Wednesday, July 2, 2008

အမျိုးသမီးများနေ့ ပဒေသာကပွဲ

ဇူလိုင် ၁ ရက်နေ့ မန္တလေး အမျိုးသားကဇာတ်ရုံမှာ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပပါတယ် ....

Tuesday, July 1, 2008

ရုပ်ရှင်ပဒေသာကပွဲကြီး

ဝင်ခွင့် ၂၀၀၀၀ ကျပ် ၊ ဆိုင်ကယ်အပ်ခ ၁၀၀၀ ပေးရတဲ့
ရုပ်ရှင်ပဒေသာကပွဲကြီးရဲ့ မှတ်တမ်းဓာတ်ပုံပါ .......

Friday, June 27, 2008

Miss Ray World 2008 မှတ်တမ်းပုံများ

Miss Ray World 2008 မှတ်တမ်းပုံများ

Miss Ray World 2008 (Mandalay)


ထူးခြားဆန်းသစ်မှုတွေနဲ့အတူ မန္တလေး Ray World Co. Ltd ကကျင်းပတဲ့ ရောင်စဉ်ကမ္ဘာထဲက ချစ်စဖွယ်၊ သွက်လက် ဥာဏ်ပညာထက်မြက်သော အလှရှာပုံတော် Miss Ray World 2008 ပြိုင်ပွဲကို ဇွန်လ ၂၆ ရက်နေ့က မန္တလေးမြို့ ၇၇လမ်း နှင့် ၇၈လမ်း၊ ၃၂ လမ်းနှင့် ဇောတိကလမ်းကြားရှိ Ray World Complex မှာ ပြုလုပ်ကျင်းပ ပါတယ်။

ခမ်းနားစွာကျင်းပတဲ့ ဒီပြိုင်ပွဲမှာ အခမ်းအနားမှူးအဖြစ် မတင်မိုးလွင်က ဆောင်ရွက်ပါတယ်။ DENOBO တေးဂီတရဲ့ ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ Talents & Models ရဲ့တင်ဆက်မှု အစီအစဉ်များ၊ ဒီဇိုင်နာ မရူပါရွှေရဲ့ ဖက်ရှင်ဒီဇိုင်းပြပွဲ၊ အောင်လွင်(အမရပူရ)ရဲ့ မိတ်ကပ်၊ ဆံပင် တီထွင်ဆန်းသစ် တီထွင်မှုများကို ဖျော်ဖြေ တင်ဆက်ပါတယ်။

တက်ရောက်လာကြတဲ့ ဧည့်ပရိတ်များမှ ပေါ်ပြူလာ အဖြစ်ဆုံးမော်ဒယ်တစ်ဦးကို မဲစနစ်နဲ့ ရွေးချယ်စေခဲ့ရာ ဇွန်ဖွေးဥက Popular Choice ဆုကို ရရှိပါတယ်။

ဆက်လက်ပြီး စပွန်ဆာ ကုမ္ပဏီများရဲ့ စိတ်ကြိုက်မော်ဒယ်များကို ရွေးချယ်ခဲ့ရာမှာ ရှိုင်းသူသူမောင် က The Best Choice of Sweety Home ၊ ထိုက်ဆုဝင်းက Primier Choice ၊ စုမွန်မွန်ကျော်က မင်းသီဟ Choice ၊ သျှားဝေက Golden Mountain Choice ၊  ရွှေစင်က Beautiful Face Choice ၊ မင်းမင်းဟန် က Special Girl Choice ၊ မင်းမင်းဟန် က Olympia Choice ၊ ဇွန်ပွင့်ဖြူက Idea Choice ၊ မြတ်ဇင်မာထွန်းက Desingner Choice အသီးသီးရရှိကြပါတယ်။

အစီအစဉ်ရဲ့ နောက်ဆုံးမှာတော့ Miss Ray World 2008 ကြေငြာပေးဖို့ မတင်မိုးလွင်က အိတ်ပိတ်ထားတဲ့ စာအိတ်ကို ဖွင့်ဖောက်ကြေ ငြာရာမှာ လင်းလက်အောင်ကျော်က Miss Ray World 2008 ကို ရရှိပါတယ်။

ကသောလက်ဖြင့်အလှူခံကြသူများ မှတ်တမ်းဓာတ်ပုံ - ၂

ကသောလက်ဖြင့်အလှူခံကြသူများ မှတ်တမ်းဓာတ်ပုံ - 2

ကသောလက်ဖြင့်အလှူခံကြသူများ မှတ်တမ်းဓာတ်ပုံ - ၁

ကသောလက်ဖြင့်အလှူခံကြသူများ မှတ်တမ်းဓာတ်ပုံ - ၁

Thursday, June 26, 2008

ဇာတ်သဘင်ပွဲကပြခြင်းဖြင့် နာဂစ်အတွက် အလှူခံ

မန္တလေးအမျိုးသားကဇာတ်ရုံကြီးမှာ ဇာတ်မင်းသားကြီးများ၊
ဇာတ်မင်းသားငယ်များစုပေါင်းပြီး ဇွန် ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ
ကပြဖျော်ဖြေရင်း အလှူခံကြမယ် .....

Sunday, June 22, 2008

ခြောက်လတစ်ကြိမ်ပုံမှန်အလှူကို 2008 June 8 နေ့က စဉ့်ကူးက အမက ၉၁ မှာ လှူဒါန်းကြတယ် ....

စိတ္တသုခ ပရဟိတလူငယ်များရဲ့
ပုံမှန် ၆လတစ်ကြိမ် ပုံမှန်အလှူအဖြစ် 
စဥ့်ကူးမြို့ အမှတ်(၉၁)အခြေခံပညာမူလတန်းကျောင်းတွင် ဇွန်လ ၈ ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

လျှပ်စစ်မီးရရှိရေးအတွက် မီတာ၊ လျှပ်စစ်တပ်ဆင်ခြင်းများ၊ ၀င်းထရံခတ်ခြင်း စသည်အတွက် ငွေကျပ် သုံးသိန်း
လှူဒါန်းပြီး ကျောင်းသား၊ ကျောင်းသူ ၇၂ဦးအား စာရေးကိရိယာ၊ ကျောင်းသုံးပစ္စည်း ၇သိန်းကျော်ကို
ပေးအပ်လှူဒါန်းနိုင်ခဲ့ပါတယ်။ စုစုပေါင်း ၁၀ သိန်းကျော်လှူဒါန်းနိုင်ခဲ့ပါတယ်။

စိတ္တသုခ ပရဟိတလူငယ်များ တစ်ယောက် ခရီးစရိတ် ၄၅၀၀ကျပ်ဖြင့်
ကားစုငှားကာ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
အားလုံး ၄၂ဦးလိုက်ပါ လှူဒါန်းခဲ့ပါတယ်ခင်ဗျာ . . .

Wednesday, June 18, 2008

သဘင်ပညာရှင်များရဲ့မုန်တိုင်းအတွက် စုပေါင်းအလှူ

မုန်တိုင်းဒဏ်သင့် ဘ၀တူ မန္တလေးသဘင်အပေါင်းအသင်းများအား
ဘ၀တူအပေါင်းအသင်းများမှ ကူညီလှူဒါန်းမှု အခမ်းအနားကို ၃၉ လမ်း၊ ၈၀ နှင့်
၈၁ လမ်းကြားရှိ စိန်ဓူဝံ ဆိုင်းအဖွဲ့တည်ရာဌာန၌ ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၁
နာရီက ကျင်းပပြုလုပ်ပါတယ်။ အခန်းအနားမှူးအဖြစ် ကိုမောင်မော် (ဘိသိက်ဆရာ)က
ပြုလုပ်ပြီး လူရွှင်တော်ကြီးများ၊ အငြိမ့်၊ ဆိုင်း၊ ဇတ်၊
ဘိသိက်ပညာရှင်များ၊ မင်းသမီးများနှင့် စာနယ်ဇင်းဆရာများတက်ရောက်ပါတယ်။
အခမ်းအနားမှာ လူရွှင်တော်ဦးမြသာမှ အမှာစကားပြောကြားပါတယ်။ မန္တလေးမြို့မှ
လူရွှင်တော်များနှင့် အငြိမ့်၊ ဆိုင်း၊ ဇာတ်၊ ဘိသိက် ပညာရှင်များ၊
မင်းသမီးများစုပေါင်းကာ နာဂစ်မုန်တိုင်းခံခဲ့ရသော ခေတ်လူဇော်
ဇာတ်သဘင်အဖွဲ့မှ အဖွဲ့သားများကို ငွေကျပ်တစ်သောင်း၊ ဆန်နှစ်ပြည်၊
အ၀တ်အထည်နှင့် ပုဂံခွက်ယောက်များကို အဖွဲ့ဝင်တစ်ဦးစီလက်သို့ လက်ရောက်
ပေးအပ်ပါတယ်။ ဇာတ်ဆရာဦးတင်ဝင်းမှကျေးဇူးတင်စကားပြောကြားရာ
ခေတ်လူဇော်ဇာတ်သဘင်အဖွဲ့သည် နာဂစ် မုန်တိုင်းတိုက်ခတ်စဉ်က ဇာတ်ပွဲကပြရန်
လပ္ပတ္တာမြို့နယ်တွင် ရှိနေခဲ့ပြီး မုန်တိုင်းဒဏ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊
ရင်ခေါင်းလောက်ထိ ရေ၀င်လာသော်လည်း အဖွဲ့သားများ တစ်ယောက်မှာ
သေဆုံးခြင်းမရှိခဲ့ကြောင်း၊ သို့သော်လည်း ဇာတ်ပစ္စည်းများမှာ ရေနှင့်အတူ
မျောပါသွားပြီး ဆုံးရှုံးမှုများရှိကြောင်းနှင့် ယခုကဲ့သို့
ကူညီထောက်ပံ့မှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားသွားပါတယ်။
မန္တလေးမြို့မှ လူရွှင်တော်များနှင့် အငြိမ့်၊ ဆိုင်း၊ ဇာတ်၊
ဘိသိက်ပညာရှင်များ၊ မင်းသမီးများစုပေါင်းကာ ဇွန်လဆန်းပိုင်းက
မန္တလေးမြို့တွင်း အနုပညာလုပ်အားဒါနဖြင့် လှည့်လည်အလှူခံရာ အလှူငွေ ၈၅
သိန်းလက်ခံရရှိခဲ့ပါတယ်။ ကျပ်သိန်း ၅၀ အား ဘိုကလေးမြို့နယ်၊ သကန်တောရ
ဆရာတော် ရှင်စန္ဒေဘာသအားလှူဒါန်းမည်ဖြစ်ပြီး ကျပ် ၁၅ သိန်းအားနှင့်
အ၀တ်အထည်(၆)တန်ကားနှစ်စီးတိုက်အား လှိုင်သာယာမြို့နယ်၊ အောင်ဇေယျာမင်း
ပရဟိတ မိဘမဲ့ကလေးများကျောင်းသို့ သွားရောက်လှူဒါန်းမည်ဖြစ်ပါတယ်။
အဆိုပါလှူဒါန်းမှုကို သွားရောက်လှူဒါန်းနိုင်ရေးအတွက်
ဂီတစာဆိုအကယ်ဒမီစိန်မိတ္တား၊ စိန်ဓူဝါး၊ ဦးမောင်မော်၊ ဦးကျော်ကြား၊
ဦးချစ်စရာ၊ ဦးဂွတ်ရှယ်၊ ဦးမင်းသူရ၊ ဦးမျိုးသန့်တို့မှ
ဇွန်လ(၁၈)ရက်နေ့ မီးရထားဖြင့် မန္တလေးထွက်ခွာကာ
လှူဒါန်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

Tuesday, June 17, 2008

Sedona Hotel ရဲ့လူသားခြင်းစာနာကူညီပေးမယ့် ညစာစားပွဲ

မေလ ၂ ရက်နေ့ညက တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းဒဏ် ခံရသူများနှင့် မေလ ၁၂
ရက်နေ့က ဖြစ်ပေါ်ခဲ့သော တရုတ်ငလျင်ဒဏ် ခံရသူများအား
လူသားခြင်းစာနာထောက်ထားသောအားဖြင့် အကူအညီ ပေးနိုင်ရေးအတွက် ရန်ပုံငွေ
ဘူဖေးညစာစားပွဲအခမ်းအနားကို မန္တလေးမြို့ Sedona Hotel က ဇွန်လ ၁၇ ရက်နေ့
ည ၇ နာရီမှ ၁၀ နာရီထိ ဟိုတယ်ရှိ ရေကူးကန်ဘေး မြက်ခင်းပြင်မှာ
ကျင်းပပြုလုပ်ပါတယ်။ အခမ်းအနားမှာ Operation Manager ဖြစ်သူ Mr Koichi
Tanaka မှ နှုတ်ခွန်းဆက်စကားပြောကြားပါတယ်။ ညစာစားပွဲမှာ Green House
တေးဂီတအဖွဲ့မှ သီဆို ဖျော်ဖြေကာ တီးဝိုင်းပစ္စည်းများကို
တိမ်လွှာအသံချဲ့စက်လုပ်ငန်းမှ ပံ့ပိုးကူညီပါတယ်။ ဘူးဖေးညစာစားပွဲလက်မှတ်
များကို လူကြီးတစ်ဦးလျှင် ကျပ် ၂၅၀၀၀၊ ကလေးတစ်ဦးလျှင် ကျပ် ၁၅၀၀၀
ဖြင့်ရောင်းချခဲ့ရာ လက်မှတ်ပေါင်း ၂၅၀ ကျော် ရောင်းချနိုင်ခဲ့ကြောင်း
Sedona Hotel မှ မ၀င်းလဲ့ကပြောကြားပါတယ်။ ဘီယာ၊ အချိုရည်၊ ရေသန့်ရောင်းချ
ရငွေများ အားလုံးကိုလည်း လှူဒါန်းမှာဖြစ်သလို လေလံစနစ်ဖြင့် Ambassador
Suite Room, Club Suite Room, Premier Suite Room, Deluxe Room
အခန်းခများ၊ အားကစားလေ့ကျင့်ခန်းမ အသင်းဝင်ကြေးများအား စိတ်ကြိုက်
ဈေးနှုံးများဖြင့် ယှဉ်ပြိုင်ရောင်းချပေးခဲ့ကာ ရရှိငွေများကို
လှူဒါန်းမှာဖြစ်ပါတယ်။ Green House တေးဂီတအဖွဲ့ရဲ့ တေးသံသာများနှင့်အတူ
သီဆိုကခုန်ရင်း ရန်ပုံငွေပွဲမှာ စည်ကားသိုက်မြိုက်ခဲ့ပါတယ်။
ကောက်ခံရရှိငွေများအားလုံးမှ တစ်ဝက်ကို နာဂစ်မုန်တိုင်းဒဏ်ခံရသူများအတွက်
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့်လည်းကောင်း၊ ကျန်တစ်ဝက် ကို
ငလျင်ဒဏ်ခံရသူများအတွက်
မန္တလေးအခြေစိုက်တရုတ်ကောင်စစ်ဝန်ရုံးမှတဆင့်လည်းကောင်း
ပေးပို့လှူဒါန်းသွား မှာဖြစ်ပါတယ်။ သဘာဝဘေးအန္တာရယ်ဆိုးကြီးဖြစ်သော
မုန်တိုင်းဒဏ်နဲ့ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့သော၊ ဒဏ်ရာရခဲ့သေ၊
အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သောသူများအားလုံးအတွက်ဝမ်းနည်းကြေကွဲရသလို
မန္တလေးမြို့သူမြို့သားများရဲ့ ဒါနအင်အားကိုတွေ့မြင်ရတာ အလွန်မှ
အားရစရာကောင်းလှပါတယ်လို့ လုပ်ငန်းရှင်တစ်ဦးဖြစ်သူက ပြောကြားပါတယ်

Monday, June 16, 2008

မြို့မတူရိယာအသင်းရဲ့ စာနာဂရုဏာလေဘေးရံပုံငွေအကူအညီပေးပွဲတော်

မေလအတွင်းက တစ်ညတာဝင်ရောက်တိုက်ခိုက်သွားတဲ့ မုန်တိုင်းဒဏ်ကြောင့်
လူသန်းပေါင်းများစွာ သေကြေကြ၊ ထိခိုက် ဒဏ်ရာရကြ၊
အတိဒုက္ခရောက်ကြရသူအပေါင်းကို စာနာသောအားဖြင့် မန္တလေးမြို့ ကျက်သရေဆောင်
မြို့မတူရိယာ အသင်းကြီးက စာနာဂရုဏာလေဘေးရံပုံငွေအကူအညီပေးပွဲတော်ကို
ဇွန်လ ၁၄ ရက်နေ့ ညပိုင်းတွင် မန္တလေးမြို့ ၈၆ လမ်းနှင့် ၂၁ လမ်းဒေါင့်ရှိ
အသင်းတိုက်ရှေ့မှာ ကျင်းပပြုလုပ်ပါတယ်။ မန္တလေးမြို့ မြို့မိမြို့ဖများအား
မြို့မအသင်းသူ အသင်းသားများက လူမူကူညီရေးတေးသီချင်းများနဲ့
ဧည်ခံဖျော်ဖြေသလို လူရွှင်တော် ချစ်စရာ၊ ဒီပါ တို့ကလည်း ဟာသများဖြင့်
စိတ်နှလုံးအေးချမ်း မှုကို ပေးစွမ်းကြပါတယ်။ မုန်တိုင်းနှင့်ပတ်သက်ပြီး
ခံစားသီကုံးရေးဖွဲ့ထားတဲ့ တေးသီချင်းများကတော့ တေးရေး မြို့မကိုပေါ၊
ကိုရွှန်းမြိုင်ရေးသားတဲ့ ဂရုဏာလှေယာဉ်၊ ကိုရွှန်းမြိုင်ရေးသားတဲ့
သောကတမ်းချမ်း မဖြစ်ကြနဲ့၊ သန်းမောင်ဝင်း ရေးသားတဲ့
ဒါနပန်းတို့လန်းရာမြေ၊ ထိပ်တင်ဆန်းရေးသားတဲ့ ယောနသံလူသား၊
မြဒါလီရေးသားတဲ့ ဆုတောင်းမေတ္တာ၊ လွင်ဦးရေးသားတဲ့ ကူညီကြပါစို့၊
မောင်မောင်စိန် ရေးသားတဲ့ ကူညီဖေးမယိုင်းပင်းပါ တေးသီချင်းတို့ဖြစ်ပြီး
မြို့မ ၀ိုင်းတော်သားများက သီဆို ဖျော်ဖြေကြပါတယ်။ အလှူငွေထည့်သူ၊
အလှူလက်ခံသူ၊ တေးဂီတပွဲဖျော်ဖြေသူ၊ တေးဂီတပွဲကြည့်သူများနဲ့
စည်ကားတဲ့ညမှာ နာဂစ်အတွက် ၀မ်းနည်းကြရသလို ကူညီလိုစိတ်ပြင်းပြတဲ့
မန္တလေးသားတွေရဲ့ စိတ်ကိုတွေ့မြင်ရပါတယ်။ မြို့မအဖွဲ့က
ပြန်လည်ထူထောင်ရေးအတွက် ပါဝင် လှူဒါန်းဆောင်ရွက်ကြမယ်ဆိုတော့ အလွန်ပဲ
ကျေနပ်မိပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ
ကိုယ်တိုင်ကိုယ်ကျပါဝင်ချင်ပေမယ့် အခွင့်အရေးမရလို့ မုန်တို်င်းဒဏ်သင့်
ဒေသကို သွားရောက်မယ့်အဖွဲ့အစည်းတွေတော်တော်များများပါ
များများမတတ်နိုင်ပေမယ့် တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးခဲ့ ပါတယ်လို့
အလှူငွေလာရောက်ထည့်ဝင်ရင်း တေးဂီတကို နားဆင်ခံစားနေသူတစ်ဦးက
ပြောကြားပါတယ်။

Thursday, June 12, 2008

စိတ္တသုခ ပရဟိတလူငယ်များရဲ့ ၆လတစ်ကြိမ် ပုံမှန် အလှူ

စိတ္တသုခ ပရဟိတလူငယ်များရဲ့ ၆လတစ်ကြိမ် ပုံမှန် အလှူကို စဥ့်ကူးမြို့
အမှတ်(၉၁)အခြေခံပညာမူလတန်းကျောင်းမှာ ဇွန်လ ၈ ရက်နေ့က
သွားရောက်လှူဒါန်းခဲ့ပါတယ်။
လျှပ်စစ်မီးရရှိရေးအတွက် မီတာ၊ လျှပ်စစ်တပ်ဆင်ခြင်းများ၊ ၀င်းထရံခတ်ခြင်း
စသည်အတွက် ငွေကျပ် သုံးသိန်း
လှူဒါန်းပြီး ကျောင်းသား၊ ကျောင်းသူ ၇၂ဦးအား စာရေးကိရိယာ၊
ကျောင်းသုံးပစ္စည်း ၇သိန်းကျော်ကို
ပေးအပ်လှူဒါန်းနိုင်ခဲ့ပါတယ်။
စိတ္တသုခ ပရဟိတလူငယ်များ တစ်ယောက် ခရီးစရိတ် ၄၅၀၀ကျပ်ဖြင့်
ကားစုငှားကာ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
အားလုံး ၄၂ဦးလိုက်ပါလှူဒါန်းခဲ့ပါတယ်ခင်ဗျာ . . .

ဒီလ ၁၅ရက်ခန့်မှာတော့ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်အတွင်း
တည်ဆောက်မည့် မူလတန်းကျောင်း(ဘုန်းတော်ကြီးသင်ပညာရေးကျောင်း)
အတွက် အလှူငွေ ပထမအကြိမ် ပေးပို့ရန် စီစဉ်နေကြပါတယ်။

အဲဒီနောက်မှတော့ အဆောက်အအုံ တည်ဆောက်ခြင်းများစတင်ပြီး
လကုန်ခန့်တွင် သွားရောက် လှူဒါန်းနိုင်ရေး
စီစဉ်မျှော်မှန်းလျက်ရှိပါတယ်။

သက်ဆိုင်ရာမှ ကျောင်းဆောက်လုပ်လှူဒါန်းရန် ခွင့်ပြုချက်ရရှိပြီး ဖြစ်ပါတယ်။
လှူဒါန်းမှုများအတွက် ကျေးဇူးတင်ရှိသကဲ့သို့
ထပ်မံလည်း လှူဒါန်းပေးကြပါဦးခင်ဗျာ . . .

သတ္တ၀ါအပေါင်း စိတ်ချမ်းသာဖို့ ကူညီကြပါစို့ . . . . .

Wednesday, June 11, 2008

ကရုဏာသံစဉ်ပွဲတော် မှတ်တမ်းဓာတ်ပုံ - ၃

ကရုဏာသံစဉ်ပွဲတော် မှတ်တမ်းဓာတ်ပုံ - ၂

ကရုဏာသံစဉ်ပွဲတော် မှတ်တမ်းဓာတ်ပုံ - ၁

လူမင်း၊ သက်မွန်မြင့်တို့ရဲ့ မင်္ဂလာဦးည

ပြင်ဦးလွင်မြို့မှာ လေဘေးရန်ပုံငွေအတွက် ဇာတ်ကား ၆ ကားရိုက်ကူးလျက်ရှိရာ
မင်္ဂလာဦးည ဇာတ်လမ်းရိုက်ကူးနေတဲ့ ရိုက်ကွင်းနေရာကို အရောက်သွားခဲ့ပါတယ်။
မနက်ခင်းစောစောအချိန်မှာ ရောက်သွားတာကြောင့် ရိုက်ကူးမှုအတွက်
ပြင်ဆင်နေဆဲဖြစ်ပါတယ်။ သက်လျာရှင်စောရဲ့ ၀တ္တု ကို ဇာတ်ညွန်း
ကိုရွှေမိုးသက်၊ ကျော်သိင်္ခတို့ရေးသားတဲ့ မင်္ဂလာဦးည ဇာတ်လမ်းရဲ့
ဇာတ်ဝင်ခန်းကို ရိုက်ကူးဖို့ပြင်ဆင်နေတဲ့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)
နဲ့ ခဏတာတွေ့ဆုံပြီး ရန်ကုန်ရှုတင်အခြေအနေ မေးမြန်းတဲ့အခါ
မုန်တိုင်းဒဏ်ကြောင့် ရန်ကုန်မှာဆိုရင် တစ်ချို့ ရှုတင်ရိုက်ကွင်းတွေက
ပျက်စီးတာတွေရှိတယ်။ ဒီကိုလာရိုက်တာက ရန်ကုန်ရှုတင်ကြောင့်တော့
မဟုတ်ပါဘူး။ လေဘေးရန်ပုံငွေအတွက် အခုလို သရုပ်ဆောင်တွေ ပြင်ဦးလွင်မှာ
အားလုံးလာရိုက်ကြတော့ စုစုစည်းစည်းလည်းဖြစ်တာပေါ့။
ရိုက်ကွင်းအနေအထားလည်းပိုကောင်းပါတယ် လို့ဖြေပါတယ်။ ဆက်လက်ပြီး
ရိုက်ကူးမယ့် ဇာတ်လမ်းအကျဉ်းကို ပြောပြတာကတော့ အခုရိုက်မယ့်
မင်္ဂလာဦးညဇာတ်ကားက အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပါ။ ဒီကားမှာ လူမင်း၊
ခိုင်သင်းကြည်၊ သက်မွန်မြင့်၊ ချောရတနာ၊ ချစ်စနိုးဦး၊ ခင်လေးနွယ်တို့
ပါဝင်ကြမှာဖြစ်ပါတယ်။ ဇာတ်လမ်းက သက်မွန်မြင့်နဲ့ လူမင်း အိမ်ထောင်ကျတယ်။
လူမင်းက ရှုတ်တယ်ပွေတယ်။ သူရှုတ်ထားတဲ့အထဲမှာ ခိုင်းသင်းကြည်ရဲ့
ညီမတစ်ယောက်ရှိတယ်။ အဲဒါကို မကျေနပ်လို့ ခိုင်သင်းကြည်က
လိုက်ပြီးကလဲ့စားချေတာကို အခြေခံပြီး ရိုက်မှာပါ လို့ဆိုပါတယ်။
မေးမြန်းပြီးလို့ ခဏအကြာမှာ ဒီကားမှာ သရုပ်ဆောင်ကြမယ့် လူမင်းနဲ့
သက်မွန်မြင့်တို့ ရောက်လာကြပြီး စတင်ရိုက်ကူးကြပါတယ်။
ဇာတ်လမ်းအဖွင့်အတွက် ရိုက်ကူးတာဖြစ်ကြောင်းသိရပါတယ်။ လူမင်းနဲ့
သက်မွန်မြင့် တို့ရဲ့ မင်္ဂလာဦးညဖြစ်ပြီး မင်္ဂလာဦးညရဲ့
စိတ်လှုပ်ရှားဖွယ်အခန်းလေးကို ရိုက်ကူးနေတာဖြစ်ပါတယ်။ ချစ်စရာ့အသွင်နဲ့
မင်္ဂလာဦးညမှာ နေမထိ ထိုင်မသာဖြစ်နေတဲ့ သက်မွန်မြင့်ရဲ့
သရုပ်ဆောင်မှုနဲ့အတူ မင်္ဂလာဦးညကို ဖြတ်သန်းဖို့ စောင့်နေတဲ့စရိုက်ကို
ပီပီပြင်ပြင်လုပ်ပြသွားပါတယ်။ မင်္ဂလာဦးမှာပဲ
အိမ်ဖော်ခေါ်ဖို့တိုင်ပင်ကြပြီး ခိုင်သင်းကြည်ရောက်လာကာ
အိမ်ဖော်အဖြစ်ခေါ်ထားတဲ့ အခန်းကို ရိုက်ကူးနေတာကြည့်ရှုလေ့လာခဲ့ပါတယ်။

လူမင်း၊ သက်မွန်မြင့်တို့ရဲ့ မင်္ဂလာဦးည

ပြင်ဦးလွင်မြို့မှာ လေဘေးရန်ပုံငွေအတွက် ဇာတ်ကား ၆ ကားရိုက်ကူးလျက်ရှိရာ
မင်္ဂလာဦးည ဇာတ်လမ်းရိုက်ကူးနေတဲ့ ရိုက်ကွင်းနေရာကို အရောက်သွားခဲ့ပါတယ်။
မနက်ခင်းစောစောအချိန်မှာ ရောက်သွားတာကြောင့် ရိုက်ကူးမှုအတွက်
ပြင်ဆင်နေဆဲဖြစ်ပါတယ်။ သက်လျာရှင်စောရဲ့ ၀တ္တု ကို ဇာတ်ညွန်း
ကိုရွှေမိုးသက်၊ ကျော်သိင်္ခတို့ရေးသားတဲ့ မင်္ဂလာဦးည ဇာတ်လမ်းရဲ့
ဇာတ်ဝင်ခန်းကို ရိုက်ကူးဖို့ပြင်ဆင်နေတဲ့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)
နဲ့ ခဏတာတွေ့ဆုံပြီး ရန်ကုန်ရှုတင်အခြေအနေ မေးမြန်းတဲ့အခါ
မုန်တိုင်းဒဏ်ကြောင့် ရန်ကုန်မှာဆိုရင် တစ်ချို့ ရှုတင်ရိုက်ကွင်းတွေက
ပျက်စီးတာတွေရှိတယ်။ ဒီကိုလာရိုက်တာက ရန်ကုန်ရှုတင်ကြောင့်တော့
မဟုတ်ပါဘူး။ လေဘေးရန်ပုံငွေအတွက် အခုလို သရုပ်ဆောင်တွေ ပြင်ဦးလွင်မှာ
အားလုံးလာရိုက်ကြတော့ စုစုစည်းစည်းလည်းဖြစ်တာပေါ့။
ရိုက်ကွင်းအနေအထားလည်းပိုကောင်းပါတယ် လို့ဖြေပါတယ်။ ဆက်လက်ပြီး
ရိုက်ကူးမယ့် ဇာတ်လမ်းအကျဉ်းကို ပြောပြတာကတော့ အခုရိုက်မယ့်
မင်္ဂလာဦးညဇာတ်ကားက အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပါ။ ဒီကားမှာ လူမင်း၊
ခိုင်သင်းကြည်၊ သက်မွန်မြင့်၊ ချောရတနာ၊ ချစ်စနိုးဦး၊ ခင်လေးနွယ်တို့
ပါဝင်ကြမှာဖြစ်ပါတယ်။ ဇာတ်လမ်းက သက်မွန်မြင့်နဲ့ လူမင်း အိမ်ထောင်ကျတယ်။
လူမင်းက ရှုတ်တယ်ပွေတယ်။ သူရှုတ်ထားတဲ့အထဲမှာ ခိုင်းသင်းကြည်ရဲ့
ညီမတစ်ယောက်ရှိတယ်။ အဲဒါကို မကျေနပ်လို့ ခိုင်သင်းကြည်က
လိုက်ပြီးကလဲ့စားချေတာကို အခြေခံပြီး ရိုက်မှာပါ လို့ဆိုပါတယ်။
မေးမြန်းပြီးလို့ ခဏအကြာမှာ ဒီကားမှာ သရုပ်ဆောင်ကြမယ့် လူမင်းနဲ့
သက်မွန်မြင့်တို့ ရောက်လာကြပြီး စတင်ရိုက်ကူးကြပါတယ်။
ဇာတ်လမ်းအဖွင့်အတွက် ရိုက်ကူးတာဖြစ်ကြောင်းသိရပါတယ်။ လူမင်းနဲ့
သက်မွန်မြင့် တို့ရဲ့ မင်္ဂလာဦးညဖြစ်ပြီး မင်္ဂလာဦးညရဲ့
စိတ်လှုပ်ရှားဖွယ်အခန်းလေးကို ရိုက်ကူးနေတာဖြစ်ပါတယ်။ ချစ်စရာ့အသွင်နဲ့
မင်္ဂလာဦးညမှာ နေမထိ ထိုင်မသာဖြစ်နေတဲ့ သက်မွန်မြင့်ရဲ့
သရုပ်ဆောင်မှုနဲ့အတူ မင်္ဂလာဦးညကို ဖြတ်သန်းဖို့ စောင့်နေတဲ့စရိုက်ကို
ပီပီပြင်ပြင်လုပ်ပြသွားပါတယ်။ မင်္ဂလာဦးမှာပဲ
အိမ်ဖော်ခေါ်ဖို့တိုင်ပင်ကြပြီး ခိုင်သင်းကြည်ရောက်လာကာ
အိမ်ဖော်အဖြစ်ခေါ်ထားတဲ့ အခန်းကို ရိုက်ကူးနေတာကြည့်ရှုလေ့လာခဲ့ပါတယ်။

Thursday, June 5, 2008

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၅

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၅

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၎

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၎

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၃

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၃

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၂

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၂

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၁

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၁

Wednesday, June 4, 2008

ဘ၀အမော ပြေစေလိုသူများ

မန္တလေးခရိုင် ၇ မြို့နယ်မှ ဆိုင်း၊ ဘိသိက်၊ အငြိမ့်လူရွှင်တော်၊
မင်းသမီးများစုပေါင်းကာ ဆိုင်ကလုန်းမုန်တိုင်းနာဂစ်
ဒဏ်ခံရသူပြည်သူများတို့အား ဘ၀အထောက်အကူပြုစေရန်ရည်သန်၍
အနုပညာလုပ်အားဒါနဖြင့် သီဆိုဖျော်ဖြေ ကပြကာ အလှူခံထွက်ကြပါတယ်။
မန္တလေးသဘင်ကြီးကြပ်မှုကော်မတီရဲ့ ဦးဆောင်မှုနဲ့ လှည့်လည်ဖျော်ဖြေကာ
အလှူခံကြတာဖြစ်ပြီး ရရှိလာတဲ့ အလှူငွေ၊ ပစ္စည်းအားလုံးကို
မုန်တိုင်းသင့်သူများထံအရောက် စစ်မှန်သော သဒ္ဓါဖြင့်
ကူညီပေးပို့မှာဖြစ်ပါတယ်။ အလှူခံမော်တော်ယာဉ်ဟာ ဇွန်လ ၄ ရက်နေ့မှာ
လောကနတ်ခန်းမ (သဘင်အစည်း အရုံး)မှ ဘုရားကြီးတောင်ဖက်ရေစင်ကွေ့၊
စိန်းပန်းရပ်ကွက်စုံ၊ ဇွန်လ ၅ ရက်နေ့မှာ လမ်း ၈၀၊ ၃၉ လမ်း၊ ၇၈ လမ်း
ရတနာပုံဈေး၊ ဘူတာကြီး၊ မင်္ဂလာဈေး၊ ဇွန်လ ၆ ရက်နေ့မှာ ဈေးချိုတော်၊
ညောင်ပင်ဈေး၊ အောင်တော်မူရေအိုးစင်၊ ဇွန်လ ၇ ရက်နေ့မှာ
ဘုရားကြီးအရှေ့ဖက်၊ မန္တလေးတက္ကသိုလ်မြောက်ပေါက်၊ ၇၃ လမ်း၊ ၂၇ လမ်း၊
၆၂လမ်း၊ နန်းရှေ့ဈေး၊ မြောက်ပြင်အရိပ်မထွက်ဘုရား၊ ဇွန်လ ၈ ရက်နေ့မှာ
တမ္မ၀တီကွက်သစ်၊ အမရပူရမြို့နယ်များသို့ သွားရောက်အလှူခံကြပါတယ်။
ကယ်တင်ခြင်းသည် မွန်မြတ်၏။ ကူညီခြင်းသည် နွေးထွေး၏။ စာနာခြင်းသည်
အရာရာကိုလှပစေ၏။ ဆိုတဲ့စာတမ်းလေးကို လက်ကမ်းကြော်ငြာမှာ
ထည့်သွင်းရိုက်ထားပါတယ်။ အနုပညာရှင်များ နှင့်အတူ ပြည်သူအပေါင်းမှ
ပါဝင်ကူညီနိုင်ရေးအတွက် နေ့ရောညပါ မနားမနေ မန္တလေးမြို့တစ်ခွင် လှည့်လည်
အလှူခံ ကြတာဖြစ်ပါတယ်။ ဟာသပညာဖြင့် ဖျော်ဖြေရင်း
အလှူငွေရဖို့ငိုသောမျက်လုံးကို အပြုံးဖုံးပြီး ငိုချင်သော်လည်း
ရယ်အောင်ပြုကာ ညစ်ညူးသည့်စိတ်များကို ပြေဖျောက်ပြီး အလှူငွေရဖို့
ကြိုးစားသွားကြမယ်လို့ လူရွှင်တော်တစ်ဦးမှပြောကြားပါတယ်။

နာဂစ် တစ်လပြည့် ဆုတောင်းပွဲ

နာဂစ်မုန်တိုင်းဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများနဲ့ ဒက္ခအထွေထွေ
ရောက်နေကြရသူများအတွက် ရည်စူးကာ မန္တလေးမြို့ပေါ်ရှိ
ကိုးကွယ်မှုဘာသာတရားအသီးသီးမှ ဘာသာဝင်များ စုပေါင်းပြီး
မေတ္တာပို့ဆုတောင်းခြင်းအခမ်းအနား ကို မုန်တိုင်းဒဏ်ခံရပြီး
တစ်လပြည့်သောနေ့ဖြစ်သော ဇွန်လ ၃ ရက်နေ့ ညနေ ၅ နာရီက မန္တလေးမြို့ ၈၂ လမ်း၊
၂၅ x ၂၆ လမ်းကြားရှိ ရွှေနှလုံးတော်ဘုရားရှိခိုးကျောင်းမှာ
ကျင်းပပြုလုပ်ပါတယ်။ အခမ်းအနားမှာ ကိုးကွယ်မှုဘာသာအသီးသီးမှ
ကိုယ်စားလှယ်များကို မိတ်ဆက်ပေးပြီး ဖာသာရ် မာကု ဦးတင်ဝင်းမှ
ကြိုဆိုနှုတ်ခွန်းဆက်စကား မိန့်ကြားပါတယ်။ ဆိုက်ဂလုံးမုန်တိုင်းကြောင့်
သေဆုံးသွားရသူများနှင့် လေဘေးသင့်ပြည်သူများအတွက်
ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် ၁ မိနစ်ငြိမ်ကာဆုတောင်းကြပါတယ်။
အဲဒီနောက် တက်ရောက်လာတဲ့ ကိုးကွယ်မှုဘာသာအသီးသီးမှ ကိုယ်စားလှယ်တစ်ဦးစီက
ဖယောင်းတိုင်မီးထွန်းညှိကြပါတယ်။ ဗုဒ္ဓဘာသာ၊ ရှီးယပ် အစ္စလာမ်သာသနာ၊ ဃရာနာ
အစ္စလာမ်သာသနာ၊ ဟိန္ဒူဘာသာ၊ ကက်သလစ်သာသနာနှင့် ခရစ်ယာန်အသင်းတော်များမှ
ကိုယ်စားလှယ်များနှင့် ပရိသတ်များစွာက မိမိတို့ကိုယ်ကွယ်ရာဘာသာအသီးသီးမှ
ဆုတောင်းမေတ္တာပို့သခြင်းကို ဆက်လက်ဆောင်ရွက် ကြပြီး အခမ်းအနားကို
ငြိမ်သက်စွာနဲ့ ပြီးဆုံးစေခဲ့ပါတယ်။

Monday, June 2, 2008

စိတ္တသုခပရဟိတလူငယ်များရဲ့အလှူ

စိတ္တသုခပရဟိတလူငယ်များက ပုံမှန်ခြောက်လတစ်ကြိမ်လှူဒါန်းကြဖို့
အစီအစဉ်များ ဆွဲထားကြပါတယ်။
ဒီတစ်ခေါက်အလှူအဖြစ် စဥ့်ကူးမြို့ အမှတ်(၉၁)အခြေခံပညာမူလတန်းကျောင်းမှာ
သွားရောက်လှူဒါန်းကြပါတယ်။
၈ရက်နေ့ နံနက်ပိုင်းထွက်ခွာဖို့စီစဉ်ထားပါတယ်။
ကျောင်းက ကလေးများကို စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းဖို့ စီစဉ်ထားပါတယ်။

ကျောင်းအတွက်လျှပ်စစ်မီးရရှိရေး
မီတာလျှောက်ထားခြင်း၊ မီးသွယ်ခြင်း၊ မီးတပ်ဆင်ခြင်းအတွက်
ငွေကျပ်သုံးသိန်း လှူဒါန်းပြီးဖြစ်ပါတယ်။

သွားဖို့အတွက်လိုက်ပါလိုသူများက တစ်ယောက်လျှင် ၄၅၀၀ကျပ်စီ
ခရီးစရိတ်နှင့်စားသောက်စရိတ် ကျခံရမှာဖြစ်ပါတယ်။
မည်သူမဆိုလိုက်ပါနိုင်ပါတယ်။

ခြောက်လပတ်အလှူအပြီးမှာတော့ နာဂစ်မုန်တိုင်းဒဏ်ခံရသော ဧရာဝတီတိုင်း၊
မော်လမြိုင်ကျွန်းမြို့နယ်၊ ပန်းဖူးမြစ်တန်းကျေးရွာသို့
သွားရောက်ပြီး မူလတန်းကျောင်းအဆောက်အအုံပြန်လည်ဆောက်လုပ်ပေးရန်
စီစဉ်လျက်ရှိပါတယ် . . .

ပါဝင်လှူဒါန်းကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ

လက်ဖက်ရည်ဈေးနှုန်း

အာကာမင်း လက်ဖက်ရည်ဆိုင်က ဈေးနှုန်းလေးပါ .....

Wednesday, May 28, 2008

လူရွှင်တော်များကလည်း နာဂစ်အတွက် အလှူခံထွက်ဦးမယ်

မန္တလေးက လူရွှင်တော်များကလည်း နာဂစ်အတွက် အလှူခံထွက်ဦးမယ် ...
မိမိတို့တတ်နိုင်တာလေးနဲ့ မြို့ခံပြည်သူတွေထည့်ဝင်ငွေနဲ့
ပစ္စည်းတွေပေါင်းပြီး လေဘေးသင့်ခံ ပြည်သူများကို
သွားရောက်ကူညီပေးဖို့အတွက် အလှူခံထွက်တာဖြစ်ပါတယ် ....

ဇာတ်မင်းသားများ နာဂစ်အတွက် အလှူခံထွက်

မန္တလေးသဘင်အစည်းအရုံးမှ လေဘေးသင့်ပြည်သူများအတွက် မျှဝေခံစားကူညီရန်အတွက်
မန္တလေးအချစ်တော် မင်းသားလေးများဖြင့် ဖွဲ့စည်းထားသော
မြန်မာ့သဘင်အလှဆင်သူအဖွဲ့က ဦးဆောင်ပြီး မန္တလေးမြို့ လေးပြင် လေးရပ်သို့
ဖျော်ဖြေရေးကားများဖြင့် လှည့်လည် ဖျော်ဖြေကာ အလှူခံကြမည်ဖြစ်ကြောင်း
ဇာတ်မင်းသားလေး လှိုင်ဘွားအောင်မှ ပြောကြားပါတယ်။ ဦးရွှေနန်းတင်၊
ကိုဝင်းနောင်နဲ့ လှိုင်ဘွားအောင်တို့က စတင်လှုံဆော်ခဲ့တာဖြစ်ပြီး
လေဘေးသင့်သံဃာတော်အရှင်သူမြတ်များနှင့် ပြည်သူများကို ငွေ၊ သင်္ကန်း၊
ပစ္စည်း၊ အ၀တ်အထည်၊ ဆန်အစရှိသည် များကို
ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် မေလ(၂၆)ရက်နေ့မှာ မဟာမုနိဘုရားကြီးမှ
မြို့သစ်၊ မေလ(၂၇)ရက်နေ့မှာ ဘုရားကြီးတောင်ဖက်မှ တမ္ပ၀တီ၊
မေလ(၂၈)ရက်နေ့မှာ ၈၄လမ်း၊ ၃၅ လမ်းမှ စိန်းပန်းလမ်း၊ မေလ(၂၉)ရက်နေ့မှာ
ဈေးချိုနှင့်မြောက်ပြင်၊ မေလ(၃၀)ရက်နေ့မှာ ဘူတာကြီး အရှေ့ဖက်ခြမ်းမှ
နန်းရှေ့သို့ ညနေ ၃ နာရီမှ ည ၉ နာရီထိ လှည့်လည်ကာ အနုပညာချစ်သူပြည်သူ
အပေါင်းထံသို့ အလှူခံထွက်ကြမှာဖြစ်ပါတယ်။ ဧည့်ခံ ဖျော်ဖြေပေးမယ့်
တေးဂီတအဖွဲ့များကတော့ အရှေ့တိုင်းရွှေမင်းသားများ၊ ၀င်းနောင်နဲ့
လှိုင်ဘွားအောင် ဇာတ်အဖွဲ့ များမှ တေးဂီတဖန်တီးသူများက
ပူးပေါင်းတင်ဆက်ဖျော်ဖြေပေးသွားမှာဖြစ်ပါတယ်။ အော်ဂင်-ကျော်သူမြင့်ရဲ့
ကသောလက်များဖြင့်ကူညီမည်၊ ကိုဝင်းနောင်၊ ဦးဘုန်းကျော်
နှင့်ဂီတစာဆိုများရေးစပ်တဲ့ သူစိမ်းတွေလိုမနေပါနဲ့၊ မဲနော
(ရွှေမင်းသားလေးများဇာတ်ပွဲ)ရေးစပ်တဲ့ ဒုက္ခငြိမ်းစေ မေတ္တာဝေ ဆိုတဲ့
သီချင်းသစ်များဖြင့် ခံစားသီဆိုကြရင်း
မန္တလေးမြို့တစ်ခွင်လှည့်လည်အလှူခံကြပါတယ်။

မြန်မာပြည်အထက်ပိုင်းက စာပေမိသားစု နာဂစ်အတွက် အလှူခံပြီ

မြန်မာပြည်အထက်ပိုင်း စာပေအနုပညာမိသားစုမှ မေလ ၂-၃ ရက်နေ့က
တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း နာဂစ်ကြောင့် အတိဒုက္ခရောက်နေရသော
ပြည်သူများအား လူသားချင်းစာနာထောက်ထားသောအားဖြင့် ရိုင်းပင်းကူညီပေးရန်
တတ်အားသ၍ လှူဒါန်းသွားနိုင်ရေးအတွက် အလှူငွေများကို မေလ ၂၅ ရက်နေ့မှ
စတင်ပြီး ကောက်ခံလျက်ရှိပါတယ်။ ရုပ်ဝတ္တုအရ ပမာဏမများတဲ့တိုင် စိတ်ဓာတ်အရ
တစ်သားတည်း ရပ်တည်၊ နားလည် စာနာ ဖေးမမှုကို ဖော်ပြနိုင်ဖို့ ရည်ရွယ်ကာ
ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။ မန္တလေးနဲ့ အထက်မြန်မာပြည် အခြေစိုက်
ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာ၊ အနုပညာရှင်များ၊ စာပေမိတ်ဆွေ၊
စေတနာရှင်များ၊ စာအုပ်ဆိုင်များ အနေနဲ့ ဇွန်လ ၇ ရက်နေ့နောက်ဆုံးထားကာ
နီးစပ်ရာ စာပေအနုပညာရှင်များထံ ငွေကြေး၊ အစားအသောက်၊ အ၀တ်အထည်၊ စောင်၊
မိုးကာ၊ အိုးခွက်ပန်းကန်စသဖြင့် တစ်တပ်တစ်အား ပါဝင် ကူညီနိုင်ပြီး
အလှူငွေနဲ့ ပစ္စည်းများကို မုန်တိုင်းဒဏ်သင့်ပြည်သူများထံအရောက်
ပေးပို့ဖြန့်ဝေ ကူညီပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Sunday, May 25, 2008

ဆိုင်ဂလုံးနာဂစ်ကြောင့် ဒုက္ခရောက်နေတဲ့သူတွေအတွက် စိတ်မကောင်းဖြစ်နေတာ .....

ဆိုင်ဂလုံးနာဂစ်ကြောင့် ဒုက္ခရောက်နေတဲ့သူတွေအတွက် စိတ်မကောင်းဖြစ်နေတာ .....
သေတဲ့သူ၊ ဒဏ်ရာရတဲ့သူ၊ အိုးမဲ့အိမ်မဲ့ဖြစ်ရသူတွေ တော်တော်ကိုများတယ် ....
ဘ၀ပျက်ကုန်ကြတယ် ......
ကိုယ်တစ်ယောက်တည်းနဲ့ ဘာမှ မတတ်နိုင်ဘူး ....
အားလုံးဝိုင်းဝန်းကြမှဖြစ်မယ် ......

Wednesday, May 7, 2008

စိတ္တသုခပရဟိတလူငယ်များ၏ နာဂစ်မုန်တိုင်းဒဏ်ခံစားရသူများအတွက် လှူဒါန်းမှုအစီအစဉ်များ

စိတ္တသုခပရဟိတလူငယ်များ၏ နာဂစ်မုန်တိုင်းဒဏ်ခံစားရသူများအတွက်

လှူဒါန်းမှုအစီအစဉ်များ

စိတ္တသုခပရဟိတလူငယ်များအနေဖြင့် နာဂစ်မုန်တိုင်းဒဏ်ခံစားရသည့်ဒေသများသို့

လှူဒါန်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

မုန်တိုင်းဒဏ်ခံစားရသော ဒေသများမှာ များစွာကျယ်ဝန်းလှသည့်အတွက်

မိမိတို့ တစ်နိုင်တစ်ပိုင် လှူဒါန်းမှုပြုနိုင်ရေးကိုသာ ရည်ရွယ်စီစဉ်လျက်ရှိပါသည်။

 

ပထမဦးစွာ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့သို့ လှူဒါန်းနိုင်ရေး စီစဉ်လျက်ရှိပါသည်။

မော်လမြိုင်ကျွန်းမြို့ရှိ အများနှင့်သက်ဆိုင်သည့် အဆောက်အအုံများ ပြန်လည်ထူထောင်ရေး

လုပ်ငန်းများကို ပါဝင်ကူညီဆောင်ရွက်ရန် ရည်ရွယ်ပါသည်။

အများနှင့်ဆိုင်သော (ဆေးရုံ၊ စာသင်ကျောင်း၊ စာကြည့်တိုက်၊ ဘုန်းတော်ကြီးကျောင်း)နေရာများကို

ကိုယ်တိုင်သွားရောက်ကြည့်ရှုကာ ပြန်လည် တည်ဆောက်နိုင်ရေး အလှူငွေပေးအပ်ခြင်း၊ ဆောက်လုပ်ရန်

စီစဉ်ပေးခြင်း၊ လိုအပ်သည်များကို ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ရန် စီစဉ်လျက်ရှိပါသည်။

 

ရရှိသည့်အလှူငွေ ပမာဏပေါ်မူတည်ပြီး တိုးချဲ့ဆောင်ရွက်နိုင်ရေးဆောင်ရွက်မည်ဖြစ်ပါသည်။

မုန်တိုင်းဒဏ်ခံစားရသည့်သူများအား တိုက်ရိုက် လှူဒါန်းမှု ပြုလုပ်ရန် အစီအစဉ်ရှိသော်လည်း

မေလ တတိယပတ်လောက် အစောဆုံး သွားရောက်လှူဒါန်းနိုင်မည်ဖြစ်သောကြောင့်

ပါဝင်လှူဒါန်းလိုသူများအား ဖိတ်ခေါ်ပါကြောင်း . . . .

Monday, April 7, 2008

လူထုဒေါ်အမာ ကွယ်လွန်ခြင်း မှတ်တမ်း

လူထုဒေါ်အမာ ဈာပန

လူထုဒေါ်အမာဈာပန

၉-၄-၂၀၀၈ မနက် (၁၀)နာရီ ကြာနီကန်သုသန်မှာ မီးသဂြိုလ်မယ် ....

လူထုဒေါ်အမာ ကွယ်လွန်ခြင်း ဓာတ်ပုံမှတ်တမ်း

လူထုဒေါ်အမာ ဆုံးပြီ - ၂

လူထုဒေါ်အမာ အသုဘ မနက်ဖန် မနက်(၁၀)နာရီ ကြာနီကန်သုသန်ကို ပို့မယ် ......

လူထုဒေါ်အမာ ကွယ်လွန်ခြင်း မှတ်တမ်းဓာတ်ပုံ

လူထုဒေါ်အမာ ဆုံးပြီ

ဒီနေ့ မနက်(၈း၃၇) နာရီမှ စာရေးဆရာမကြီး လူထုဒေါ်အမာ ဆုံးပြီလို့ သိရပါတယ် ။။။။။

Wednesday, April 2, 2008

စိတ္တသုခ - မီးဘေးအလှူ


စိတ္တသုခပရဟိတလူငယ်များအနေနဲ့ မီးဘေးကယ်ဆယ်ရေးအလှူအဖြစ်
ယနေ့ မွန်းလွဲ ၁နာရီက ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရှိ မီးဘေးကယ်ဆယ်ရေးစခန်းမှာ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

ယနေ့လှူဒါန်းဖို့အတွက် အစီအစဉ်အနေနဲ့ ဆန်၊ ဆား၊ ဆပ်ပြာစတဲ့ နေ့စဉ်အသုံးအဆောင်များ လှူဒါန်းဖို့ပါ။
ကျွန်တော်တို့ဆီကို ဥရောပ-အာရှ မှ ဆက်သွယ်မှုဖြင့် ဆန်အိတ်များပါဝင်လှူဒါန်းမယ်လို့ သိရပါတယ်။
ဒါကြောင့် မီးဘေးကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူများနဲ့ တိုက်ရိုက်တွေ့ဆုံပြီး ကိုယ်တိုင်ကိုယ်ကျခွဲဝေလှူဒါန်းခွင့်ရရှိရေး
ဆွေးနွေးခဲ့ပါတယ်
နှစ်ကြိမ်ဆွေးနွေးပြီး စခန်းသိမ်းမည့်ရက်ကို နောက်ဆုတ်ကာ တနင်္လာနေ့ မွန်းလွဲ ၁နာရီမှာ မီးဘေးသင့်ခံရသူများထံ တိုက်ရိုက်လှူဒါန်းခွင့်ရရှိခဲ့ပါတယ်။

ဒါကြောင့် ယနေ့ မွန်းလွဲ ၁နာရီမှာ
စိတ္တသုခပရဟိတလူငယ်များမှ ဆန် ၇အိတ်၊ အိုင်အိုဒင်းဆား၊ ဆပ်ပြာ၊ ခေါက်ဆွဲခြောက်ထုပ်၊ အ၀တ်အထည်များစသော တန်ဖိုးငွေကျပ် ၇သိန်းကျော်
ကရုဏာကောင်းကင် အဖွဲ့မှ ပဲအိတ် ၄အိတ် တန်ဖိုး ကျပ်တစ်သိန်းကျော်
ဥရောပအာရှမှ ငွေကျပ် ၁၀သိန်းခန့် တန်ဖိုးရှိသော ဆန်အိတ်များ
ကို စိတ္တသုခပရဟိတလူငယ်များက တာဝန်ယူပြီး မီးဘေးသင့်ခံရသူများလက်ဝယ် တစ်အိမ်ထောင်စုချင်း ဝေငှပေးနိုင်ခဲ့ပါတယ်။

ထို့အတူ စွမ်းအားလျှပ်စစ်မှ ဦးအောင်ဇော်ဝင်းနှင့်ရောင်းရင်းများက ငွေကျပ် ၃၅သိန်းနှစ်သောင်းကို တစ်အိမ်ထောင်စုလျှင် ၈ထောင်ကျပ်နှုန်းဖြင့် ဝေငှပေးလှူဒါန်းခဲ့ပါတယ်။

စိတ္တသုခပရဟိတလူငယ်များနဲ့အတူ ကရုဏာကောင်းကင် အဖွဲ့သားများလည်း ချွေးတလုံးလုံးဖြင့် ပါဝင်လို့ ဆောင်ရွက်ကြတာ ပျော်စရာပါပဲ။
ချွေးစက်များထက် ပီတိက ပိုနေကြပါတယ်။
ဆန်သုံးပြည်စီနဲ့အတူ လှူဒါန်းတဲ့ပစ္စည်းများကို အိတ်များနဲ့ခွဲထုတ်ရတာပါ
အထုပ်ပေါင်း ၄၄၀ထုပ်ရတာဆိုတော့
ဆန်က ထွက်တဲ့ အမှုန်းများနဲ့ လူတွေလဲ ဖွေး၊ နေကလည်းပူ၊ ချွေးကလည်းထွက်နဲ့
အားလုံး ပျော်ပျော်ပါးပါး လုပ်ကြ ကိုင်ကြ ၀ိုင်းကြ သိုင်းကြတာ
ကျေနပ်သလို
လှူဒါန်းခွင့်ရရေး ပါဝင်ဆောင်ရွက်ပေးတဲ့ ဒေသခံ အဖွဲ့အစည်းများ၊ တာဝန်ရှိသူများအားလုံးကိုလည်း ကျေးဇူးတင်ရှိရပါတယ်။

မီးဘေးကယ်ဆယ်ရေးအတွက် ထိန်ကုန်းကအပြန် နတ်ဝင်းမီးလောင်မှုအတွက်လည်း ၀င်ရောက်လှူဒါန်းခဲ့ကြရတဲ့အတွက်
၁ရက်မှာ နှစ်နေရာ လှူဒါန်းနိုင်ခဲ့တဲ့အတွက် ကျေနပ်အားရမိခဲ့ပါကြောင်း ။ ။ ။

ကိုယ်တိုင်ပါဝင်ခဲ့ပေမယ့် သတင်းကိုတော့ ဦးထိပ် အတွေးနဲ့အရေး http://uhteik.blogspot.com မှ ကူးထည့်လိုက်ပါတယ် ..........

မန္တလေး MICT Park နေရာရပြီ

ဖေဖော်ဝါရီလ (၂၅)ရက်နေ့က ရတနာပုံဈေး မီးကြောင့် နေရာပျောက်ခဲ့ရတဲ့ MICT Park အခုတော့ နေရာရပြီလို့ ပြောပါတယ် .....
ဘူတာကြီးရဲ့ အပေါ်ဆုံး ၃ ထပ်မှာဖြစ်ပါတယ် .... နှစ်ထပ်စာနေရာရမှာဖြစ်ပါတယ် ......
အရင်လိုပဲ အင်တာနက် ၊ ဖုန်းအစရှိတဲ့ ဆက်သွယ်ရေးလွယ်ကူစေဖို့ ဆောင်ရွက်ပေးမှာဖြစ်ပါတယ် ..........

Tuesday, March 25, 2008

မီးဘေးကူညီမယ် ....

စိတ္တသုခပရဟိတလူငယ်များအနေနဲ့ မန္တလေး အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ် အနီး
မေဇင်သိန်းလမ်းအတွင်းမှ ကျေးရွာလုံးကျွတ်နီးပါး မီးလောင်မှုအား
အကူအညီပေးနိုင်ရေး အတွက်
သွားရောက်ကြည့်ရှုလေ့လာခဲ့ကြပါတယ်။ရွာတစ်ရွာလုံးနီးပါး
လက်လုပ်လက်စားများနေကြပြီး နံကပ်တိုက်အိမ် ၃လုံးခန့်သာရှိပြီးအားလုံး
မီးလောင်ပြင်မှာ ရှင်းလင်းနေပါတယ်။အိမ်ကြီးအိမ်ကောင်းများ မပါတာ ကို
သက်သေပြနေတာဖြစ်ပါတယ်။ အိမ်ထောင်စု၄၆၀ ကျော် လူဦးရေ ၂၁၀၀ကျော်
အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။လိုအပ်ချက်ကတော့ အဓိက
စား၊၀တ်၊နေရေးပါစားရေးအတွက် ဆန် ၊ ဆီ လိုအပ်ပြီးအ၀တ်အထည်များလည်း
လိုအပ်နေတယ်လို့ တာဝန်ရှိသူတွေ ထံက သိရပါတယ်။ နေရေးကိုတော့
တာဝန်ရှိလူကြီးများက စီစဉ်ပေးဖို့ လုပ်နေကြပါတယ်။ဒါကြောင့်
စားရေးနဲ့ဝတ်ရေးကို ၀ိုင်းဝန်းကူညီကြဖို့ မျှော်လင့်နေကြပါတယ်။ အားလုံးက
တစ်နေ့လုပ်တစ်နေ့စား လက်လုပ်လက်စားတွေဆိုတော့လိုအပ်ချက်က ကြီးမားပါတယ်။
ကျွန်တော်တို့လဲ ပါဝင် ကူညီကြဖို့ စီစဉ်နေသလို သင်လည်း ကူညီမယ်ဆို
ကျွန်တော်တို့နဲ့ ဆက်သွယ်နိုင်ပါတယ်။နည်းများမဆို ကူညီကြဖို့
မျှော်လင့်ပါတယ်ဗျာ သာဓုခေါ်စရာကတော့ ယနေ့ မနက်က စပြီး ညနေအထိ
မီးလောင်ပြင်နားက အိမ်တစ်အိမ်က အဒေါ်ကြီးက ဆယ်သိန်းဖိုး ထမင်းချက်လို့
စတုဒီသာကျွေးနေတာကိုပါပဲ ။ ကျွန်တော်တို့တောင် စားချင်မိပါတယ်။
ခေါ်လဲကျွေးသော်လည်း သွားစရာရှိလို့ မစားခဲ့ရပါဘူး။
စားချင်စဖွယ်ချက်ထားပြီး အိုးကြီးများနဲ့ အများကြီးပါ . . . အဲလို
အလှူတွေ အတွက် သာဓုခေါ်ရင်း ကိုယ်လဲ တတ်နိုင်သမျှ ပါဝင်လှူဒါန်းရအောင်
ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ . . .

Saturday, March 22, 2008

တပေါင်းလပြည့်နေ့ မနက်မှ မီးလောင်

ဒီနေ့ မနက် (၉)နာရီလောက်က လမ်း၃၀နှင့် ၃၁လမ်းကြား၊ ၈၆-၈၈လမ်းကြား၊
ဓာတ်နန်းရပ်ထဲမှာ မီးလောင်တယ် ....
ကလေးတစ်ယောက် သေဆုံးခဲ့ရပြီး လူကြီးတစ်ယောက်
ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ ကြားသိရပါတယ် ....
ဆေးလိပ်သောက်ရင်း ဓာတ်ဆီထည့်ရာမှ မီးလောင်တယ်လို့ ပြောပါတယ် ....

Friday, March 21, 2008

Mr Brown Bakery & Drinks

SkyWalk မှာ ဖွင့်ခဲ့တဲ့ Mr Brown Bakery & Drinks ဆိုင်လေး ဒီနေ့
မတ်လ(၂၁)ရက် တပေါင်းလပြည့်နေ့မှာ စပြီး လမ်း(၈၀)၊ ၂၈x၂၉ ကြားမှာ
ဖွင့်လိုက်ပါပြီ ......

Wednesday, March 19, 2008

၂၀၀၈ မန္တလေး သင်္ကြန် မှာ သူတို့တွေ မန္တလေးမှာရှိမယ် .....

၂၀၀၈-ခုနှစ် သင်္ကြန်အတွက် မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဍာပ်မှာ မန်းစည်ပင် ခေတ်ပေါ်တေးဂီတ၊ မန်းစည်ပင် မြန်မာ့ဆိုင်းဝိုင်း တော်ကြီး နှင့်အတူ Metal Zone တေးဂီတ၊ The Wild One တေးဂီတတို့ပါဝင်အားဖြည့်ထားကြောင်း  သိရပါတယ်။
နှစ်စဉ်ကျင်းပမြဲပုံစံများအတိုင်း မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီ ၀န်ထမ်း လှပျိုဖြူများ၏ သင်္ကြန်ယိမ်းအက၊ အလှများဖြင့် ဧည့်ခံ ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။
ယခုနှစ်မှာ သင်္ကြန်မင်းသားကြီး ဇော်ဝမ်း၊ သန်းမြတ်စိုး၊ အကယ်ဒမီနေအောင်၊ ကြည်သာ(ပွဲကြိုက်ခင်)၊ ရင်ဂို၊ ဂရေဟမ်၊ L လွန်းဝါ၊ wall လျှံ၊ ရာဇာနေ၀င်း၊
ကင်းကောင်၊ ကုသိုလ်၊ ကျော်ထူး(ကသုံးလုံးအဖွဲ့)၊
ဖြူဖြူကျော်သိန်း၊ ရေပက္ကာဝင်း၊ ခင်ဖုဏ်း၊ ရွှေထိုက်၊ ချစ်သုဝေ၊ စန္ဒီမြင့်လွင်၊ ပုလဲဝင်း၊ နန်းဆုရတီစိုးနှင့်အဖွဲ့ စသော တေးသံရှင်များ၊
သရုပ်ဆောင်များအား မန္တလေးသင်္ကြန်မှာ ဖျော်ဖြေရန် စီစဉ်ထားကြောင်း သိရှိရပါတယ်။
နှစ်စဉ် မန္တလေးသင်္ကြန်သို့လာနေကြတဲ့ သင်္ကြန်မင်းသားတစ်ဦးဖြစ်သူ စိုင်းထီးဆိုင်အား ဖိတ်ခေါ်ထားသော်လည်း ရုတ်တရက်ကွယ်လွန်သွားသည့်အတွက် ယခုနှစ်တွင် လာရောက်နိုင်ခြင်းမရှိသည့်အတွက် ၀မ်းနည်းမိပါတယ်။
သို့သော် စိုင်းထီးဆိုင်၏ The Wild One တေးဂီတအဖွဲ့မှာ လာရောက်ဖျော်ဖြေပေးမှာဖြစ်ပါတယ်။

၂၀၀၈ မန္တလေး သင်္ကြန် မှာ သူတို့တွေ မန္တလေးမှာရှိမယ် .....

၂၀၀၈-ခုနှစ် သင်္ကြန်အတွက် မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဍာပ်မှာ မန်းစည်ပင် ခေတ်ပေါ်တေးဂီတ၊ မန်းစည်ပင် မြန်မာ့ဆိုင်းဝိုင်း တော်ကြီး နှင့်အတူ Metal Zone တေးဂီတ၊ The Wild One တေးဂီတတို့ပါဝင်အားဖြည့်ထားကြောင်း  သိရပါတယ်။
နှစ်စဉ်ကျင်းပမြဲပုံစံများအတိုင်း မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီ ၀န်ထမ်း လှပျိုဖြူများ၏ သင်္ကြန်ယိမ်းအက၊ အလှများဖြင့် ဧည့်ခံ ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။
ယခုနှစ်မှာ သင်္ကြန်မင်းသားကြီး ဇော်ဝမ်း၊ သန်းမြတ်စိုး၊ အကယ်ဒမီနေအောင်၊ ကြည်သာ(ပွဲကြိုက်ခင်)၊ ရင်ဂို၊ ဂရေဟမ်၊ L လွန်းဝါ၊ wall လျှံ၊ ရာဇာနေ၀င်း၊
ကင်းကောင်၊ ကုသိုလ်၊ ကျော်ထူး(ကသုံးလုံးအဖွဲ့)၊
ဖြူဖြူကျော်သိန်း၊ ရေပက္ကာဝင်း၊ ခင်ဖုဏ်း၊ ရွှေထိုက်၊ ချစ်သုဝေ၊ စန္ဒီမြင့်လွင်၊ ပုလဲဝင်း၊ နန်းဆုရတီစိုးနှင့်အဖွဲ့ စသော တေးသံရှင်များ၊
သရုပ်ဆောင်များအား မန္တလေးသင်္ကြန်မှာ ဖျော်ဖြေရန် စီစဉ်ထားကြောင်း သိရှိရပါတယ်။
နှစ်စဉ် မန္တလေးသင်္ကြန်သို့လာနေကြတဲ့ သင်္ကြန်မင်းသားတစ်ဦးဖြစ်သူ စိုင်းထီးဆိုင်အား ဖိတ်ခေါ်ထားသော်လည်း ရုတ်တရက်ကွယ်လွန်သွားသည့်အတွက် ယခုနှစ်တွင် လာရောက်နိုင်ခြင်းမရှိသည့်အတွက် ၀မ်းနည်းမိပါတယ်။
သို့သော် စိုင်းထီးဆိုင်၏ The Wild One တေးဂီတအဖွဲ့မှာ လာရောက်ဖျော်ဖြေပေးမှာဖြစ်ပါတယ်။

Tuesday, March 18, 2008

Mandalay FM Radio

မန္တလေးမှာ Mandalay FM ရေဒီယိုအစီအစဉ်စတင်တော့မှာဖြစ်ပါတယ် ....
ဧပြီလ(၃)ရက်နေ့မှာ စပြီး စမ်းသပ်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ် ....
91.9 MHz နဲ့ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ် ....
ပုံမှန်ထုတ်လွှင့်မှုကိုတော့ သင်္ကြန်ပြီး နှစ်ဆန်း(၁)ရက်နေ့မှာ စတင်မှာပါ ....
ဘယ်လိုလာမလဲဆိုတာ စောင့်နားထောင်ရအောင်ဗျာ .....

မေဆွိ သေပြီ

မနေ့က မေဆွိ သေပြီ ဆိုတဲ့ သတင်း တော်တော်လေးရေပန်းစားခဲ့တယ် ....
လန်ဒန်မှာ ကားတိုက်သေဆုံးတယ်လို့ ပြောကြတယ် ....
ကောလဟသလို့ပဲ ထင်လိုက်ပါတယ် ...

ဒီနေ့မနက် http://www.mizzimaburmese.com/ မှာ သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ် ...
သတင်းခေါင်းစဉ်က " မေဆွိ သေဆုံးသည် ဆိုသော သတင်းမှားကြောင်း
မိသားစုဝင်တဦးပြော " ... တဲ့ .. ဆက်ဖတ်ကြည့်တော့ ....

အဆိုတော် မေဆွိ၏ မိသားစုများက မေဆွိနှင့် ပတ်သက်သော ကောလာဟလသတင်းကို
မဖြစ်နိုင်ကြောင်း ပြောဆိုလိုက်သည်။

မေဆွိနှင့် ယနေ့နံနက်က တယ်လီဖုံးမှတဆင့် စကားပြောဖြစ်ကြောင်းနှင့် သူမ
ကျန်းမာရေးကောင်းမွန်ပါသည်ဟု မိသားစုဝင်တဦးက ရန်ကုန်မှ မဇ္ဈိမသို့
ပြောပြသည်။

နိုင်ငံကျော် အဆိုတော်သည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ကားတိုက်မှု
ဖြစ်၍ ကွယ်လွန်သွားခဲ့သည် ဆိုသော အင်တာနက် စာမျက်နှာတခုသည် ပြည်တွင်း
ပြည်ပ အင်တာနက်သုံး မြန်မာများအကြား ပျံ့သွားခဲ့သည်။
--------------

ဒီလိုပဲ ထင်ခဲ့တာပါ .........
လွန်ခဲ့တဲ့ နှစ်တွေတုန်းကလည်း ဟေမာနေ၀င်း နိုင်ငံခြားမှာ
ကားတိုက်သေတာတို့ ... လုပ်ကြံခံရတာတို့ ... နောက်ပြီး မေဆွိ သေတာတို့
ကြားခဲ့ရဖူးပါတယ် ... အခုလည်းဒီလိုပဲ ကြားနေရတာပဲ .......
ကိုယ်တွေ့မဟုတ်လေတော့ ဘယ်လိုပြောရမလဲ .....
မသေချာတော့လည်း ကောလဟသပေါ့ ................

Monday, March 17, 2008

ICT Quarter

25-2-2008 နေ့က ရတနာပုံဈေးမီးကြောင့် MICT Park လည်းမီးလောင်ခံခဲ့ရတယ် ...
ကံကောင်းတယ်လို့ပဲ ပြောရမလား ... အခန်းအားလုံး မီးထဲပါသွားတာမဟုတ်ပဲ
တစ်ချို့သာ မီးထဲပါသွားတယ် .....
မီးလောင်ခံရတာပဲ ဖြစ်ဖြစ် မီးအလောင်မခံရတာပဲဖြစ်ဖြစ် MICT Park တစ်ခုလုံး
ဘုံပျောက်ခဲ့ရပါတယ် ....
အိုင်တီနဲ့ စီးပွားရှာနေတဲ့အထဲက ငွေကြေးတတ်နိုင်သူတွေအများစုက
မီးလောင်ပြီးပြီးချင်း ချက်ချင်းဆိုသလိုပဲ နေရာအတွက် လိုက်ရှာကြတယ် ....
ငှားရမ်းကြတယ် .....
အများစု ငှားရမ်းခဲ့ကြတဲ့နေရာလေးက ၇၇x၇၈ လမ်းကြား ၃၁x၃၃ လမ်းကြားထဲမှာ
ဖြစ်နေကြတယ် .....
တိုင်ပင်ထားကြသလားတောင် အောင်းမေ့ရပါတယ် .....
အခုတော့ အဲဒီနေရာလေး ပြင်ဆင်မှုတွေ စတင်မှုတွေနဲ့ စည်ကားစပြုနေပါပြီ ....
မကြာခင် အဲဒီနေရာလေးဟာ အိုင်တီရပ်ကွက် တစ်ခုဖြစ်လာတော့မှာ ဖြစ်ပါတယ် ............

Thinking Thingyan 2008

သင်္ကြန်တောင် ရောက်တော့မှာပါလား ....
မန္တလေးမှာ မဏ္ဍာပ်တွေတောင် ဆောက်နေပြီ ....
ဗဟိုမဏ္ဍာပ်နဲ့ ၇၃လမ်းx၂၆ လမ်းဒေါင့်က မဏ္ဍာပ်ဆောက်နေကြပြီ ....
ဘာလိုလိုနဲ့ အသက်တစ်နှစ်ကြီးလာရပြန်ပြီ .....
ဒီနှစ်သင်္ကြန်မှာ ဘာလုပ်ရရင် ကောင်းမလဲစဉ်းစားနေတာ ...
သင်္ဃန်းကြီးနဲ့ အကုသိုလ်လည်း အဖြစ်မခံနိုင်ဘူး ....
ခရီးတော့ ထွက်ချင်ရဲ့ .... ပိုက်ပိုက်ကမရှိ ....
စပွန်ဆာရှိရင်တော့ ကောင်းမှာပဲ ....

Sunday, March 16, 2008

Mandalay Summer

နွေရောက်ပြီ .....
မန္တလေးရဲ့ နွေသင်္ကေတတစ်ခုဖြစ်တဲ့ မီးလောင်တာလည်း ရတနာပုံဈေးမီးက ပြောပြခဲ့ပြီ ....
ဒီနေ့တော်တော်ကိုပူတယ် ......
ညပိုင်းမှာ အိပ်လို့မရအောင် ပူလာပါပြီ ....
ညနေခင်းက လမ်းပေါ်မှာလူတွေများနေလို့ ဘာဖြစ်တာလဲလို့ ကြည့်လိုက်တော့ ....
အော် .... အိမ်ထဲမှာပူလို့ အပြင်ကိုထွက်နေကြတာလေ ...
ဆယ်တန်းရဲ့ သိပ္ပံတွဲကလည်း ဒီနေ့ပြီးတယ်လေ ......
နွေဦးရွက်သစ်တွေတောင်ထွက်နေပြီ .....
အရိုးပြိုင်းပြိုင်းနဲ့ ရွက်သစ်တွေက ပွင့်လင်းရာသီဆိုတာကိုများ
ရည်ညွန်းသလားမသိပါဘူး .....
နွေကျောင်းပိတ်ရက်မို့ ခရီးသွားလုပ်ငန်းတွေလည်းအပြိုင်အဆိုင် ကြေငြာနေကြတယ် ....
ခရီးလေးတစ်ခုတော့ ထွက်ချင်ပါရဲ့ ......

Friday, March 14, 2008

Essentials for Software Engineer (Programming Seminar)

အလုပ်ခွင်ဝင်ရောက်မယ့် Programmer များ၊ နိုင်ငံခြားကို
သွားရောက်လုပ်ကြမယ့် Programmer များနဲ့ Programming
ကိုစိတ်ဝင်စားတဲ့သူတွေအတွက် ရည်ရွယ်ပြီး Programming နဲ့ပတ်သတ်တဲ့
seminar ကို ဒီနေ့ ၁၄ ရက် မွန်းလွဲ ၁-နာရီမှာ ၃၁-လမ်းနဲ့ လမ်း-၇၀
ထောင့်မှာ တည်ရှိတဲ့ မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး) မှာ
ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း ဖိတ်ကြားလာပါတယ်။
ဦးဇော်မိုး (MIT)၊ ဦးထွန်းခိုင် (iNTEGRA)၊ ဦးဝင်းထိန်ဝင်း (Gustro)၊
ဝဏ္ဏကို (မြန်မာပြက္ခဒိန်)နှင့် Alpha Computer မှ ပညာရှင်များ
ဟောပြောကြမှာ ဖြစ်ပါတယ်။
Alpha Computer က ကျင်းပပြုလုပ်တာဖြစ်ပြီး အသေးစိတ်ကို
http://www.alpha.com.mm/programmer/

မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

ပလော့ပြောင်းရေးနေပါတယ် .....

ပလော့ကို ပြောင်းရေးနေပါတယ်ဗျာ .....

sayaba.wordpress.com

Monday, October 29, 2007

သီတင်းကျွတ်လပြည့်

သီတင်းကျွတ်လပြည့်ညက အောင်တော်မှုဘုရားမှာ ဆီမီးထွန်းဖြစ်ခဲ့ကြတယ် ...
စိတ္တသုခ- ပရဟိတလူငယ် ငါးဆယ် ပတ်ဝန်းကျင်နဲ့အတူ အောင်တော်မှုဘုရားဝင်းထဲက
နှစ်ကျိတ်ရှစ်ဆူဘုရားတန်ဆောင်းရှေ့မှာ ဆီမီးထွန်းညှိ ပူဇော်ကြတာပါ .....
နှစ်စဉ် အဲဒီနေရာမှာပဲ ဆီမီးထွန်းခဲ့ကြတာ ဆယ်နှစ်တာကာလကို ရောက်ရှိနေပါပြီ ......

Monday, October 22, 2007

အတွေး-၂

www.all-channel.com မှာ ပါတဲ့ သတင်းတိုလေးပါပဲ .........
လိမ်လည်လှည့်စားပြီး ကိုယ့်အတွက်ပဲ ကြံဆောင်နေတတ်တဲ့ လူတွေတစ်ချို့လုပ်ချက်ကတော့ တကယ့်ကို ကမ်းကုန်ပါပဲ ..... ဈေးကွက်စီးပွားရေးစနစ် ဆိုတာ ဒါမျိုးများလား ........ မတော်လောဘတွေနဲ့ ကြီးပွားနေတဲ့ခေတ်ကြီးကို ရောက်နေတာပါလားလို့ တွေးမိတယ် .....
အ ရင် ခံပေါ့လို့ ပြောကြမှာပဲ ......

--------------------------------
ရန်ကုန်မြို့လယ်ရုပ်ရှင်ရုံများ အော်စကာဆုဗန်းပြပြီး လိမ်ညာပြသမှုများရှိနေ
09 Oct 2007 | 10:35 AM



Yangon Cinemaရန်ကုန်မြို့တွင်း ရုပ်ရှင်ရုံများ၌ပြသနေသော အိန္ဒိယရုပ်ရှင်ဇာတ်ကား အချို့မှာ ဘောဘိဝုဒ်အော်စကာဆု အမှန်တကယ်ရရှိ ခြင်းမရှိဘဲ ရုပ်ရှင်ပိုစတာဆိုင်းဘုတ်များတွင် ဆုဘယ်နှစ်ဆုရပါသည်ဟု ရေးသားထားသည်မှာ အမှန်တကယ် မဟုတ်ကြောင်း အဆိုပါဆိုင်းဘုတ်ရေးဆွဲသူ တစ်ဦးကပြောသည်။ “ကျွန်တော်တို့ဆီမှာ ဆိုင်းဘုတ်လာအပ်ရင် အချို့ ရုပ်ရှင်ကား တွေကတော့ တကယ်ဆုရလို့ ၃ ဆုဆို ၃ ဆု အမှန်တကယ်ရေးပေးတာရှိသလို တချို့ကျတော့ရတာက ၁ ဆု၊ အဲဒါ ကို ၁၀ ဆုရေးခိုင်းတာ ရှိတယ်။ ဘာဆုမှမရဘဲ ၅ ဆုရေးခိုင်းတာလည်းရှိတယ်။ ဘာပဲပြောပြော ဆုရထားတယ်ဆို တော့ ဇာတ်ကားကောင်းတယ် ထင်ပြီး လာကြည့်အောင်ပေါ့။” ရုပ်ရှင်ပရိသတ်ကလည်း ဘာမှသိတာမဟုတ်ဘူး၊ သူတို့ကြိုက်တဲ့ မင်းသား၊ မင်းသမီးဆိုရင် ၀င်ကြည့်ကြတာပဲ။ ဆုဘယ်နှစ်ဆုရမှမရမှ ဆိုပြီးကြည့်တာမဟုတ်ဘူး။ ဘာပဲပြောပြော ရုံတင်ရုပ်ရှင်လောကတွင် ဤသို့ သောအဖြစ်မျိုးရှိနေသည်ကို မသိသူများ သိကြဖို့တင်ပြလိုက်ပါသည်။

အတွေး

www.all-channel.com မှာ ဖတ်မိတဲ့ သတင်းလေးတစ်ပုဒ်ပါ .....
တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ် .....
ဒီလိုမျိုး ကိုယ့်အတွက်သာကြည့်ပြီး စည်းမရှိ ကမ်းမရှိလူတွေကြောင့် ဒုက္ခရောက်ခဲ့ရတဲ့သူတွေ ရှိနေရတယ် ....
ကိုယ့်အတွက် ပြေလည်ရေးကိုပဲ ကြည့်နေရင် ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး ......
တစ်ယောက်ချင်းဆီမှာ စည်းကမ်းတကျ ရှိနေမယ်ဆိုရင် တိုးတက်ဖို့ဆိုတာ မဖြစ်နိုင်စရာ မရှိဘူး .....
မရှိလို့ ခိုးရပါတယ်လို့ ပြောတတ်ကြတယ် ...... မရှိလို့ ခိုးရင် ရှိလာနိုင်မလား .......
မသိလို့ လုပ်မိပါတယ်လို့ ပြောတတ်ကြတယ် .... မသိလို့ လုပ်တိုင်း ခွင့်လွတ်သင့်သလား ......
............................
.........................
ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့ပါဘူး ................
မိမိကိုယ်တိုင် ကောင်းအောင် ကြိုးစားကြည့်လိုက် ....... အားလုံးကောင်းသွားမယ်ဆိုတာ မလွဲပါဘူး ...

-----------------------------------------

မတော်လောဘနှင့် မသမာသူလူတစ်စုကြောင့် အဘွားအိုမျက်စိခွဲစိတ်ရန်အစီအစဉ်ပျက်ပြား
18 Oct 2007 | 5:55 AM

ရန်ကုန်နှင့် တိုက်ကြီးမြို့တို့ကို လွန်းပျံပြေးဆွဲပေးနေသော ယာဉ်လိုင်းတစ်ခု၏ တိုက်ကြီးဂိတ်မှ ဂိတ်မှူးနှင့်ယာဉ်မောင်များ လက်ဝါးရိုက်၍ လက်မှတ်များကို ထင်သလိုရောင်းချနေခြင်းကြောင့်၊ ခရီးသည်များအချိန်နှောင့်နှေးကြန့်ကြာမှုများနှင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ တိုက်ကြီးဂိတ်မှ ဂိတ်မှူးများသည် ကားလက်မှတ်များကို အစီအစဉ်လိုက်ရောင်းချပေးခြင်းမဟုတ်ဘဲ ယင်းတို့နှင့်အဆင်ပြေသော နောက်နှစ်စီးသုံးစီးကျော် မှထွက်သော ကားများနှင့် အတင်းတွန်းထည့်ပေးခြင်းများ ပြုလုပ်ခဲ့ ကြောင်းသိရသည်။

ယင်းသို့ပြုလုပ်ခြင်းကြောင့် ရင်းတိုင်ကွင်းရွာမှ ရန်ကုန်သို့ မျက်စိ ခွဲစိတ်မှုပြုရန် လာရောက်ခဲ့သော အသက် ၇၀ ကျော်ခန့်ရှိသော အဘွားကြီးတစ်ဦး မျက်စိခွဲစိတ်မှုပျက်ကွက်ခဲ့ရသည်။ “အဘွားကြီးက ငွေကြေး ချို့တဲ့လို့ အများကပေးလှူတဲ့ငွေနဲ့ ရန်ကုန်လာပြီးကုရတယ်။ ဆရာဝန်ကလည်း ဆေးဖိုးသာယူပြီး ကုသခမယူဘဲ ကုသပေးမယ်ဆိုပြီး အဲဒီနေ့က ချိန်းထားခဲ့တယ်။ သူ့ကိုခွဲစိတ်ပေးပြီး ညနေမှာ ဆရာဝန်က နိုင်ငံခြားကိုသွားမှာမို့ အချိန်မီရောက်ရမှာ အဲဒါတွေပြောပြပြီး လက်မှတ်ဝယ်ခဲ့ပေမယ့် ဂိတ်မှူးတွေက နောက်ကားနဲ့ထည့်ပေးလို့ အဘွားကြီး မျက်စိမခွဲခဲ့ရဘူး”ဟု ကားမောင်းသူကပြောသည်။ ယင်းကားမောင်းသူကပင် ကားဝင်းအတွင်းတွင် အကြောင်းစုံကိုပြောပြပြီး အလှူငွေများ ကောက်ခံကာ အဘွားကိုတက္ကစီငှားပြီး ဆေးရုံသို့ပို့ပေးခဲ့သည်။

ဆေးရုံရောက်သောအခါ ဆရာဝန်မှာနိုင်ငံခြား သို့ ထွက်သွားပြီ ဖြစ်ကြောင်းဆေးရုံကပြောခဲ့သည်။ ယင်းသို့လက်မှတ်များကို ထင်သလိုရောင်းချခြင်းကြောင့် လူတစ်ယောက်၏ ဘ၀နှင့်သက်ဆိုင်သော နစ်နာမှုများပါဖြစ်ခဲ့ရကြောင်း အဆိုပါအဖြစ်အပျက် များကို အစအဆုံး သိရှိသူများက ပြောသည်။

Saturday, October 20, 2007

ကြာပြီ ....

အင်တာနက်တောင် မသုံးဖြစ်တာ အတော်လေးကြာခဲ့ပြီ .........
အင်တာနက်မသုံးဖြစ်တော့ Blog လည်း မရေးဖြစ်ဘူး ........
လျှပ်စစ်မီးကလည်းမမှန်တော့ ကွန်ပျူတာတောင် ကောင်းကောင်းမသုံးဖြစ်ပါဘူးဗျာ .....