၃၀-၆-၂၀၀၇
ဒီနေ့မနက်က ၁၀-တန်းအောင်စာရင်းထွက်ပါတယ် ........
အိမ်ရှေ့မှာ ခါတိုင်းထက် အသွားအလာပိုများတယ် ..... အောင်စာရင်းသွားကြည့်ကြတာလေ .....
တစ်ချို့က နှစ်ခါပြန် သုံးခါပြန်သွားကြည့်ကြတယ် .........
တစ်ချို့က လှည့်ကြွားနေတယ် ......
တစ်ချို့က အိမ်မပြန်ရဲလို့ ဆိုင်ကယ်လျှောက်စီးနေတယ် .......
ပြုံးပျော်နေကြသူတွေကြား ၀မ်းနည်းငိုကြွေးတဲ့သူတွေလည်းတွေ့ရပါတယ် ......
စာမေးပွဲအောင်တာမယုံလို့ ညီအစ်ကိုမောင်နှမတွေ တစ်လှည့်စီလိုက်ကြည့်ရတဲ့သူကိုလည်း ကြုံလိုက်ရတယ် .....
ဆိုင်ကယ်ဟွန်းသံ ဆူဆူညံညံနဲ့ လှည့်ပတ်နေကြလေရဲ့ .... အောင်သလား .... ရှုံးသလားမသိ ........
အစဉ်အလာနဲ့ကျောင်းကြီး မန္တလေး အထက(၁၆)ကတော့ ဂုဏ်ထူးတွေနဲ့ ဒီလိုအောင်ကြတယ်တဲ့ဗျာ ........
ခြောက်ဘာသာဂုဏ်ထူးရှင် - ၁၁ ယောက်
ငါးဘာသာဂုဏ်ထူးရှင် - ၁၁ ယောက်
လေးဘာသာဂုဏ်ထူးရှင် - ၂၀ ယောက်
သုံးဘာသာဂုဏ်ထူးရှင် - ၃၇ ယောက်
နှစ်ဘာသာဂုဏ်ထူးရှင် - ၂၄ ယောက်
တစ်ဘာသာဂုဏ်ထူးရှင် - ၅၀ ယောက်
စုစုပေါင်းဂုဏ်ထူးရှင် -၁၅၃ ယောက်
Saturday, June 30, 2007
၁၀-တန်းအောင်စာရင်းထွက်ပြီ
မှတ်စု ဆြာဘ at 7:38 AM 2 comments
မိုးရာသီ ကင်မရာရောင်းပွဲတော်
မှတ်စု ဆြာဘ at 7:20 AM 0 comments
Thursday, June 28, 2007
သက်ဝင်လှုပ်ရှား မီဒီယာပုံရိပ်များ
သက်ဝင်လှုပ်ရှား မီဒီယာပုံရိပ်များ ....
ဓာတ်ပုံပြပွဲတွေ ခေတ်စားနေတဲ့ ဒီဖက်ခေတ်ကြီးထဲမှာ မြန်မာမီဒီယာရဲ့ ပထမဦးဆုံးဓာတ်ပုံပြပွဲတစ်ခုဖြစ်တဲ့ သက်ဝင်လှုပ်ရှားမီဒီယာပုံရိပ်များ ဓာတ်ပုံပြပွဲဟာ တမူထူးခြားစွာ ပြသလာပါတယ် ......
ပထမဆုံး မီဒီယာသမားများဆီက ဓာတ်ပုံတွေကိုတောင်းခံပါတယ် ..... တစ်ပုံကို ၇၀၀-ကျပ်နှုန်းနဲ့ ပြန်လည်ချီးမြှင့်ပေးပါတယ် ..... တင်သွင်းလာတဲ့ပုံတွေထဲကနေ ပြိုင်ပွဲတစ်ရပ်ကျင်းပပြီး ဆုတွေချီးမြှင့်ပါတယ် .....
ဆုရဓာတ်ပုံတွေနဲ့အတူ ဓာတ်ပုံပြပွဲကို ၂၉-၆-၂၀၀၇ ကနေ ၁-၇-၂၀၀၇ ထိ ရတနာပုံဈေး အပေါ်ဆုံးထပ်က SUN STAR Gallery မှာ ပြသသွားမှာဖြစ်ပါတယ် ......
မှတ်စု ဆြာဘ at 8:04 AM 0 comments
Monday, June 25, 2007
ဝိုင်းရိုက်ကြပြန်ပြီ ........
(၂၄-၆-၂၀၀၇)ရက်နေ့ မနေ့က သရုပ်ဆောင်မော်ဒယ် - ခိုင်ပွင့် ကို သရုပ်ဆောင်ခိုင်းပြီး ဓာတ်ပုံဆရာ ၅၂-ယောက်က ၀ိုင်းရိုက်ကြပါတယ် ...... မန္တလေးဓာတ်ပုံအသင်းက ကြီးမှူးကျင်းပတာပါ ..... အသင်းရဲ့ ပုံမှန် လစဉ်ပြိုင်ပွဲလို့ ကြေငြာထားပေမယ့် အထူးအစီအစဉ်ဆိုပြီး ငွေကြေးဆုတွေ ကြေငြာလာပြန်ပါတယ် ......
ဒီရက်ပိုင်း မော်ဒယ်တွေနဲ့ ဓာတ်ပုံဆရာတွေ တော်တော်လေး လှုပ်ရှားနေကြတယ် .... ဓာတ်ပုံဆရာတွေက ၀ါတွင်းကာလ အလုပ်ပါးလေတော့ ရိုက်စရာမရှိ ကြံဖန်ပြီး မော်ဒယ်တွေကို ခေါ်ပြီး ရိုက်ကြတယ် ...... အလကားရိုက်ရတယ်လို့တော့ မထင်နဲ့ .... ရိုက်ချင်တဲ့ ဓာတ်ပုံဆရာတစ်ယောက်ကို ၃၀၀၀-ကျပ်ကောက်ခံပါတယ် ....... မော်ဒယ်ကို မော်ဒယ်ကြေးပေးရတယ် .....
ဒီတစ်ခေါက် ခေါ်ရိုက်တဲ့ မော်ဒယ်- ခိုင်ပွင့် ကို သရုပ်ဆောင်ကြေး တစ်သိန်းပေးရတယ်တဲ့ဗျာ ......... ခရီးစရိတ်၊ စားစရိတ်တွေလည်းကူညီထောက်ပံ့ပေးရသေးတယ်လို့ သိရပါတယ် ..... မော်ဒယ်ခေါ်ဖို့အတွက် ရီမြင့်-ရုပ်ရှင်ထုတ်လုပ်ရေးက ကူညီပေးတယ်လို့သိရပါတယ် ......
ဓာတ်ပုံအသင်းက ခေါ်ရိုက်ရင် ဘယ်လောက်ပဲ နာမည်ကြီးနေပါစေ .... မေတ္တာနဲ့ လာရောက် သရုပ်ဆောင်ပေးလေ့ရှိပါတယ် ..... အဲဒီလို အစဉ်အလာလည်း ရှိပါတယ် ...... ဓာတ်ပုံဆရာနဲ့ မော်ဒယ်ဆိုတာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလိုပါပဲ .... တစ်ဦးနဲ့တစ်ဦး ငွေကြေးအမြတ်အစွန်းမပါခဲ့ရင် မေတ္တာစေတနာဆိုတာ ရှိကြစမြဲပါ ..... အခုတော့ ခေတ်ရေစီးကြောင်းပြောင်းသွားပြီ ...... မေတ္တာ စေတနာဆိုတာကို ငွေကြေးနဲ့ လဲလှယ်ခဲ့ကြပြီ ....... ပရောဖက်ရှင်နယ်ဆိုတာလားပဲ .................
မှတ်ချက် ။ ။ မန္တလေးဓာတ်ပုံအသင်းဆိုတာ ၀ါသနာရှင်တွေ စုစည်းထားပြီး ပညာဖလှယ်ရေး၊ မိတ်ဆွေတိုးပွားရေး၊ ပညာပြန့်ပွားရေးဆိုတဲ့ ရည်ရွယ်ချက်တွေ ဖွဲ့စည်းထားတာဖြစ်ပြီး ငွေကြေးအမြတ်အစွန်းရဖို့ တည်ထောင်ထားတဲ့ အသင်းမဟုတ်ပါဘူး .......








မှတ်စု ဆြာဘ at 7:55 AM 0 comments
Friday, June 22, 2007
ရန်ကုန်က မန္တလေးဓာတ်ပုံပြပွဲ
ရန်ကုန်က မန္တလေးအသင်းက ကြီးမှူးကျင်းပတဲ့ မန္တလေးသားများရဲ့ မန္တလေးရှုခင်းဓာတ်ပုံပြပွဲကို ရတနာပုံခန်းမမှာ ၂၄-၆-၂၀၀၇ ကနေ ၃၀-၆-၂၀၀၇ ရက်နေ့ထိ ပြသသွားမှာ ဖြစ်ပါတယ် ....



မှတ်စု ဆြာဘ at 7:58 AM 0 comments
မော်ဒယ်ဓာတ်ပုံရိုက်ကူးကြ ...
မန္တလေးဓာတ်ပုံအသင်းရဲ့ ငွေကျပ်(၂၀၀၀)ပေးသွင်း ယှဉ်ပြိုင်ရတဲ့ အထူးဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲ အဖြစ် မော်ဒယ်-ဆုမွန်ထက်ရဲ့ သရုပ်ဆောင်ချက်တွေကို မန္တလေးကန်တော်ကြီးက Lake View စားသောက်ဆိုင်မှာ ရိုက်ကူးကြတဲ့ ပုံရိပ်တစ်ချို့ပါ ........



မှတ်စု ဆြာဘ at 7:31 AM 1 comments
Thursday, June 21, 2007
အေးရိပ်မွန်
အေးရိပ်မွန်-အမျိုးသမီးလေးများစောင့်ရှောက်ရေးကျောင်းရဲ့ ကွန်ပျူတာသင်တန်းလေးတစ်ခုကို ဇွန်လထဲမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ် ...... မိဘမဲ့၊ ခိုကိုးရာမဲ့၊ မိမဲ့၊ ဖမဲ့ အမျိုးသမီးလေးတွေကို စောင့်ရှောက်ပေးထားတဲ့ကျောင်းပါ ..... ကျောင်းသူ (၁၅၀)ကျော်ကို ကျွေးမွေးပြုစုထားပါတယ် .....
မှတ်စု ဆြာဘ at 7:42 AM 0 comments
Wednesday, June 20, 2007
စံချိန်တင်တဲ့မိုး




မန္တလေးမှာ မိုးတွေတော်တော်ကြီးရွာတဲ့နေ့ကပေါ့ ...
မှတ်မှတ်ရရ ၁၃-၆-၂၀၀၇ ...
မိုးစရွာတဲ့အချိန်က မနက်(၁၀)နာရီ .....
မိုးကအဆက်မပြတ်ရွာလိုက်တာ ညနေပိုင်းအထိပဲ .....
ရေတော်တော်ပါတယ် .........
နေ့လယ်လောက်မှာ ကျွန်တော်နေတဲ့အိမ်ထဲကို ရေတွေဝင်ပါလေရော .....
တစ်ပေကျော်တယ် .......
နောက်နေ့သတင်းစာကြည့်တော့မှပဲ ဇွန်လအတွင်းမိုးရွာတဲ့စံချိန် အမြင့်ဆုံးပါတဲ့ ....
မိုးရေချိန် (၁၀)လက်မစံချိန်တင်ထားတာတဲ့ ...
၁၉၆၅-ခုနှစ်လောက်က အမြင့်ဆုံးစံချိန် (၆)လက်မနီးပါးကို ကျော်ခဲ့တဲ့ မိုးရေချိန်စံချိန်ကတော့ စံပါပဲ .....
မှတ်စု ဆြာဘ at 7:51 AM 0 comments
မော်ဒယ်နဲ့ပြိုင်ကြရမယ့်အထူးဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲ
မန္တလေးဓာတ်ပုံအသင်းရဲ့ အထူးဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲ ကျင်းပဖို့ ဖိတ်ခေါ်ထားတာတွေ့ရပါတယ်။
သရုပ်ဆောင်-ဆုမွန်ထက် က အလှမယ်အဖြစ်ပါဝင်ရိုက်ကူးခံမယ့်ပွဲပါ။ မန္တလေးကန်တော်ကြီး LakeView မှာ မည်သူမဆိုပါဝင်ရိုက်ကူး ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ ရိုက်ကူးမယ့်ရက်နဲ့ အချိန်ကတော့ ၂၁-၆-၂၀၀၇ (ကြာသပတေးနေ့) နံနက်(၈း၃၀)နာရီ ဖြစ်ပါတယ်။ ငွေကျပ်(၂၀၀၀)ပေးသွင်းရိုက်ကူးရမယ်ဆိုတာတော့ အသိပေးပါရစေ။
ပြိုင်ပွဲဝင်ဓာတ်ပုံများကိုတော့ ၂၇-၆-၂၀၀၇ နေ့(၁)နာရီအရောက် ဓာတ်ပုံအသင်းတိုက်ကို ပေးပို့ရမှာဖြစ်ပါတယ်။ အကဲဖြတ်(၇)ဦးနဲ့ရွေးချယ်မယ့်ပွဲဖြစ်ပါတယ်။
ဆုကြေးငွေများအဖြစ် ပထမ-တစ်သိန်းခွဲ၊ ဒုတိယ-တစ်သိန်း၊ တတိယ-ငါးသောင်းနဲ့ နှစ်သိမ့်(၃)ဆု-သုံးသောင်းစီကို Lake View စားသောက်ဆိုင်က ချီးမြှင့်မယ့် အထူးဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲ ဖြစ်ပါတယ်။
ဆုရဓာတ်ပုံများကိုတော့ Lake View စားသောက်ဆိုင်က ကြိုက်သလို ကြိုက်တဲ့နေရာမှာ အသုံးပြုခွင့်ပေးရမယ်ဆိုတာတော့ စည်းကမ်းချက်ထဲမှာ ပါဝင်တယ်ဆိုတာတော့ သိထားရပါမယ်။
မှတ်စု ဆြာဘ at 7:40 AM 0 comments
Monday, June 18, 2007
ပလော့နဲ့ဝေးတဲ့ရက်တွေ
မှတ်စုလေးတွေ နေ့တိုင်းရေးမယ်လို့ဆိုပြီး ပလော့တစ်ခု ဖန်တီးခဲ့ပါတယ် .....
မရေးနိုင်တာ တစ်လလောက်ရှိတော့မယ် .......
စပြီး မရေးဖြစ်တာက လမ်းထိပ်က ထရန်စဖော်မာ “၀ုန်း”ကနဲ့ ဖြစ်ပြီး ကထဲကလို့ ပြောရတော့မှာပဲ ....
နှစ်ပတ်လောက် လျှပ်စစ်မီးနဲ့ ဝေးခဲ့ရတယ် ....
မီးစက်သုံးပြန်တော့လည်း အင်တာနက်ကို မသုံးဖြစ် ......
အင်တာနက်သုံးမယ်ဆိုပြန်တော့လည်း စပီ့က နှေး .....
ဒီလိုနဲ့ပဲ အင်တာနက်နဲ့ ဝေးခဲ့ရတယ် ......
ပလော့နဲ့ ဝေးခဲ့ရတယ် .........
မှတ်စု ဆြာဘ at 7:08 PM 0 comments
Saturday, June 2, 2007
သရဲခြောက်သောအိမ်ကြီး
သရဲခြောက်သောအိမ်ကြီးတဲ့ .........
78 Shopping Mall မှာ ရှိတာပါ .....
မနေ့ညက 78 Shopping Mall ကိုတစ်ခေါက်အလည်ရောက်ပြန်တယ် .....
နွေရာသီရဲ့ အပူဒဏ်ကို ခဏတာ အေးမြစေတဲ့ နေရာလေးတစ်ခုပါပဲ .....
ဈေးဝယ်တဲ့သူတွေအများအပြားရှိသလိုပဲ ကျွန်တော့်လို အပူဒဏ်က ခဏကင်းလွတ်ဖို့အတွက် လာတဲ့သူတွေလည်း အများအပြားပဲ ......
ဒီတစ်ခေါက်ရောက်တဲ့အချိန်မှာတော့ Happy World ကလေးအားကစားကွင်းတစ်ချို့ကို ဖွင့်ထားတာ တွေ့ရပါတယ် ......
ဖွင့်ပွဲမတိုင်မီ စမ်းသပ်ဖွင့်လှစ်ထားတာပါတဲ့ .......
သရဲခြောက်သောအိမ်ကြီးကို စတင်စမ်းသပ်ဖွင့်လှစ်ထားပါပြီ ....
ဝင်ကြေး တစ်ယောက်ကို (၅၀၀)ကျပ်နှုံး ကောက်ခံပါတယ် ........
သရဲခြောက်သောအိမ်ကြီးထဲကို ၀င်ပြီး ပြန်အထွက်မှာတော့ သရဲခြောက်သောအိမ်ကြီးနဲ့ပတ်သက်တဲ့ Survey တစ်ခုကို လုပ်ပါတယ် ......
ပျော်ရဲ့လား၊ ကြောက်ရဲ့လား၊ စိတ်လှုပ်ရှားဖို့ကောင်းလား၊ မှောင်လွန်းလား၊ အသံကကြောက်ဖို့ကောင်းလား အစရှိတဲ့ မေးခွန်း (၁၀)ခုကို ဖြေခိုင်းပါတယ် ..... နောက်ပြီး ဖြစ်စေချင်တဲ့ဆန္ဒကို ရေးခိုင်းပါတယ် ..........
Happy World ကလေးအားကစားကွင်းကိုတော့ ၅-၆-၂၀၀၇ မှာ စတင်ဖွင့်လှစ်မှာ ဖြစ်ကြောင်းသိရပါတယ် .....
---
မှတ်စု ဆြာဘ at 8:49 AM 0 comments
Friday, June 1, 2007
ကျောင်းဖွင့်ပြီ .....
ကျောင်းတွေဖွင့်ပါပြီ ...... နွေရာသီကျောင်းပိတ်ရက်တွေ ကုန်ဆုံးသွားပြီး ၂၀၀၇-၂၀၀၈ ပညာသင်နှစ်ရဲ့ နှစ်သစ်အစ ကျောင်းဖွင့်ရက်ကို ရောက်ပြန်ပါပြီ ...........
နှစ်စဉ် ဇွန်လ(၁)ရက်နေ့ဟာ `အပြည်ပြည်ဆိုင်ရာကလေးများနေ့´ ကို ကျင်းပလေ့ရှိပါတယ် ........
ကျွန်တော်တို့ဆီမှာလည်း ဒီနေ့ ကျောင်းတွေ စဖွင့်ပါတယ် .............
ကျောင်းစဖွင့်တဲ့ရက်မြင်ကွင်းလေးကို မနက်အစောကြီးကထဲက တွေ့ရပါတယ် ..... ကျောင်းပုံမှန်တက်ချိန်ဟာ မနက်(၉)နာရီက ညနေ(၃း၃၀)နာရီပါ ....... ဒီနေ့မနက်(၆)နာရီလောက်ကထဲက အဖြူအစိမ်း ၀တ်စုံလေးတွေနဲ့ တွေ့နေရပါပြီ ..... စာရေးကိရိယာဆိုင်တွေမှာလည်း စည်ကားနေပါတယ် ..... မနက်စာစားသောက်နေကြတာကိုလည်း တွေ့ရပါတယ် .....
ကျောင်းဝတ်စုံအသစ်လေးတွေနဲ့ ပြုံးပျော်နေကြပြီး ကျောင်းတက်ချိန်မတိုင်ခင် စောစီးစွာ ကျောင်းကို ၀ိရိယရှိရှိသွားနေကြပါတယ် ..... ဘာအတွက်လဲ ????
ခုံဦးရမယ်တဲ့လေ ..........
((( အဖြူအစိမ်းဝတ်ကျောင်းသားဘ၀ကို သတိရလျှက် )))
မှတ်စု ဆြာဘ at 8:20 AM 1 comments

