Friday, June 27, 2008

Miss Ray World 2008 မှတ်တမ်းပုံများ

Miss Ray World 2008 မှတ်တမ်းပုံများ

Miss Ray World 2008 (Mandalay)


ထူးခြားဆန်းသစ်မှုတွေနဲ့အတူ မန္တလေး Ray World Co. Ltd ကကျင်းပတဲ့ ရောင်စဉ်ကမ္ဘာထဲက ချစ်စဖွယ်၊ သွက်လက် ဥာဏ်ပညာထက်မြက်သော အလှရှာပုံတော် Miss Ray World 2008 ပြိုင်ပွဲကို ဇွန်လ ၂၆ ရက်နေ့က မန္တလေးမြို့ ၇၇လမ်း နှင့် ၇၈လမ်း၊ ၃၂ လမ်းနှင့် ဇောတိကလမ်းကြားရှိ Ray World Complex မှာ ပြုလုပ်ကျင်းပ ပါတယ်။

ခမ်းနားစွာကျင်းပတဲ့ ဒီပြိုင်ပွဲမှာ အခမ်းအနားမှူးအဖြစ် မတင်မိုးလွင်က ဆောင်ရွက်ပါတယ်။ DENOBO တေးဂီတရဲ့ ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ Talents & Models ရဲ့တင်ဆက်မှု အစီအစဉ်များ၊ ဒီဇိုင်နာ မရူပါရွှေရဲ့ ဖက်ရှင်ဒီဇိုင်းပြပွဲ၊ အောင်လွင်(အမရပူရ)ရဲ့ မိတ်ကပ်၊ ဆံပင် တီထွင်ဆန်းသစ် တီထွင်မှုများကို ဖျော်ဖြေ တင်ဆက်ပါတယ်။

တက်ရောက်လာကြတဲ့ ဧည့်ပရိတ်များမှ ပေါ်ပြူလာ အဖြစ်ဆုံးမော်ဒယ်တစ်ဦးကို မဲစနစ်နဲ့ ရွေးချယ်စေခဲ့ရာ ဇွန်ဖွေးဥက Popular Choice ဆုကို ရရှိပါတယ်။

ဆက်လက်ပြီး စပွန်ဆာ ကုမ္ပဏီများရဲ့ စိတ်ကြိုက်မော်ဒယ်များကို ရွေးချယ်ခဲ့ရာမှာ ရှိုင်းသူသူမောင် က The Best Choice of Sweety Home ၊ ထိုက်ဆုဝင်းက Primier Choice ၊ စုမွန်မွန်ကျော်က မင်းသီဟ Choice ၊ သျှားဝေက Golden Mountain Choice ၊  ရွှေစင်က Beautiful Face Choice ၊ မင်းမင်းဟန် က Special Girl Choice ၊ မင်းမင်းဟန် က Olympia Choice ၊ ဇွန်ပွင့်ဖြူက Idea Choice ၊ မြတ်ဇင်မာထွန်းက Desingner Choice အသီးသီးရရှိကြပါတယ်။

အစီအစဉ်ရဲ့ နောက်ဆုံးမှာတော့ Miss Ray World 2008 ကြေငြာပေးဖို့ မတင်မိုးလွင်က အိတ်ပိတ်ထားတဲ့ စာအိတ်ကို ဖွင့်ဖောက်ကြေ ငြာရာမှာ လင်းလက်အောင်ကျော်က Miss Ray World 2008 ကို ရရှိပါတယ်။

ကသောလက်ဖြင့်အလှူခံကြသူများ မှတ်တမ်းဓာတ်ပုံ - ၂

ကသောလက်ဖြင့်အလှူခံကြသူများ မှတ်တမ်းဓာတ်ပုံ - 2

ကသောလက်ဖြင့်အလှူခံကြသူများ မှတ်တမ်းဓာတ်ပုံ - ၁

ကသောလက်ဖြင့်အလှူခံကြသူများ မှတ်တမ်းဓာတ်ပုံ - ၁

Thursday, June 26, 2008

ဇာတ်သဘင်ပွဲကပြခြင်းဖြင့် နာဂစ်အတွက် အလှူခံ

မန္တလေးအမျိုးသားကဇာတ်ရုံကြီးမှာ ဇာတ်မင်းသားကြီးများ၊
ဇာတ်မင်းသားငယ်များစုပေါင်းပြီး ဇွန် ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ
ကပြဖျော်ဖြေရင်း အလှူခံကြမယ် .....

Sunday, June 22, 2008

ခြောက်လတစ်ကြိမ်ပုံမှန်အလှူကို 2008 June 8 နေ့က စဉ့်ကူးက အမက ၉၁ မှာ လှူဒါန်းကြတယ် ....

စိတ္တသုခ ပရဟိတလူငယ်များရဲ့
ပုံမှန် ၆လတစ်ကြိမ် ပုံမှန်အလှူအဖြစ် 
စဥ့်ကူးမြို့ အမှတ်(၉၁)အခြေခံပညာမူလတန်းကျောင်းတွင် ဇွန်လ ၈ ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

လျှပ်စစ်မီးရရှိရေးအတွက် မီတာ၊ လျှပ်စစ်တပ်ဆင်ခြင်းများ၊ ၀င်းထရံခတ်ခြင်း စသည်အတွက် ငွေကျပ် သုံးသိန်း
လှူဒါန်းပြီး ကျောင်းသား၊ ကျောင်းသူ ၇၂ဦးအား စာရေးကိရိယာ၊ ကျောင်းသုံးပစ္စည်း ၇သိန်းကျော်ကို
ပေးအပ်လှူဒါန်းနိုင်ခဲ့ပါတယ်။ စုစုပေါင်း ၁၀ သိန်းကျော်လှူဒါန်းနိုင်ခဲ့ပါတယ်။

စိတ္တသုခ ပရဟိတလူငယ်များ တစ်ယောက် ခရီးစရိတ် ၄၅၀၀ကျပ်ဖြင့်
ကားစုငှားကာ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
အားလုံး ၄၂ဦးလိုက်ပါ လှူဒါန်းခဲ့ပါတယ်ခင်ဗျာ . . .

Wednesday, June 18, 2008

သဘင်ပညာရှင်များရဲ့မုန်တိုင်းအတွက် စုပေါင်းအလှူ

မုန်တိုင်းဒဏ်သင့် ဘ၀တူ မန္တလေးသဘင်အပေါင်းအသင်းများအား
ဘ၀တူအပေါင်းအသင်းများမှ ကူညီလှူဒါန်းမှု အခမ်းအနားကို ၃၉ လမ်း၊ ၈၀ နှင့်
၈၁ လမ်းကြားရှိ စိန်ဓူဝံ ဆိုင်းအဖွဲ့တည်ရာဌာန၌ ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၁
နာရီက ကျင်းပပြုလုပ်ပါတယ်။ အခန်းအနားမှူးအဖြစ် ကိုမောင်မော် (ဘိသိက်ဆရာ)က
ပြုလုပ်ပြီး လူရွှင်တော်ကြီးများ၊ အငြိမ့်၊ ဆိုင်း၊ ဇတ်၊
ဘိသိက်ပညာရှင်များ၊ မင်းသမီးများနှင့် စာနယ်ဇင်းဆရာများတက်ရောက်ပါတယ်။
အခမ်းအနားမှာ လူရွှင်တော်ဦးမြသာမှ အမှာစကားပြောကြားပါတယ်။ မန္တလေးမြို့မှ
လူရွှင်တော်များနှင့် အငြိမ့်၊ ဆိုင်း၊ ဇာတ်၊ ဘိသိက် ပညာရှင်များ၊
မင်းသမီးများစုပေါင်းကာ နာဂစ်မုန်တိုင်းခံခဲ့ရသော ခေတ်လူဇော်
ဇာတ်သဘင်အဖွဲ့မှ အဖွဲ့သားများကို ငွေကျပ်တစ်သောင်း၊ ဆန်နှစ်ပြည်၊
အ၀တ်အထည်နှင့် ပုဂံခွက်ယောက်များကို အဖွဲ့ဝင်တစ်ဦးစီလက်သို့ လက်ရောက်
ပေးအပ်ပါတယ်။ ဇာတ်ဆရာဦးတင်ဝင်းမှကျေးဇူးတင်စကားပြောကြားရာ
ခေတ်လူဇော်ဇာတ်သဘင်အဖွဲ့သည် နာဂစ် မုန်တိုင်းတိုက်ခတ်စဉ်က ဇာတ်ပွဲကပြရန်
လပ္ပတ္တာမြို့နယ်တွင် ရှိနေခဲ့ပြီး မုန်တိုင်းဒဏ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊
ရင်ခေါင်းလောက်ထိ ရေ၀င်လာသော်လည်း အဖွဲ့သားများ တစ်ယောက်မှာ
သေဆုံးခြင်းမရှိခဲ့ကြောင်း၊ သို့သော်လည်း ဇာတ်ပစ္စည်းများမှာ ရေနှင့်အတူ
မျောပါသွားပြီး ဆုံးရှုံးမှုများရှိကြောင်းနှင့် ယခုကဲ့သို့
ကူညီထောက်ပံ့မှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားသွားပါတယ်။
မန္တလေးမြို့မှ လူရွှင်တော်များနှင့် အငြိမ့်၊ ဆိုင်း၊ ဇာတ်၊
ဘိသိက်ပညာရှင်များ၊ မင်းသမီးများစုပေါင်းကာ ဇွန်လဆန်းပိုင်းက
မန္တလေးမြို့တွင်း အနုပညာလုပ်အားဒါနဖြင့် လှည့်လည်အလှူခံရာ အလှူငွေ ၈၅
သိန်းလက်ခံရရှိခဲ့ပါတယ်။ ကျပ်သိန်း ၅၀ အား ဘိုကလေးမြို့နယ်၊ သကန်တောရ
ဆရာတော် ရှင်စန္ဒေဘာသအားလှူဒါန်းမည်ဖြစ်ပြီး ကျပ် ၁၅ သိန်းအားနှင့်
အ၀တ်အထည်(၆)တန်ကားနှစ်စီးတိုက်အား လှိုင်သာယာမြို့နယ်၊ အောင်ဇေယျာမင်း
ပရဟိတ မိဘမဲ့ကလေးများကျောင်းသို့ သွားရောက်လှူဒါန်းမည်ဖြစ်ပါတယ်။
အဆိုပါလှူဒါန်းမှုကို သွားရောက်လှူဒါန်းနိုင်ရေးအတွက်
ဂီတစာဆိုအကယ်ဒမီစိန်မိတ္တား၊ စိန်ဓူဝါး၊ ဦးမောင်မော်၊ ဦးကျော်ကြား၊
ဦးချစ်စရာ၊ ဦးဂွတ်ရှယ်၊ ဦးမင်းသူရ၊ ဦးမျိုးသန့်တို့မှ
ဇွန်လ(၁၈)ရက်နေ့ မီးရထားဖြင့် မန္တလေးထွက်ခွာကာ
လှူဒါန်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

Tuesday, June 17, 2008

Sedona Hotel ရဲ့လူသားခြင်းစာနာကူညီပေးမယ့် ညစာစားပွဲ

မေလ ၂ ရက်နေ့ညက တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းဒဏ် ခံရသူများနှင့် မေလ ၁၂
ရက်နေ့က ဖြစ်ပေါ်ခဲ့သော တရုတ်ငလျင်ဒဏ် ခံရသူများအား
လူသားခြင်းစာနာထောက်ထားသောအားဖြင့် အကူအညီ ပေးနိုင်ရေးအတွက် ရန်ပုံငွေ
ဘူဖေးညစာစားပွဲအခမ်းအနားကို မန္တလေးမြို့ Sedona Hotel က ဇွန်လ ၁၇ ရက်နေ့
ည ၇ နာရီမှ ၁၀ နာရီထိ ဟိုတယ်ရှိ ရေကူးကန်ဘေး မြက်ခင်းပြင်မှာ
ကျင်းပပြုလုပ်ပါတယ်။ အခမ်းအနားမှာ Operation Manager ဖြစ်သူ Mr Koichi
Tanaka မှ နှုတ်ခွန်းဆက်စကားပြောကြားပါတယ်။ ညစာစားပွဲမှာ Green House
တေးဂီတအဖွဲ့မှ သီဆို ဖျော်ဖြေကာ တီးဝိုင်းပစ္စည်းများကို
တိမ်လွှာအသံချဲ့စက်လုပ်ငန်းမှ ပံ့ပိုးကူညီပါတယ်။ ဘူးဖေးညစာစားပွဲလက်မှတ်
များကို လူကြီးတစ်ဦးလျှင် ကျပ် ၂၅၀၀၀၊ ကလေးတစ်ဦးလျှင် ကျပ် ၁၅၀၀၀
ဖြင့်ရောင်းချခဲ့ရာ လက်မှတ်ပေါင်း ၂၅၀ ကျော် ရောင်းချနိုင်ခဲ့ကြောင်း
Sedona Hotel မှ မ၀င်းလဲ့ကပြောကြားပါတယ်။ ဘီယာ၊ အချိုရည်၊ ရေသန့်ရောင်းချ
ရငွေများ အားလုံးကိုလည်း လှူဒါန်းမှာဖြစ်သလို လေလံစနစ်ဖြင့် Ambassador
Suite Room, Club Suite Room, Premier Suite Room, Deluxe Room
အခန်းခများ၊ အားကစားလေ့ကျင့်ခန်းမ အသင်းဝင်ကြေးများအား စိတ်ကြိုက်
ဈေးနှုံးများဖြင့် ယှဉ်ပြိုင်ရောင်းချပေးခဲ့ကာ ရရှိငွေများကို
လှူဒါန်းမှာဖြစ်ပါတယ်။ Green House တေးဂီတအဖွဲ့ရဲ့ တေးသံသာများနှင့်အတူ
သီဆိုကခုန်ရင်း ရန်ပုံငွေပွဲမှာ စည်ကားသိုက်မြိုက်ခဲ့ပါတယ်။
ကောက်ခံရရှိငွေများအားလုံးမှ တစ်ဝက်ကို နာဂစ်မုန်တိုင်းဒဏ်ခံရသူများအတွက်
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့်လည်းကောင်း၊ ကျန်တစ်ဝက် ကို
ငလျင်ဒဏ်ခံရသူများအတွက်
မန္တလေးအခြေစိုက်တရုတ်ကောင်စစ်ဝန်ရုံးမှတဆင့်လည်းကောင်း
ပေးပို့လှူဒါန်းသွား မှာဖြစ်ပါတယ်။ သဘာဝဘေးအန္တာရယ်ဆိုးကြီးဖြစ်သော
မုန်တိုင်းဒဏ်နဲ့ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့သော၊ ဒဏ်ရာရခဲ့သေ၊
အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သောသူများအားလုံးအတွက်ဝမ်းနည်းကြေကွဲရသလို
မန္တလေးမြို့သူမြို့သားများရဲ့ ဒါနအင်အားကိုတွေ့မြင်ရတာ အလွန်မှ
အားရစရာကောင်းလှပါတယ်လို့ လုပ်ငန်းရှင်တစ်ဦးဖြစ်သူက ပြောကြားပါတယ်

Monday, June 16, 2008

မြို့မတူရိယာအသင်းရဲ့ စာနာဂရုဏာလေဘေးရံပုံငွေအကူအညီပေးပွဲတော်

မေလအတွင်းက တစ်ညတာဝင်ရောက်တိုက်ခိုက်သွားတဲ့ မုန်တိုင်းဒဏ်ကြောင့်
လူသန်းပေါင်းများစွာ သေကြေကြ၊ ထိခိုက် ဒဏ်ရာရကြ၊
အတိဒုက္ခရောက်ကြရသူအပေါင်းကို စာနာသောအားဖြင့် မန္တလေးမြို့ ကျက်သရေဆောင်
မြို့မတူရိယာ အသင်းကြီးက စာနာဂရုဏာလေဘေးရံပုံငွေအကူအညီပေးပွဲတော်ကို
ဇွန်လ ၁၄ ရက်နေ့ ညပိုင်းတွင် မန္တလေးမြို့ ၈၆ လမ်းနှင့် ၂၁ လမ်းဒေါင့်ရှိ
အသင်းတိုက်ရှေ့မှာ ကျင်းပပြုလုပ်ပါတယ်။ မန္တလေးမြို့ မြို့မိမြို့ဖများအား
မြို့မအသင်းသူ အသင်းသားများက လူမူကူညီရေးတေးသီချင်းများနဲ့
ဧည်ခံဖျော်ဖြေသလို လူရွှင်တော် ချစ်စရာ၊ ဒီပါ တို့ကလည်း ဟာသများဖြင့်
စိတ်နှလုံးအေးချမ်း မှုကို ပေးစွမ်းကြပါတယ်။ မုန်တိုင်းနှင့်ပတ်သက်ပြီး
ခံစားသီကုံးရေးဖွဲ့ထားတဲ့ တေးသီချင်းများကတော့ တေးရေး မြို့မကိုပေါ၊
ကိုရွှန်းမြိုင်ရေးသားတဲ့ ဂရုဏာလှေယာဉ်၊ ကိုရွှန်းမြိုင်ရေးသားတဲ့
သောကတမ်းချမ်း မဖြစ်ကြနဲ့၊ သန်းမောင်ဝင်း ရေးသားတဲ့
ဒါနပန်းတို့လန်းရာမြေ၊ ထိပ်တင်ဆန်းရေးသားတဲ့ ယောနသံလူသား၊
မြဒါလီရေးသားတဲ့ ဆုတောင်းမေတ္တာ၊ လွင်ဦးရေးသားတဲ့ ကူညီကြပါစို့၊
မောင်မောင်စိန် ရေးသားတဲ့ ကူညီဖေးမယိုင်းပင်းပါ တေးသီချင်းတို့ဖြစ်ပြီး
မြို့မ ၀ိုင်းတော်သားများက သီဆို ဖျော်ဖြေကြပါတယ်။ အလှူငွေထည့်သူ၊
အလှူလက်ခံသူ၊ တေးဂီတပွဲဖျော်ဖြေသူ၊ တေးဂီတပွဲကြည့်သူများနဲ့
စည်ကားတဲ့ညမှာ နာဂစ်အတွက် ၀မ်းနည်းကြရသလို ကူညီလိုစိတ်ပြင်းပြတဲ့
မန္တလေးသားတွေရဲ့ စိတ်ကိုတွေ့မြင်ရပါတယ်။ မြို့မအဖွဲ့က
ပြန်လည်ထူထောင်ရေးအတွက် ပါဝင် လှူဒါန်းဆောင်ရွက်ကြမယ်ဆိုတော့ အလွန်ပဲ
ကျေနပ်မိပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ
ကိုယ်တိုင်ကိုယ်ကျပါဝင်ချင်ပေမယ့် အခွင့်အရေးမရလို့ မုန်တို်င်းဒဏ်သင့်
ဒေသကို သွားရောက်မယ့်အဖွဲ့အစည်းတွေတော်တော်များများပါ
များများမတတ်နိုင်ပေမယ့် တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးခဲ့ ပါတယ်လို့
အလှူငွေလာရောက်ထည့်ဝင်ရင်း တေးဂီတကို နားဆင်ခံစားနေသူတစ်ဦးက
ပြောကြားပါတယ်။

Thursday, June 12, 2008

စိတ္တသုခ ပရဟိတလူငယ်များရဲ့ ၆လတစ်ကြိမ် ပုံမှန် အလှူ

စိတ္တသုခ ပရဟိတလူငယ်များရဲ့ ၆လတစ်ကြိမ် ပုံမှန် အလှူကို စဥ့်ကူးမြို့
အမှတ်(၉၁)အခြေခံပညာမူလတန်းကျောင်းမှာ ဇွန်လ ၈ ရက်နေ့က
သွားရောက်လှူဒါန်းခဲ့ပါတယ်။
လျှပ်စစ်မီးရရှိရေးအတွက် မီတာ၊ လျှပ်စစ်တပ်ဆင်ခြင်းများ၊ ၀င်းထရံခတ်ခြင်း
စသည်အတွက် ငွေကျပ် သုံးသိန်း
လှူဒါန်းပြီး ကျောင်းသား၊ ကျောင်းသူ ၇၂ဦးအား စာရေးကိရိယာ၊
ကျောင်းသုံးပစ္စည်း ၇သိန်းကျော်ကို
ပေးအပ်လှူဒါန်းနိုင်ခဲ့ပါတယ်။
စိတ္တသုခ ပရဟိတလူငယ်များ တစ်ယောက် ခရီးစရိတ် ၄၅၀၀ကျပ်ဖြင့်
ကားစုငှားကာ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
အားလုံး ၄၂ဦးလိုက်ပါလှူဒါန်းခဲ့ပါတယ်ခင်ဗျာ . . .

ဒီလ ၁၅ရက်ခန့်မှာတော့ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်အတွင်း
တည်ဆောက်မည့် မူလတန်းကျောင်း(ဘုန်းတော်ကြီးသင်ပညာရေးကျောင်း)
အတွက် အလှူငွေ ပထမအကြိမ် ပေးပို့ရန် စီစဉ်နေကြပါတယ်။

အဲဒီနောက်မှတော့ အဆောက်အအုံ တည်ဆောက်ခြင်းများစတင်ပြီး
လကုန်ခန့်တွင် သွားရောက် လှူဒါန်းနိုင်ရေး
စီစဉ်မျှော်မှန်းလျက်ရှိပါတယ်။

သက်ဆိုင်ရာမှ ကျောင်းဆောက်လုပ်လှူဒါန်းရန် ခွင့်ပြုချက်ရရှိပြီး ဖြစ်ပါတယ်။
လှူဒါန်းမှုများအတွက် ကျေးဇူးတင်ရှိသကဲ့သို့
ထပ်မံလည်း လှူဒါန်းပေးကြပါဦးခင်ဗျာ . . .

သတ္တ၀ါအပေါင်း စိတ်ချမ်းသာဖို့ ကူညီကြပါစို့ . . . . .

Wednesday, June 11, 2008

ကရုဏာသံစဉ်ပွဲတော် မှတ်တမ်းဓာတ်ပုံ - ၃

ကရုဏာသံစဉ်ပွဲတော် မှတ်တမ်းဓာတ်ပုံ - ၂

ကရုဏာသံစဉ်ပွဲတော် မှတ်တမ်းဓာတ်ပုံ - ၁

လူမင်း၊ သက်မွန်မြင့်တို့ရဲ့ မင်္ဂလာဦးည

ပြင်ဦးလွင်မြို့မှာ လေဘေးရန်ပုံငွေအတွက် ဇာတ်ကား ၆ ကားရိုက်ကူးလျက်ရှိရာ
မင်္ဂလာဦးည ဇာတ်လမ်းရိုက်ကူးနေတဲ့ ရိုက်ကွင်းနေရာကို အရောက်သွားခဲ့ပါတယ်။
မနက်ခင်းစောစောအချိန်မှာ ရောက်သွားတာကြောင့် ရိုက်ကူးမှုအတွက်
ပြင်ဆင်နေဆဲဖြစ်ပါတယ်။ သက်လျာရှင်စောရဲ့ ၀တ္တု ကို ဇာတ်ညွန်း
ကိုရွှေမိုးသက်၊ ကျော်သိင်္ခတို့ရေးသားတဲ့ မင်္ဂလာဦးည ဇာတ်လမ်းရဲ့
ဇာတ်ဝင်ခန်းကို ရိုက်ကူးဖို့ပြင်ဆင်နေတဲ့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)
နဲ့ ခဏတာတွေ့ဆုံပြီး ရန်ကုန်ရှုတင်အခြေအနေ မေးမြန်းတဲ့အခါ
မုန်တိုင်းဒဏ်ကြောင့် ရန်ကုန်မှာဆိုရင် တစ်ချို့ ရှုတင်ရိုက်ကွင်းတွေက
ပျက်စီးတာတွေရှိတယ်။ ဒီကိုလာရိုက်တာက ရန်ကုန်ရှုတင်ကြောင့်တော့
မဟုတ်ပါဘူး။ လေဘေးရန်ပုံငွေအတွက် အခုလို သရုပ်ဆောင်တွေ ပြင်ဦးလွင်မှာ
အားလုံးလာရိုက်ကြတော့ စုစုစည်းစည်းလည်းဖြစ်တာပေါ့။
ရိုက်ကွင်းအနေအထားလည်းပိုကောင်းပါတယ် လို့ဖြေပါတယ်။ ဆက်လက်ပြီး
ရိုက်ကူးမယ့် ဇာတ်လမ်းအကျဉ်းကို ပြောပြတာကတော့ အခုရိုက်မယ့်
မင်္ဂလာဦးညဇာတ်ကားက အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပါ။ ဒီကားမှာ လူမင်း၊
ခိုင်သင်းကြည်၊ သက်မွန်မြင့်၊ ချောရတနာ၊ ချစ်စနိုးဦး၊ ခင်လေးနွယ်တို့
ပါဝင်ကြမှာဖြစ်ပါတယ်။ ဇာတ်လမ်းက သက်မွန်မြင့်နဲ့ လူမင်း အိမ်ထောင်ကျတယ်။
လူမင်းက ရှုတ်တယ်ပွေတယ်။ သူရှုတ်ထားတဲ့အထဲမှာ ခိုင်းသင်းကြည်ရဲ့
ညီမတစ်ယောက်ရှိတယ်။ အဲဒါကို မကျေနပ်လို့ ခိုင်သင်းကြည်က
လိုက်ပြီးကလဲ့စားချေတာကို အခြေခံပြီး ရိုက်မှာပါ လို့ဆိုပါတယ်။
မေးမြန်းပြီးလို့ ခဏအကြာမှာ ဒီကားမှာ သရုပ်ဆောင်ကြမယ့် လူမင်းနဲ့
သက်မွန်မြင့်တို့ ရောက်လာကြပြီး စတင်ရိုက်ကူးကြပါတယ်။
ဇာတ်လမ်းအဖွင့်အတွက် ရိုက်ကူးတာဖြစ်ကြောင်းသိရပါတယ်။ လူမင်းနဲ့
သက်မွန်မြင့် တို့ရဲ့ မင်္ဂလာဦးညဖြစ်ပြီး မင်္ဂလာဦးညရဲ့
စိတ်လှုပ်ရှားဖွယ်အခန်းလေးကို ရိုက်ကူးနေတာဖြစ်ပါတယ်။ ချစ်စရာ့အသွင်နဲ့
မင်္ဂလာဦးညမှာ နေမထိ ထိုင်မသာဖြစ်နေတဲ့ သက်မွန်မြင့်ရဲ့
သရုပ်ဆောင်မှုနဲ့အတူ မင်္ဂလာဦးညကို ဖြတ်သန်းဖို့ စောင့်နေတဲ့စရိုက်ကို
ပီပီပြင်ပြင်လုပ်ပြသွားပါတယ်။ မင်္ဂလာဦးမှာပဲ
အိမ်ဖော်ခေါ်ဖို့တိုင်ပင်ကြပြီး ခိုင်သင်းကြည်ရောက်လာကာ
အိမ်ဖော်အဖြစ်ခေါ်ထားတဲ့ အခန်းကို ရိုက်ကူးနေတာကြည့်ရှုလေ့လာခဲ့ပါတယ်။

လူမင်း၊ သက်မွန်မြင့်တို့ရဲ့ မင်္ဂလာဦးည

ပြင်ဦးလွင်မြို့မှာ လေဘေးရန်ပုံငွေအတွက် ဇာတ်ကား ၆ ကားရိုက်ကူးလျက်ရှိရာ
မင်္ဂလာဦးည ဇာတ်လမ်းရိုက်ကူးနေတဲ့ ရိုက်ကွင်းနေရာကို အရောက်သွားခဲ့ပါတယ်။
မနက်ခင်းစောစောအချိန်မှာ ရောက်သွားတာကြောင့် ရိုက်ကူးမှုအတွက်
ပြင်ဆင်နေဆဲဖြစ်ပါတယ်။ သက်လျာရှင်စောရဲ့ ၀တ္တု ကို ဇာတ်ညွန်း
ကိုရွှေမိုးသက်၊ ကျော်သိင်္ခတို့ရေးသားတဲ့ မင်္ဂလာဦးည ဇာတ်လမ်းရဲ့
ဇာတ်ဝင်ခန်းကို ရိုက်ကူးဖို့ပြင်ဆင်နေတဲ့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)
နဲ့ ခဏတာတွေ့ဆုံပြီး ရန်ကုန်ရှုတင်အခြေအနေ မေးမြန်းတဲ့အခါ
မုန်တိုင်းဒဏ်ကြောင့် ရန်ကုန်မှာဆိုရင် တစ်ချို့ ရှုတင်ရိုက်ကွင်းတွေက
ပျက်စီးတာတွေရှိတယ်။ ဒီကိုလာရိုက်တာက ရန်ကုန်ရှုတင်ကြောင့်တော့
မဟုတ်ပါဘူး။ လေဘေးရန်ပုံငွေအတွက် အခုလို သရုပ်ဆောင်တွေ ပြင်ဦးလွင်မှာ
အားလုံးလာရိုက်ကြတော့ စုစုစည်းစည်းလည်းဖြစ်တာပေါ့။
ရိုက်ကွင်းအနေအထားလည်းပိုကောင်းပါတယ် လို့ဖြေပါတယ်။ ဆက်လက်ပြီး
ရိုက်ကူးမယ့် ဇာတ်လမ်းအကျဉ်းကို ပြောပြတာကတော့ အခုရိုက်မယ့်
မင်္ဂလာဦးညဇာတ်ကားက အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပါ။ ဒီကားမှာ လူမင်း၊
ခိုင်သင်းကြည်၊ သက်မွန်မြင့်၊ ချောရတနာ၊ ချစ်စနိုးဦး၊ ခင်လေးနွယ်တို့
ပါဝင်ကြမှာဖြစ်ပါတယ်။ ဇာတ်လမ်းက သက်မွန်မြင့်နဲ့ လူမင်း အိမ်ထောင်ကျတယ်။
လူမင်းက ရှုတ်တယ်ပွေတယ်။ သူရှုတ်ထားတဲ့အထဲမှာ ခိုင်းသင်းကြည်ရဲ့
ညီမတစ်ယောက်ရှိတယ်။ အဲဒါကို မကျေနပ်လို့ ခိုင်သင်းကြည်က
လိုက်ပြီးကလဲ့စားချေတာကို အခြေခံပြီး ရိုက်မှာပါ လို့ဆိုပါတယ်။
မေးမြန်းပြီးလို့ ခဏအကြာမှာ ဒီကားမှာ သရုပ်ဆောင်ကြမယ့် လူမင်းနဲ့
သက်မွန်မြင့်တို့ ရောက်လာကြပြီး စတင်ရိုက်ကူးကြပါတယ်။
ဇာတ်လမ်းအဖွင့်အတွက် ရိုက်ကူးတာဖြစ်ကြောင်းသိရပါတယ်။ လူမင်းနဲ့
သက်မွန်မြင့် တို့ရဲ့ မင်္ဂလာဦးညဖြစ်ပြီး မင်္ဂလာဦးညရဲ့
စိတ်လှုပ်ရှားဖွယ်အခန်းလေးကို ရိုက်ကူးနေတာဖြစ်ပါတယ်။ ချစ်စရာ့အသွင်နဲ့
မင်္ဂလာဦးညမှာ နေမထိ ထိုင်မသာဖြစ်နေတဲ့ သက်မွန်မြင့်ရဲ့
သရုပ်ဆောင်မှုနဲ့အတူ မင်္ဂလာဦးညကို ဖြတ်သန်းဖို့ စောင့်နေတဲ့စရိုက်ကို
ပီပီပြင်ပြင်လုပ်ပြသွားပါတယ်။ မင်္ဂလာဦးမှာပဲ
အိမ်ဖော်ခေါ်ဖို့တိုင်ပင်ကြပြီး ခိုင်သင်းကြည်ရောက်လာကာ
အိမ်ဖော်အဖြစ်ခေါ်ထားတဲ့ အခန်းကို ရိုက်ကူးနေတာကြည့်ရှုလေ့လာခဲ့ပါတယ်။

Thursday, June 5, 2008

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၅

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၅

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၎

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၎

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၃

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၃

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၂

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၂

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၁

နာဂစ် တစ်လပြည့် အခမ်းအနား (မန္တလေး) မှတ်တမ်းဓာတ်ပုံ - ၁

Wednesday, June 4, 2008

ဘ၀အမော ပြေစေလိုသူများ

မန္တလေးခရိုင် ၇ မြို့နယ်မှ ဆိုင်း၊ ဘိသိက်၊ အငြိမ့်လူရွှင်တော်၊
မင်းသမီးများစုပေါင်းကာ ဆိုင်ကလုန်းမုန်တိုင်းနာဂစ်
ဒဏ်ခံရသူပြည်သူများတို့အား ဘ၀အထောက်အကူပြုစေရန်ရည်သန်၍
အနုပညာလုပ်အားဒါနဖြင့် သီဆိုဖျော်ဖြေ ကပြကာ အလှူခံထွက်ကြပါတယ်။
မန္တလေးသဘင်ကြီးကြပ်မှုကော်မတီရဲ့ ဦးဆောင်မှုနဲ့ လှည့်လည်ဖျော်ဖြေကာ
အလှူခံကြတာဖြစ်ပြီး ရရှိလာတဲ့ အလှူငွေ၊ ပစ္စည်းအားလုံးကို
မုန်တိုင်းသင့်သူများထံအရောက် စစ်မှန်သော သဒ္ဓါဖြင့်
ကူညီပေးပို့မှာဖြစ်ပါတယ်။ အလှူခံမော်တော်ယာဉ်ဟာ ဇွန်လ ၄ ရက်နေ့မှာ
လောကနတ်ခန်းမ (သဘင်အစည်း အရုံး)မှ ဘုရားကြီးတောင်ဖက်ရေစင်ကွေ့၊
စိန်းပန်းရပ်ကွက်စုံ၊ ဇွန်လ ၅ ရက်နေ့မှာ လမ်း ၈၀၊ ၃၉ လမ်း၊ ၇၈ လမ်း
ရတနာပုံဈေး၊ ဘူတာကြီး၊ မင်္ဂလာဈေး၊ ဇွန်လ ၆ ရက်နေ့မှာ ဈေးချိုတော်၊
ညောင်ပင်ဈေး၊ အောင်တော်မူရေအိုးစင်၊ ဇွန်လ ၇ ရက်နေ့မှာ
ဘုရားကြီးအရှေ့ဖက်၊ မန္တလေးတက္ကသိုလ်မြောက်ပေါက်၊ ၇၃ လမ်း၊ ၂၇ လမ်း၊
၆၂လမ်း၊ နန်းရှေ့ဈေး၊ မြောက်ပြင်အရိပ်မထွက်ဘုရား၊ ဇွန်လ ၈ ရက်နေ့မှာ
တမ္မ၀တီကွက်သစ်၊ အမရပူရမြို့နယ်များသို့ သွားရောက်အလှူခံကြပါတယ်။
ကယ်တင်ခြင်းသည် မွန်မြတ်၏။ ကူညီခြင်းသည် နွေးထွေး၏။ စာနာခြင်းသည်
အရာရာကိုလှပစေ၏။ ဆိုတဲ့စာတမ်းလေးကို လက်ကမ်းကြော်ငြာမှာ
ထည့်သွင်းရိုက်ထားပါတယ်။ အနုပညာရှင်များ နှင့်အတူ ပြည်သူအပေါင်းမှ
ပါဝင်ကူညီနိုင်ရေးအတွက် နေ့ရောညပါ မနားမနေ မန္တလေးမြို့တစ်ခွင် လှည့်လည်
အလှူခံ ကြတာဖြစ်ပါတယ်။ ဟာသပညာဖြင့် ဖျော်ဖြေရင်း
အလှူငွေရဖို့ငိုသောမျက်လုံးကို အပြုံးဖုံးပြီး ငိုချင်သော်လည်း
ရယ်အောင်ပြုကာ ညစ်ညူးသည့်စိတ်များကို ပြေဖျောက်ပြီး အလှူငွေရဖို့
ကြိုးစားသွားကြမယ်လို့ လူရွှင်တော်တစ်ဦးမှပြောကြားပါတယ်။

နာဂစ် တစ်လပြည့် ဆုတောင်းပွဲ

နာဂစ်မုန်တိုင်းဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများနဲ့ ဒက္ခအထွေထွေ
ရောက်နေကြရသူများအတွက် ရည်စူးကာ မန္တလေးမြို့ပေါ်ရှိ
ကိုးကွယ်မှုဘာသာတရားအသီးသီးမှ ဘာသာဝင်များ စုပေါင်းပြီး
မေတ္တာပို့ဆုတောင်းခြင်းအခမ်းအနား ကို မုန်တိုင်းဒဏ်ခံရပြီး
တစ်လပြည့်သောနေ့ဖြစ်သော ဇွန်လ ၃ ရက်နေ့ ညနေ ၅ နာရီက မန္တလေးမြို့ ၈၂ လမ်း၊
၂၅ x ၂၆ လမ်းကြားရှိ ရွှေနှလုံးတော်ဘုရားရှိခိုးကျောင်းမှာ
ကျင်းပပြုလုပ်ပါတယ်။ အခမ်းအနားမှာ ကိုးကွယ်မှုဘာသာအသီးသီးမှ
ကိုယ်စားလှယ်များကို မိတ်ဆက်ပေးပြီး ဖာသာရ် မာကု ဦးတင်ဝင်းမှ
ကြိုဆိုနှုတ်ခွန်းဆက်စကား မိန့်ကြားပါတယ်။ ဆိုက်ဂလုံးမုန်တိုင်းကြောင့်
သေဆုံးသွားရသူများနှင့် လေဘေးသင့်ပြည်သူများအတွက်
ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် ၁ မိနစ်ငြိမ်ကာဆုတောင်းကြပါတယ်။
အဲဒီနောက် တက်ရောက်လာတဲ့ ကိုးကွယ်မှုဘာသာအသီးသီးမှ ကိုယ်စားလှယ်တစ်ဦးစီက
ဖယောင်းတိုင်မီးထွန်းညှိကြပါတယ်။ ဗုဒ္ဓဘာသာ၊ ရှီးယပ် အစ္စလာမ်သာသနာ၊ ဃရာနာ
အစ္စလာမ်သာသနာ၊ ဟိန္ဒူဘာသာ၊ ကက်သလစ်သာသနာနှင့် ခရစ်ယာန်အသင်းတော်များမှ
ကိုယ်စားလှယ်များနှင့် ပရိသတ်များစွာက မိမိတို့ကိုယ်ကွယ်ရာဘာသာအသီးသီးမှ
ဆုတောင်းမေတ္တာပို့သခြင်းကို ဆက်လက်ဆောင်ရွက် ကြပြီး အခမ်းအနားကို
ငြိမ်သက်စွာနဲ့ ပြီးဆုံးစေခဲ့ပါတယ်။

Monday, June 2, 2008

စိတ္တသုခပရဟိတလူငယ်များရဲ့အလှူ

စိတ္တသုခပရဟိတလူငယ်များက ပုံမှန်ခြောက်လတစ်ကြိမ်လှူဒါန်းကြဖို့
အစီအစဉ်များ ဆွဲထားကြပါတယ်။
ဒီတစ်ခေါက်အလှူအဖြစ် စဥ့်ကူးမြို့ အမှတ်(၉၁)အခြေခံပညာမူလတန်းကျောင်းမှာ
သွားရောက်လှူဒါန်းကြပါတယ်။
၈ရက်နေ့ နံနက်ပိုင်းထွက်ခွာဖို့စီစဉ်ထားပါတယ်။
ကျောင်းက ကလေးများကို စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းဖို့ စီစဉ်ထားပါတယ်။

ကျောင်းအတွက်လျှပ်စစ်မီးရရှိရေး
မီတာလျှောက်ထားခြင်း၊ မီးသွယ်ခြင်း၊ မီးတပ်ဆင်ခြင်းအတွက်
ငွေကျပ်သုံးသိန်း လှူဒါန်းပြီးဖြစ်ပါတယ်။

သွားဖို့အတွက်လိုက်ပါလိုသူများက တစ်ယောက်လျှင် ၄၅၀၀ကျပ်စီ
ခရီးစရိတ်နှင့်စားသောက်စရိတ် ကျခံရမှာဖြစ်ပါတယ်။
မည်သူမဆိုလိုက်ပါနိုင်ပါတယ်။

ခြောက်လပတ်အလှူအပြီးမှာတော့ နာဂစ်မုန်တိုင်းဒဏ်ခံရသော ဧရာဝတီတိုင်း၊
မော်လမြိုင်ကျွန်းမြို့နယ်၊ ပန်းဖူးမြစ်တန်းကျေးရွာသို့
သွားရောက်ပြီး မူလတန်းကျောင်းအဆောက်အအုံပြန်လည်ဆောက်လုပ်ပေးရန်
စီစဉ်လျက်ရှိပါတယ် . . .

ပါဝင်လှူဒါန်းကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ

လက်ဖက်ရည်ဈေးနှုန်း

အာကာမင်း လက်ဖက်ရည်ဆိုင်က ဈေးနှုန်းလေးပါ .....