Friday, May 2, 2014

ကုန်စည်ပြပွဲ မြို့တော်ခန်းမမှာ ပြနေတယ်

 ရွှေမန္တလာ ကုန်စည်ပြပွဲကို မေလ ၁ ရက်နေ့က စပြီး မေလ ၄ ရက်နေ့ထိ မန္တလေးမြို့ မြို့တော်ခန်းမမှာ ကျင်းပနေပါတယ်။
ကားနဲ့ ဆက်စပ်ပစ္စည်းတွေ၊ အလှကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေအပြင် ရေပြင်မှာစီးဖို့ မော်တော်ဘုတ်တွေကိုလည်းပြသရောင်းချပေးနေပါတယ်။








Wednesday, April 30, 2014

ရွှေကျောင်း သုံးဖက်မြင်စကင်ဖတ်ကာ ပုံရိပ်ထိန်းသိမ်း

မန္တလေးက သမိုင်းဝင်အဆောက်အအုံ ရွှေကျောင်းကို သုံးဖက်မြင်လေဆာစကန်ဖတ်ပြီး ပုံရိပ်ထိန်းသိမ်းကာ ရှေးမူမပျက် ပြုပြင်သွားမှာဖြစ်ပါတယ်။

ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ရှေးဟောင်းသုတေသနာဌာနတို့ရဲ့ ထောက်ခံချက်နဲ့ ကမ္ဘာ့အထိမ်းအမှတ် အဆောက်အဦးများရံပုံငွေ World Monuments Fund (WMF)နဲ့ ဖလော်ရီဒါတက္ကသိုလ် သမိုင်းဝင်အဆောက်အဦးများ ထိန်းသိမ်းစောင့်ရှောက်ရေးအစီအစဉ်တို့ ပူးပေါင်းပြီး ရွှေကျောင်းစီမံကိန်းကို ဆောင်ရွက်နေတာဖြစ်ပါတယ်။

မဟာမုနိ ဘုရားကြီးမှာ ၀ိုင်ဖိုင်နဲ့ အင်တာနက် အခမဲ့သုံးနိုင်ပြီ

မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ် ရင်ပြင်တော်မှာ ၀ိုင်ဖိုင်စနစ်နဲ့ အင်တာနက် အခမဲ့အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
RedLink က လှူဒါန်းထားတာဖြစ်ပြီး ဧပြီလ ၃၀ ရက်နေ့က မနက်ပိုင်းက အခမ်းအနားနဲ့ ဖွင့်ပွဲကျင်းပပါတယ်။


Tuesday, April 29, 2014

ဆက်သွယ်ရေးက ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း စတင်လုပ်ဆောင်မည်

မြန်မာ့ဆက်သွယ်ရေးက မန္တလေးမှာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ စတင်လုပ်ဆောင်တော့မှာဖြစ်ပါတယ်။
အင်တာနက်လိုင်းသုံးမရတာမျိုး၊ ဖုန်းလိုင်းပြတ်တာမျိုးတွေနဲ့ ဖုန်းလိုင်းနဲ့ပတ်သက်တဲ့ ၀န်ဆောင်မှုတွေကို အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးဖို့ထိ ဆောင်ရွက်မယ်လို့ သိရပါတယ်။

Monday, April 21, 2014

ဘဘ ဦးဝင်းတင်​ ကွယ်​လွန်

၂၁.၄.၂၀၁၄ မနက်​ ၆း၃၀ နာရီက သတင်းစာဆရာကြီး ဘဘ ဦးဝင်းတင်​ ကွယ်​လွန်​သွားပါတယ်​။

ဘဘ ဦးဝင်းတင်​.  . . ​ကောင်းရာသုဂတိလားပါ​စေ.  . .

Thursday, April 17, 2014

မြန်‌မာနှစ်‌သစ်‌ကူးဆု‌တောင်း

သတ္တ၀ါအ‌ပေါင်း
ကျန်းမာ ချမ်းသာ
စိတ်‌ရွှင်‌လန်းပြီး
လိုအင်‌ဆန္ဒ ပြည့်‌ဝကြပါ‌စေ။

ဆြာဘ

Wednesday, April 16, 2014

မန္တ​လေး သင်္ကြန်‌ ည

မန္တ​လေး သင်္ကြန်‌


Saturday, April 12, 2014

Friday, April 11, 2014

‌ပျော်‌ရွှင်‌‌သောသင်္ကြန်‌‌နေ့ရက်‌များဖြစ်‌ပါ‌စေ

သင်္ကြန်‌မှာ ‌ပျော်‌ရွှင်‌နိုင်‌ကြပါ‌စေ ..

‌ပျော်‌ရွှင်‌‌သောသင်္ကြန်‌‌နေ့ရက်‌များဖြစ်‌ပါ‌စေ

သင်္ကြန်‌မှာ ‌ပျော်‌ရွှင်‌နိုင်‌ကြပါ‌စေ ..

Thursday, December 19, 2013

မုန့်​ပဲဆုတ်

မြန်​မာ့ရိုးရာစားစရာ - မုန့်​ပဲဆုတ်


တာဝန်​​ကျေပါတယ်

နိုင်​ချင်​လို့ ကစားတာမှန်ေ​ပမယ့်
တာဝန်​​ကျေ​အောင်​ ကစားနိုင်​လိုက်​တဲ့
မြန်​မာအမျိုးသမီး ​ဘောလုံးအသင်းကို ဂုဏ်​ပြုပါတယ်​။

Saturday, November 30, 2013

မန္တ​လေး​နေ့စဉ်​ ၁၆ နှစ်​ပြည့်​ပြီ

မန္တ​လေး​နေ့စဉ်​ ၁၆ နှစ်​ပြည့်​ပြီဆို​တော. အသက်​မငယ်​​တော.ဘူးပဲ

ကျန်းမာပါ​စေဗျာ
အသက်​ရှည်​ပါ​စေ
အန္တရာယ်​ကင်းပါ​စေ

Tuesday, September 17, 2013

စိတ္တသုခပရဟိတလူငယ်များ ရွှေကြက်ယက်ကျေးရွာအုပ်စု ရေဘေးသင့်သူများအား ထမင်းထုတ်နှင့် ရေသန့်လှူဒါန်း

စိတ္တသုခပရဟိတလူငယ်များမှ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စုရှိ ရေဘေးသင့်မိသားစုများအား စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ထမင်းထုတ်နှင့် ရေသန့်များ သွားရောက်လှူဒါန်းကြသည်။ မန္တလေး-စစ်ကိုင်းလမ်းဘေးသို့ ပြောင်းရွှေ့နေထိုင်ကြသော အဆိုပါရေဘေးသင့် မိသားစုများအား စိတ္တသုခ ပရဟိတလူငယ်များသည် ထမင်းထုတ်နှင့် ရေသန့်များအား ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းကြရာ အမရပူရမြို့နယ် မြို့နယ်ကြက်ခြေနီ တပ်ရင်းမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကူညီပေးကြပြီး အုပ်ချုပ်ရေးမှူးကလည်း စနစ်တကျ လှူဒါန်းနိုင်ရေး အတွက် အကူအညီပေးအပ်သည်။ “ရွှေကြက်ယက်ကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၂၄ ရွာရှိပါတယ်။ သုံးပုံနှစ်ပုံလောက်က ရွာတွေထဲ ရေ၀င်လို့ စစ်ကိုင်း-မန္တလေး လမ်းဘေးနဲ့ ရေလွတ်တဲ့ ဘုန်းကြီးကျောင်းတွေမှာ နေကြပါတယ်။ ကယ်ဆယ်ရေးစခန်းတော့ ဖွင့်မထားပါဘူး။ ထမင်းထုတ်လာဝေတာလည်း အခု စိတ္တသုခပရဟိတလူငယ်တွေလာလှူဒါန်းတာ ပထမဆုံးပဲ ဖြစ်ပါတယ်” ဟု အရေးပေါ်ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ရွှေကြက်ယက်ကျေးရွာအုပ်စုတွင် ကျေးရွာ ၂၄ ရွာရှိရာ ရွှေလေးရွာမ၊ မိုးကောင်း၊ ကွက်သစ် (၁)(၂)(၃)၊ ခြောက်သွေးသောက်၊ ကံထော်၊ တိုက်စိုး၊ ကတ္ထီပါ၊ ယက္ကန်တော်၊ နန်းမတော်၊ ပတ္တမြား၊ စံရွှေ၊ အိမ်မြင့်၊ ရွာသစ် အစရှိသော ကျေးရွာများမှာ နေအိမ်များသို့ ရေ၀င်ရောက်နေပြီး ရေလွတ်ရာသို့ပြောင်းရွှေ့နေကြရပြီး ကျေးရွာအချို့မှာ နှစ်စဉ်ရေ၀င်သဖြင့် စစ်ကိုင်း-မန္တလေးလမ်းမပေါ်တွင် ပြောင်းရွှေ့နေထိုင်လေ့ရှိကြရကာ တကူးတကလာရောက်လှူဒါန်းသူများ နည်းပါးသည်။ ယခုနှစ်တွင် ရေ၀င်သည့်ကျေးရွာပိုမိုများပြားသဖြင့် ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြမှုမှာ များပြားနေပြီး ရေနှင့် အစားအသောက်များ လိုအပ်လျက်ရှိသည်ကို ရေဘေးသင့်မိသားစုဝင်များ၏ ပြောကြားချက်အရ သိရသည်။ စိတ္တသုခ ပရဟိတလူငယ်များမှ ရေဘေးသင့်မိသားစုအတွက် လိုအပ်သည့် ရေသန့်နှင့် ထမင်းထုတ်များကို ဆက်လက်လှူဒါန်းသွားမည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်ကိုလည်း တတပ်တအား ပါဝင် လှူဒါန်းကြမည်ဖြစ်ကြောင်းသိရသည်။ 

Friday, August 30, 2013

အခြေခံဌက်ကြည့်သင်တန်းဖွင့်လှစ်ပို့ချ


မြန်မာဌက်နှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းနှင့် ချမ်းမြသုခ လူမှုကူညီရေးအသင်းတို့ ကြီးမှူးဖွင့်လှစ်သော ဌက်အကြောင်းသိကောင်းစရာလေ့လာမှုသင်တန်းနှင့် ဧည့်လမ်းညွှန်များ အတွက် အခြေခံဌက်ကြည့်သင်တန်း အမှတ်စဉ် ၅/၂၀၁၃ ဖွင့်ပွဲအခမ်းအနားအား မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ရှိ ချမ်းမြသုခပရဟိတအသင်းရုံးတွင် ကျင်းပသည်။
အဆိုပါ ဌက်ကြည့်သင်တန်းအား သြဂုတ်လ ၃၀ မှ စက်တင်ဘာလ ၁ ရက်နေ့ထိ ဖွင့်လှစ် သင်ကြားခြင်းဖြစ်ပြီး ဧည့်လမ်းညွှန်များနှင့်အတူ ဌက်ကြည့်ဝါသနာရှင်များက တက်ရောက်ကြသည်။ 



Thursday, August 29, 2013

အတောင်ပံပါရင်မင်းဆီကို ..............

အတောင်ပံပါရင်မင်းဆီကို ..............


Monday, August 26, 2013

NLD မန္တလေးတိုင်းဒေသကြီး တိုင်းဥက္ကဌကြီး ဦးမောင်မောင်သန်း ကွယ်လွန်

ဆရာရွှေနောင်ရိုးရဲ့အစ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး တိုင်းဥက္ကဌကြီး ဦးမောင်မောင်သန်း အသက်(၆၄)နှစ်ဟာ (၂၅-၈-၂၀၁၃) ည(၇း၂၀) က ၉၆ပါးရောဂါနဲ့ ကွယ်လွန်သွားပါတယ်...
(၂၇-၈-၂၀၁၃)ရက်နေ့ နံနက်(၁၀း၀၀)နာရီမှာ နေအိမ်က အေးရိပ်ငြိမ်းသုသာန်ကို ပို့ဆောင်ကြမှာပါ ....


မိသားစုနဲ့အတူထပ်တူဝမ်းနည်းမိပါတယ်။

Sunday, August 25, 2013

Blog Day (Aug 31) ရောက်တော့မယ် ....

Blog Day (Aug 31) ရောက်တော့မယ် ....

Monday, June 17, 2013

Blog မသုံးဖြစ်‌တာကြာလို့ ဝင်‌ကြည့်‌မိတယ်‌

Blog မသုံးဖြစ်‌တာကြာလို့ ဝင်‌ကြည့်‌မိတယ်‌

Friday, September 21, 2012

ဒီကနေ့ဟာ နိုင်ငံတကာမီဒီယာကျင့်ဝတ်နေ့ဖြစ်ပါတယ်။ ကျင့်ဝတ်စောင့်ထိန်းဖို့ တိုက်တွန်းပါတယ်။

Tuesday, April 17, 2012

မြန်မာနှစ်ဆန်းတစ်ရက်နေ့ (၁၃၇၄ ခုနှစ်)

(၁၃၇၄ ခုနှစ်) မြန်မာနှစ်ဆန်းတစ်ရက်နေ့






၁၃၇၄ ခု မြန်မာနှစ်သစ်ကူး ...............

နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေနဲ့ ဆေးကြောလိုက်ပြီလို့ ပြောကြပါတယ်။ ဒီနေ့ ၁၃၇၄ ခု မြန်မာနှစ်ဆန်းတစ်ရက်နေ့ ။ နှစ်သစ်မှာ လူတိုင်းလူတိုင်း စိတ်ရွှင်လန်းချမ်းမြေ့  ကြပါစေဗျာ။











Sunday, March 4, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးကို အရောက်လာခဲ့ပြီ။ (၃-၃-၂၀၁၂)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးကို အရောက်လာခဲ့ပြီ။ (၃-၃-၂၀၁၂)



Friday, March 2, 2012

မန္တလေးကိုရောက်လာမယ့် လူထုခေါင်းဆောင် ဒေါ်စုကို ကြိုဆိုပါတယ်

မနက်ဖန် ၃-၃-၂၀၁၂ နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးကို ရောက်လာတော့မှာမို့ ဒီကနေ ကြိုပြီး ကြိုဆိုလိုက်ရပါတယ်ဗျာ ...............

Wednesday, February 29, 2012

ဘုရားကြီးကို မင်းကိုနိုင်တို့ လာဖူးတယ် ..

မန္တလေး မဟာမုနိ ဘုရားကြီးကို မင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ
 ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းက လာရောက်ဖူးမြော်ပြီး ရွှေသင်္ကန်းကပ်လှူကြပါတယ်။

Write Intro Here. Write the rest here.

Tuesday, February 14, 2012

ချစ်သူများနေ့ ......

Monday, October 10, 2011

Music Note

Music Note

မြန်မာဂျာနယ်လစ်ကွန်ယက် (မန္တလေး) ဖွဲ့မည်


မန္တလေးက သတင်းသမားများ၊ သတင်းယူလိုသူများသို့ ...

Monday, October 18, 2010

မတ္တရာရေဘေး မှတ်တမ်းဓာတ်ပုံ

မတ္တရာရေဘေး မှတ်တမ်းဓာတ်ပုံ