆေးလို့ပြောလို့ရပေမယ့် ပစ္စည်းတွေက
များတော့ အတော်ရွေ့ယူရမှာ ….
ဦးကျားကြီးဝင်းကစခဲ့တဲ့ မီးလောင်မှုမှာ ကျနော့်တို့အိမ်မီးထဲပါသွားပြီး
နှစ်ပေါင်း ၃၀ ကျော်ကြာ ဟိုအိမ်ပြောင်း ဒီအိမ်ပြောင်းနဲ့ နေလာခဲ့တာ ပြောင်းခဲ့ရတဲ့အိမ်တွေလည်း
မနည်းတော့ဘူး …..
အခုနေမယ့်အိမ်က အဲဒီတုန်းကမီးလောင်လို့ရထားတဲ့ မြို့သစ်ထဲက မြေကွက်လေးမှာပါ
….
အမေစု မန္တလေးမှာ ဟောပြောမယ့် နေရာရပြီ
မေလ ၁၈ ရက်နေ့မှာ ဒီချုပ်ဥက္ကဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးမှာ ဟောပြောမယ့်နေရာကို အောင်ပင်လယ်ကွင်းလို့ အတည်ပြုလိုက်ပြီလို့ သိရပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲကာလ စည်းရုံးရေးခရီးစဉ် ဟောပြောပွဲတုန်းကလည်း အဲဒီနေရာမှာပဲ လုပ်ခဲ့တာပါ။
ကြားဖြတ်ရွေးကောက်ပွဲကာလ စည်းရုံးရေးခရီးစဉ် ဟောပြောပွဲတုန်းကလည်း အဲဒီနေရာမှာပဲ လုပ်ခဲ့တာပါ။
Wednesday, May 7, 2014
မန္တလေးမြို့တော်၏ မြို့ပြ၀န်ဆောင်မှုလုပ်ငန်းများ တိုးတက်ဖြစ်ပေါ်ရေးစီမံချက်အတွက် ကျွမ်းကျင်မှု အကူအညီပေးသည့် လုပ်ငန်းဆိုင်ရာ အစည်းအဝေးကျင်းပ
အာရှဖွံ့ဖြိုးရေးဘဏ် ADB နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့
ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် မန္တလေးမြို့တော်၏ မြို့ပြ၀န်ဆောင်မှုလုပ်ငန်းများ တိုးတက်ဖြစ်ပေါ်ရေးစီမံချက်အတွက်
ကျွမ်းကျင်မှု အကူအညီပေးသည့် လုပ်ငန်းဆိုင်ရာ ကနဦးအစည်းအဝေးကို မေလ ၇ ရက်နေ့ နံနက်
၉ နာရီက စတင်ကျင်းပ သည်။ အခမ်းအနားတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဌ မြို့တော်ဝန်
ဦးအောင်မောင်း တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားသည်။
“မန္တလေးမြို့၏ မြို့ပြ၀န်ဆောင်မှုလုပ်ငန်းများ တိုးတက်ဖြစ်ပေါ်ရေး
စီမံကိန်းဆောင်ရွက်ရန် ADB မှ ချေးငွေပေးမည့် အစီအစဉ်ရှိရာ အဆိုပါစီမံကိန်းဆောင်ရွက်နိုင်ရေး
ပြင်ဆင်ဆောင်ရွက်ပေးသည့် ကျွမ်းကျင်မှု အကူအညီကို ADB မှ US$ ၂ သန်းခန့်ကုန်ကျခံပြီး
ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မတ်လ ၁၁ ရက်နေ့က လုပ်ငန်း စတင်လှုပ်ရှားမှုအစည်းအဝေး ပြုလုပ်ခဲ့ပြီး
ADB မှ International နှင့် National Consultants များမှ သက်ဆိုင်ရာ ဘာသာရပ်အလိုက်
ကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့ကြပါတယ်။ ကနဦးတွေ့ရှိချက်များကို Inception Report
အဖြစ် တင်ပြရမှာဖြစ်ပါတယ်။ မိမိတို့မှလည်း
လိုအပ်သည့် အချက်အလက်များကို ပံပိုးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများကို ပြုလုပ်ပေးလျက်ရှိပါတယ်။
Inception Report မတင်ပြမီ လူကြီးမင်းများကို ယခုလိုအစည်းအဝေးခေါ်ယူပြီး ADB အကြံပေးအဖွဲ့များရဲ
မတ်လဆန်းက ဧပြီလကုန် အထိ ၂ လတာကာလအတွင်း တွေ့ရှိချက်များကို ဒီအစည်းအဝေးမှာ ရှင်းလင်းတင်ပြမှာဖြစ်ပါတယ်” ဟု
မန္တလေး မြို့တော်ဝန် ဦးအောင်မောင်းက ပြောကြားသည်။
မန္တလေးမြို့ ဖွံ့ဖြိုးရေးအတွက် ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ
(AFD)နှင့် ပြင်သစ်နိုင်ငံ စီးပွားရေးဝန်ကြီးဌာနတို့မှ ကူညီမည့်အစီအစဉ်၊ ဂျပန်အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA တို့မှလည်း ADB နှင့် ၀ိုင်းဝန်းပူးပေါင်းကာ ဆောင်ရွက်ကြမည်ဖြစ်ပြီး
Afd (ပြင်သစ်)၊ SAFEGE (ပြင်သစ်)၊ Viten (နယ်သာလန်) တို့ကလည်း ကူညီထောက်ပံ့သည်။
လုပ်ငန်းတိုးတက်ဆောင်ရွက်မှုအခြေအနေများကို အာရှဖွံ့ဖြိုးရေးဘဏ်မှ
ပညာရှင်များနှင့် ၂ ပတ် ၁ ကြိမ် ဆွေးနွေးညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး မန္တလေးမြို့အား
အစိမ်းရောင်မြို့တော်အဖြစ် တည်ဆောက်ရာတွင် လိုအပ်မည့် အခြေခံအဆောက်အအုံများဖြစ်သည့်
ရေပေးရေး၊ အမှိုက်သိမ်းဆည်းရေး၊ ရေဆိုးထိန်းသိမ်းရေး နှင့် သန့်စင်ရေးလုပ်ငန်း၊ မြို့ပြစီမံကိတ်းရေးဆွဲရေးလုပ်ငန်းများကို
အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကဏ္ဍအလိုက် ထိရောက်စွာဆောင်ရွက်လျက်ရှိသည်။
Tuesday, May 6, 2014
ဒေါ်အောင်ဆန်းစုကြည် မန္တလေးလာမည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မေလ ၁၈ ရက်နေ့ မန္တလေးကို လာရောက်မှာ ဖြစ်ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ ဟောပြောပွဲကျင်းပသွားမှာဖြစ်ပြီး ဟောပြောမယ့်နေရာ အတိအကျမသိရသေးပါဘူး။ ဟောပြောမယ့်နေရာကို မန္တလေးတောင်ခြေ အားကစားကွင်း (မြင်းပြိုင်ကွင်း)နဲ့ အောင်ပင်လယ်ကွင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံကို တင်ပြတောင်းခံထားတယ်လို့သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွေးကောက်ပွဲမတိုင် ၂၀၁၂ မတ်လ ၃ ရက်နေ့က စည်းရုံးရေးခရီးစဉ်အဖြစ် မန္တလေးကို ရောက်ရှိလာပြီး အောင်ပင်လယ်ကွင်းမှာ ဟောပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွေးကောက်ပွဲမတိုင် ၂၀၁၂ မတ်လ ၃ ရက်နေ့က စည်းရုံးရေးခရီးစဉ်အဖြစ် မန္တလေးကို ရောက်ရှိလာပြီး အောင်ပင်လယ်ကွင်းမှာ ဟောပြောခဲ့ပါတယ်။
ပဉ္စမအကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကျင်းပ
ပဉ္စမအကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကို မေလ ၆ ရက်နဲ့
၇ ရက်နေ့များမှာ မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်မှာ ကျင်းပပါတယ်။ စာတမ်းဖတ်ပွဲမှာ စာတမ်းပေါင်း
၂၆ စောင် ဖတ်ကြားမှာ ဖြစ်ပြီး မြန်မာပြည်တ၀ှမ်းက တိုင်းရင်းဆေးပညာရှင်တွင် တက်ရောက်ကြပါတယ်။
Saturday, May 3, 2014
Friday, May 2, 2014
ပြင်ဦးလွင်မှာ စခန်းချခဲ့တဲ့ ကင်းထောက်မောင်မယ်များဟာ ဒီကနေ့ မေလ ၂ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကို ရောက်ရှိဖူးမြော်ကြပါတယ်။
ကင်းထောက်အမျိုးသား ၂၄၄ ဦး၊ ကင်းထောက်အမျိုးသမီး ၂၄၅ ဦး စုစုပေါင်း ၂၈၉ ဦးက အုပ်ချုပ်သူ၊ ကြီးကြပ်သူ ဆရာ၊ ဆရာမတွေနဲ့ မဟာမုနိရုပ်ရှင်တော်မြတ်ကို ရောက်ရှိဖူးမြော်လာကြတာဖြစ်ပြီး ပြတိုက်များလေ့လာခြင်းနဲ့ဘုရားကြီးစောင်းတန်းအတွင်းရှိ ဈေးဆိုင်များမှာ အမှတ်တရပစ္စည်းများဝယ်ယူကြပါတယ်။ အဲဒီနောက် မြနန်းစံကျော်ရွှေနန်းတော်ကို သွားရောက်လေ့လာကြပြီး သုဓမ္မာဇရပ်တမှာ နေ့လယ်စာကြပါတယ်။
ကင်းထောက်အမျိုးသား ၂၄၄ ဦး၊ ကင်းထောက်အမျိုးသမီး ၂၄၅ ဦး စုစုပေါင်း ၂၈၉ ဦးက အုပ်ချုပ်သူ၊ ကြီးကြပ်သူ ဆရာ၊ ဆရာမတွေနဲ့ မဟာမုနိရုပ်ရှင်တော်မြတ်ကို ရောက်ရှိဖူးမြော်လာကြတာဖြစ်ပြီး ပြတိုက်များလေ့လာခြင်းနဲ့ဘုရားကြီးစောင်းတန်းအတွင်းရှိ ဈေးဆိုင်များမှာ အမှတ်တရပစ္စည်းများဝယ်ယူကြပါတယ်။ အဲဒီနောက် မြနန်းစံကျော်ရွှေနန်းတော်ကို သွားရောက်လေ့လာကြပြီး သုဓမ္မာဇရပ်တမှာ နေ့လယ်စာကြပါတယ်။
ကုန်စည်ပြပွဲ မြို့တော်ခန်းမမှာ ပြနေတယ်
Wednesday, April 30, 2014
ရွှေကျောင်း သုံးဖက်မြင်စကင်ဖတ်ကာ ပုံရိပ်ထိန်းသိမ်း
မန္တလေးက သမိုင်းဝင်အဆောက်အအုံ ရွှေကျောင်းကို သုံးဖက်မြင်လေဆာစကန်ဖတ်ပြီး ပုံရိပ်ထိန်းသိမ်းကာ ရှေးမူမပျက် ပြုပြင်သွားမှာဖြစ်ပါတယ်။
ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ရှေးဟောင်းသုတေသနာဌာနတို့ရဲ့ ထောက်ခံချက်နဲ့ ကမ္ဘာ့အထိမ်းအမှတ် အဆောက်အဦးများရံပုံငွေ World Monuments Fund (WMF)နဲ့ ဖလော်ရီဒါတက္ကသိုလ် သမိုင်းဝင်အဆောက်အဦးများ ထိန်းသိမ်းစောင့်ရှောက်ရေးအစီအစဉ်တို့ ပူးပေါင်းပြီး ရွှေကျောင်းစီမံကိန်းကို ဆောင်ရွက်နေတာဖြစ်ပါတယ်။
ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ရှေးဟောင်းသုတေသနာဌာနတို့ရဲ့ ထောက်ခံချက်နဲ့ ကမ္ဘာ့အထိမ်းအမှတ် အဆောက်အဦးများရံပုံငွေ World Monuments Fund (WMF)နဲ့ ဖလော်ရီဒါတက္ကသိုလ် သမိုင်းဝင်အဆောက်အဦးများ ထိန်းသိမ်းစောင့်ရှောက်ရေးအစီအစဉ်တို့ ပူးပေါင်းပြီး ရွှေကျောင်းစီမံကိန်းကို ဆောင်ရွက်နေတာဖြစ်ပါတယ်။
မဟာမုနိ ဘုရားကြီးမှာ ၀ိုင်ဖိုင်နဲ့ အင်တာနက် အခမဲ့သုံးနိုင်ပြီ
မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ် ရင်ပြင်တော်မှာ ၀ိုင်ဖိုင်စနစ်နဲ့ အင်တာနက် အခမဲ့အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
RedLink က လှူဒါန်းထားတာဖြစ်ပြီး ဧပြီလ ၃၀ ရက်နေ့က မနက်ပိုင်းက အခမ်းအနားနဲ့ ဖွင့်ပွဲကျင်းပပါတယ်။
RedLink က လှူဒါန်းထားတာဖြစ်ပြီး ဧပြီလ ၃၀ ရက်နေ့က မနက်ပိုင်းက အခမ်းအနားနဲ့ ဖွင့်ပွဲကျင်းပပါတယ်။
Tuesday, April 29, 2014
ဆက်သွယ်ရေးက ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း စတင်လုပ်ဆောင်မည်
မြန်မာ့ဆက်သွယ်ရေးက မန္တလေးမှာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ စတင်လုပ်ဆောင်တော့မှာဖြစ်ပါတယ်။
အင်တာနက်လိုင်းသုံးမရတာမျိုး၊ ဖုန်းလိုင်းပြတ်တာမျိုးတွေနဲ့ ဖုန်းလိုင်းနဲ့ပတ်သက်တဲ့ ၀န်ဆောင်မှုတွေကို အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးဖို့ထိ ဆောင်ရွက်မယ်လို့ သိရပါတယ်။
အင်တာနက်လိုင်းသုံးမရတာမျိုး၊ ဖုန်းလိုင်းပြတ်တာမျိုးတွေနဲ့ ဖုန်းလိုင်းနဲ့ပတ်သက်တဲ့ ၀န်ဆောင်မှုတွေကို အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးဖို့ထိ ဆောင်ရွက်မယ်လို့ သိရပါတယ်။
Monday, April 21, 2014
ဘဘ ဦးဝင်းတင် ကွယ်လွန်
၂၁.၄.၂၀၁၄ မနက် ၆း၃၀ နာရီက သတင်းစာဆရာကြီး ဘဘ ဦးဝင်းတင် ကွယ်လွန်သွားပါတယ်။
ဘဘ ဦးဝင်းတင်. . . ကောင်းရာသုဂတိလားပါစေ. . .
Thursday, April 17, 2014
မြန်မာနှစ်သစ်ကူးဆုတောင်း
သတ္တ၀ါအပေါင်း
ကျန်းမာ ချမ်းသာ
စိတ်ရွှင်လန်းပြီး
လိုအင်ဆန္ဒ ပြည့်ဝကြပါစေ။
ဆြာဘ
Wednesday, April 16, 2014
Monday, April 14, 2014
Saturday, April 12, 2014
Friday, April 11, 2014
Thursday, December 19, 2013
တာဝန်ကျေပါတယ်
နိုင်ချင်လို့ ကစားတာမှန်ပေမယ့်
တာဝန်ကျေအောင် ကစားနိုင်လိုက်တဲ့
မြန်မာအမျိုးသမီး ဘောလုံးအသင်းကို ဂုဏ်ပြုပါတယ်။
Saturday, November 30, 2013
မန္တလေးနေ့စဉ် ၁၆ နှစ်ပြည့်ပြီ
မန္တလေးနေ့စဉ် ၁၆ နှစ်ပြည့်ပြီဆိုတော. အသက်မငယ်တော.ဘူးပဲ
ကျန်းမာပါစေဗျာ
အသက်ရှည်ပါစေ
အန္တရာယ်ကင်းပါစေ
Tuesday, September 17, 2013
စိတ္တသုခပရဟိတလူငယ်များ ရွှေကြက်ယက်ကျေးရွာအုပ်စု ရေဘေးသင့်သူများအား ထမင်းထုတ်နှင့် ရေသန့်လှူဒါန်း
စိတ္တသုခပရဟိတလူငယ်များမှ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စုရှိ ရေဘေးသင့်မိသားစုများအား စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ထမင်းထုတ်နှင့် ရေသန့်များ သွားရောက်လှူဒါန်းကြသည်။
မန္တလေး-စစ်ကိုင်းလမ်းဘေးသို့ ပြောင်းရွှေ့နေထိုင်ကြသော အဆိုပါရေဘေးသင့် မိသားစုများအား စိတ္တသုခ ပရဟိတလူငယ်များသည် ထမင်းထုတ်နှင့် ရေသန့်များအား ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းကြရာ အမရပူရမြို့နယ် မြို့နယ်ကြက်ခြေနီ တပ်ရင်းမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကူညီပေးကြပြီး အုပ်ချုပ်ရေးမှူးကလည်း စနစ်တကျ လှူဒါန်းနိုင်ရေး အတွက် အကူအညီပေးအပ်သည်။
“ရွှေကြက်ယက်ကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၂၄ ရွာရှိပါတယ်။ သုံးပုံနှစ်ပုံလောက်က ရွာတွေထဲ ရေ၀င်လို့ စစ်ကိုင်း-မန္တလေး လမ်းဘေးနဲ့ ရေလွတ်တဲ့ ဘုန်းကြီးကျောင်းတွေမှာ နေကြပါတယ်။ ကယ်ဆယ်ရေးစခန်းတော့ ဖွင့်မထားပါဘူး။ ထမင်းထုတ်လာဝေတာလည်း အခု စိတ္တသုခပရဟိတလူငယ်တွေလာလှူဒါန်းတာ ပထမဆုံးပဲ ဖြစ်ပါတယ်” ဟု အရေးပေါ်ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရွှေကြက်ယက်ကျေးရွာအုပ်စုတွင် ကျေးရွာ ၂၄ ရွာရှိရာ ရွှေလေးရွာမ၊ မိုးကောင်း၊ ကွက်သစ် (၁)(၂)(၃)၊ ခြောက်သွေးသောက်၊ ကံထော်၊ တိုက်စိုး၊ ကတ္ထီပါ၊ ယက္ကန်တော်၊ နန်းမတော်၊ ပတ္တမြား၊ စံရွှေ၊ အိမ်မြင့်၊ ရွာသစ် အစရှိသော ကျေးရွာများမှာ နေအိမ်များသို့ ရေ၀င်ရောက်နေပြီး ရေလွတ်ရာသို့ပြောင်းရွှေ့နေကြရပြီး ကျေးရွာအချို့မှာ နှစ်စဉ်ရေ၀င်သဖြင့် စစ်ကိုင်း-မန္တလေးလမ်းမပေါ်တွင် ပြောင်းရွှေ့နေထိုင်လေ့ရှိကြရကာ တကူးတကလာရောက်လှူဒါန်းသူများ နည်းပါးသည်။ ယခုနှစ်တွင် ရေ၀င်သည့်ကျေးရွာပိုမိုများပြားသဖြင့် ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြမှုမှာ များပြားနေပြီး ရေနှင့် အစားအသောက်များ လိုအပ်လျက်ရှိသည်ကို ရေဘေးသင့်မိသားစုဝင်များ၏ ပြောကြားချက်အရ သိရသည်။
စိတ္တသုခ ပရဟိတလူငယ်များမှ ရေဘေးသင့်မိသားစုအတွက် လိုအပ်သည့် ရေသန့်နှင့် ထမင်းထုတ်များကို ဆက်လက်လှူဒါန်းသွားမည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်ကိုလည်း တတပ်တအား ပါဝင် လှူဒါန်းကြမည်ဖြစ်ကြောင်းသိရသည်။
Friday, August 30, 2013
အခြေခံဌက်ကြည့်သင်တန်းဖွင့်လှစ်ပို့ချ
မြန်မာဌက်နှင့်သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးအသင်းနှင့် ချမ်းမြသုခ လူမှုကူညီရေးအသင်းတို့ ကြီးမှူးဖွင့်လှစ်သော ဌက်အကြောင်းသိကောင်းစရာလေ့လာမှုသင်တန်းနှင့်
ဧည့်လမ်းညွှန်များ အတွက် အခြေခံဌက်ကြည့်သင်တန်း အမှတ်စဉ် ၅/၂၀၁၃ ဖွင့်ပွဲအခမ်းအနားအား
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ရှိ ချမ်းမြသုခပရဟိတအသင်းရုံးတွင် ကျင်းပသည်။
အဆိုပါ ဌက်ကြည့်သင်တန်းအား
သြဂုတ်လ ၃၀ မှ စက်တင်ဘာလ ၁ ရက်နေ့ထိ ဖွင့်လှစ် သင်ကြားခြင်းဖြစ်ပြီး ဧည့်လမ်းညွှန်များနှင့်အတူ
ဌက်ကြည့်ဝါသနာရှင်များက တက်ရောက်ကြသည်။
Thursday, August 29, 2013
Monday, August 26, 2013
NLD မန္တလေးတိုင်းဒေသကြီး တိုင်းဥက္ကဌကြီး ဦးမောင်မောင်သန်း ကွယ်လွန်
ဆရာရွှေနောင်ရိုးရဲ့အစ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မန္တလေးတိုင်းဒေသကြီး တိုင်းဥက္ကဌကြီး ဦးမောင်မောင်သန်း အသက်(၆၄)နှစ်ဟာ (၂၅-၈-၂၀၁၃) ည(၇း၂၀) က ၉၆ပါးရောဂါနဲ့ ကွယ်လွန်သွားပါတယ်...
(၂၇-၈-၂၀၁၃)ရက်နေ့ နံနက်(၁၀း၀၀)နာရီမှာ နေအိမ်က အေးရိပ်ငြိမ်းသုသာန်ကို ပို့ဆောင်ကြမှာပါ ....
မိသားစုနဲ့အတူထပ်တူဝမ်းနည်းမိပါတယ်။
(၂၇-၈-၂၀၁၃)ရက်နေ့ နံနက်(၁၀း၀၀)နာရီမှာ နေအိမ်က အေးရိပ်ငြိမ်းသုသာန်ကို ပို့ဆောင်ကြမှာပါ ....
မိသားစုနဲ့အတူထပ်တူဝမ်းနည်းမိပါတယ်။
Sunday, August 25, 2013
Monday, June 17, 2013
Friday, September 21, 2012
Tuesday, April 17, 2012
၁၃၇၄ ခု မြန်မာနှစ်သစ်ကူး ...............
နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေနဲ့ ဆေးကြောလိုက်ပြီလို့
ပြောကြပါတယ်။ ဒီနေ့ ၁၃၇၄ ခု မြန်မာနှစ်ဆန်းတစ်ရက်နေ့ ။ နှစ်သစ်မှာ
လူတိုင်းလူတိုင်း စိတ်ရွှင်လန်းချမ်းမြေ့  ကြပါစေဗျာ။

Sunday, March 4, 2012
Friday, March 2, 2012
မန္တလေးကိုရောက်လာမယ့် လူထုခေါင်းဆောင် ဒေါ်စုကို ကြိုဆိုပါတယ်
မနက်ဖန် ၃-၃-၂၀၁၂ နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးကို ရောက်လာတော့မှာမို့ ဒီကနေ ကြိုပြီး ကြိုဆိုလိုက်ရပါတယ်ဗျာ ...............
Wednesday, February 29, 2012
ဘုရားကြီးကို မင်းကိုနိုင်တို့ လာဖူးတယ် ..
မန္တလေး မဟာမုနိ ဘုရားကြီးကို မင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းက လာရောက်ဖူးမြော်ပြီး ရွှေသင်္ကန်းကပ်လှူကြပါတယ်။
Tuesday, February 14, 2012
Monday, October 10, 2011
Subscribe to:
Posts (Atom)













































